၂၀၁၉ ခုနှစ်အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အီတလီ အထည်အလိပ်ထုတ်လုပ်သူများအသင်း
(ACIMIT) မှ ရေးဆွဲသည့် ပြည်ပကြိုတင် မှာယူစာ စာရင်း သည် ၂၀၁၈ ခုနှစ်နှိုင်းယှဉ် လျှင် ၈ ရာခိုင်နှုန်းဆင်းခဲ့သည်။
အဆိုပါပြည်ပ ကြိုတင်မှာယူစာ မှတ်တမ်းတင်ထား ပြီး အညွှန်းကိန်း၏ တန်ဖိုးသည် ၈၉.၄ ဖြစ်သည်။
တစ်ဖက်မှာလည်း ပြည်တွင်းကြိုတင် မှာယူစာ များကို ကောက်ခံကြည့်ရာ ၂၀၁၈ ခုနှစ်နောက်ဆုံးလ နှင့်နှိုင်းယှဉ်လျှင်
ယခုနှစ်တွင် ၇ ရာခိုင်နှုန်းသာ ရှိသည်။ အညွှန်းကိန်းသည် ၁၃၈.၁ ဖြစ်သည်။
ထိုကဲ့သို့ သော အခက်အခဲများနှင့် ယှဉ်ဆိုင်ခဲ့ရသော အီတလီ အထည်အလိပ်ပစ္စည်း ကဏ္ဍသည် ၂၀၂၀
ပြည့်နှစ်တွင် လည်း စိုးရိမ်စရာ အချို့ရှိပေသည်။ လက်ရှိနှစ်အတွင် စီးပွားရေး နှင့် နိုင်ငံရေး အခြေအနေများကို
သေသေချာချာ မသိရှိရသေးသည့် အချက်များစွာရှိပေသည်။ အဓိကဈေးကွက်ဖြစ်သော တရုတ် ၊ အိန္ဒိယ နှင့် တူရကီ
တို့တွင် အထည်အလိပ် ဝယ်လိုအားပြန်လည်မြှင့်တက် လာခြင်းကို မမြင်ရသေးပေ။
ACIMIT ၏ ဥက္ကဌ Alessandro Zucchi ၏ သတင်းထုတ်ပြန်ချက်အရ “ကျွန်ုပ်တို့၏ စက်ပစ္စည်းထုတ်လုပ်သူများသည်
ရေရှည်တည်တံ့ခိုင်မြဲစေရန် နှင့် ထုတ်လုပ်မှုဖြစ်စဉ်များကို ဒီဂျစ်တယ်ပြုလုပ်ရန် တောင်းဆိုထားသည့် အခွင့်အလမ်းများကို
ရယူရန် အဆင်သင့် ရှိရန်လိုအပ်သည်” ဟုသိရသည်။
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ၇၆၃ ခုကိုရှာရန်နှိပ်ပါ။
<<< Zawgyi ျဖင့္ဖတ္ရန္ >>>
၂၀၁၉ ခုႏွစ္ေအာက္တိုဘာလမွ ဒီဇင္ဘာလအထိ အီတလီ အထည္အလိပ္ထုတ္လုပ္သူမ်ားအသင္း
(ACIMIT) မွ ေရးဆြဲသည့္ ျပည္ပႀကိဳတင္ မွာယူစာ စာရင္း သည္ ၂၀၁၈ ခုႏွစ္ႏႈိင္းယွဥ္ လွ်င္ ၈ ရာခိုင္နႈန္းဆင္းခဲ့သည္။
အဆိုပါျပည္ပ ႀကိဳတင္မွာယူစာ မွတ္တမ္းတင္ထား ၿပီး အၫႊန္းကိန္း၏ တန္ဖိုးသည္ ၈၉.၄ ျဖစ္သည္။
တစ္ဖက္မွာလည္း ျပည္တြင္းႀကိဳတင္ မွာယူစာ မ်ားကို ေကာက္ခံၾကည့္ရာ ၂၀၁၈ ခုႏွစ္ေနာက္ဆံုးလ ႏွင့္ႏႈိင္းယွဥ္လွ်င္
ယခုႏွစ္တြင္ ၇ ရာခိုင္ႏႈန္းသာ ရွိသည္။ အၫႊန္းကိန္းသည္ ၁၃၈.၁ ျဖစ္သည္။
ထိုကဲ့သို႔ ေသာ အခက္အခဲမ်ားႏွင့္ ယွဥ္ဆိုင္ခဲ့ရေသာ အီတလီ အထည္အလိပ္ပစၥည္း က႑သည္ ၂၀၂၀
ျပည့္ႏွစ္တြင္ လည္း စိုးရိမ္စရာ အခ်ိဳ႕ရွိေပသည္။ လက္ရွိႏွစ္အတြင္ စီးပြားေရး ႏွင့္ ႏိုင္ငံေရး အေျခအေနမ်ားကို
ေသေသခ်ာခ်ာ မသိရွိရေသးသည့္ အခ်က္မ်ားစြာရွိေပသည္။ အဓိကေစ်းကြက္ျဖစ္ေသာ တ႐ုတ္ ၊ အိႏၵိယ ႏွင့္ တူရကီ
တို႔တြင္ အထည္အလိပ္ ဝယ္လိုအားျပန္လည္ႁမွင့္တက္ လာျခင္းကို မျမင္ရေသးေပ။
ACIMIT ၏ ဥကၠဌ Alessandro Zucchi ၏ သတင္းထုတ္ျပန္ခ်က္အရ “ကၽြႏ္ုပ္တို႔၏ စက္ပစၥည္းထုတ္လုပ္သူမ်ားသည္
ေရရွည္တည္တံ့ခိုင္ၿမဲေစရန္ ႏွင့္ ထုတ္လုပ္မႈျဖစ္စဥ္မ်ားကို ဒီဂ်စ္တယ္ျပဳလုပ္ရန္ ေတာင္းဆိုထားသည့္ အခြင့္အလမ္းမ်ားကို
ရယူရန္ အဆင္သင့္ ရွိရန္လိုအပ္သည္” ဟုသိရသည္။
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ၇၆၃ ခုကိုရှာရန်နှိပ်ပါ။
Myanmar Textile and Garment Directory