What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်ယုံးယုံးနှင့်အင်တာဗျူး

မိခင်ရဲ့ သင်ကြားမှုတွေနဲ့ ကျောင်းအပြီးမှာ အချုပ်အလုပ်ကို ၀ါသနာပါခဲ့ သူက

ဒီဇိုင်နာ ယုံးယုံးပါ။ ဒီဇိုင်နာယုံးယုံးကို သူဒီဇိုင်း လုပ်ကိုင်နေမှုများနဲ့ ပတ်သတ်ပြီးမေးမြန်းဖြစ်ခဲ့တာကတော့.....

-ဒီဇိုင်နာလောကထဲဝင်ရောက်လာချိန်။

အမ စပြီး ဒီဇိုင်းအလုပ်ကို ၀ါသနာပါပြီးလုပ်ဖြစ်သွားတာက ၁၉၉၇နှစ် ၁၀တန်းအောင်ပြီးထဲက ပေါ့။တကယ်စင်ပေါ်တွေမှာပြဖြစ်တာကတော့၂၀၀၄ကစပြီးဒီဘက်နှစ်တွေထိစပြီးပြဖြစ်တယ်။

-ဒီဇိုင်နာ အလုပ်ကို ဘာကြောင့်ရွေးချယ်ဖြစ်သွားတာလဲ။

အမ အမေကဒီစက်ချုပ်ပညာသင်ပေးရင်းကနေ လုပ်ဖြစ်သွားတယ်။အမ သင်တန်းတက်ခဲ့တယ်ဆိုတာ အရမ်းနည်းတယ်။ အမေသင်ပေးတယ်။ အမတို့ က တရုတ်တွေဆိုတော့ ကိုယ်တိုင်ချုပ်ဝတ်ကြတာများတယ်။ သေးသေးကနေကြီးကြီးထိချုပ်ကြတယ်။အပြင်မှာချုပ်တာနည်းတဲ့ အခါကျတော့ အမတို့က အဲ့တာနဲ့ နည်းစပ်တယ်ပေါ့။တဖြည်းဖြည်းနဲ့ ၂၀၀၀ပတ်ဝန်းကျင်လောက်မှာ ဒီဇိုင်း ကပ်တလောက်တွေကိုကြည့်ပြီးကိုယ့် မြန်မာစဉ်တွေကိုလဲ ချုပ်လို့ရတာဘဲဆိုပြီးလုပ်ဖြစ်ခဲ့တယ်။ပြီးတော့ ဒီအလုပ်လုပ်တာပင်ပန်းတယ်၊တော်တော်ကြီးကို အပင်ပန်းခံနိုင်င်္ပြီးဓူပေဓါပေခံမှရတာ ဆိုတော့ သူ့ပါရမီပါမှ အဆင်ပြေမှာ။ဒီအလုပ်ကို တစိုက်မတ်မတ်ရေရှည်လဲလုပ်မှရပ်တည်လို့ရတာဆိုတော့ ပါရမီပါတယ်လို့ဘဲပြောရမှာပေါ့။

1233991 581349378594535 2107987721 n

-အခက်အခဲတွေကိုဘယ်လိုဖြတ်ကျော်လာခဲ့လဲ။

အမ ဒီအလုပ်ကို စလုပ်တာက၀ါသနာပါလို့လုပ်တာရယ်၊အိမ်မှာနေပီးဘယ်မှသွားစရာမလိုလို့ အသက်မွေးဝမ်းကြောင်းတခုအနေနဲ့ လုပ်ပြီးတော့ ဒီအလုပ်ကို ၀ါသနာပါလို့ လုပ်တာ။ပေါက်ရမယ်တို့ စင်ပေါ်တက်ရမယ်တို့ဆိုတဲ့ စိတ်ကတော့မရှိဘူး၊ဒါပေမယ့် အဲ့ ၀တ်စုံတွေကို စင်ပေါ်မှာမြင်နေရင် တအားဝမ်းသာနေတာလေ၊ကိုယ့်ကိုစုံတွေ ကို နာမည်ကျော် မင်းသမီးတွေဝတ်တဲ့ အချိန်တွေဆို ကိုယ.့်ကို ကိုယ်ကျေနပ်တာတွေရှိတယ်။ဒါပေမယ့် ဒါက်ုပေါက်အောင်လုပ်ဖို့ ဆိုတာ အဲ့ ခေတ်ကမရှိဘူး။အခုမှာတော့ အမတို့ရပ်တည်ဖို့အတွက် တော်တော်ကြိုးစားရပါတယ်။

-မြန်မာအမျိုးသမီးလေးတွေ ဒီဒီဇိုင်းပညာတွေ တက်သင့်တယ်လို့ထင်ပါလား။

Ready made၀ယ်ဝတ်တဲ့ သူတို့ဆိုရင် ကိုယ်နဲ့ မသင့်တော်တာမျိုးတွေရှိတတ်တယ်၊ထုတ်လိုက်pattern နဲ့ ကိုယ့်ရဲ့ ဘော်ဒီနဲ့ က အဆင်ပြေချင်မှပြေတာ လေ အဲ့ အင်္ကျီကို ကျဉ်းရမယ်ကျယ်ရမယ်တိုရမယ်ရှည်ရမယ်၊ဘယ်နားမှာ တွန့်လိုက်ရမယ် ၊ဘယ်နားမှာခေါက်လိုက်ရမယ်ဆိုတာတွေအများကြီးရှိတယ်။အဲ့ တာမျိုးတွေ ကိုမိန်းကလေးတယောက်နေနဲ့ လုပ်တတ်ဖို့ဆိုတာတက်ကို တက်သင့်တယ်။အဲ့ အတွက် မိန်းကလေးတိုင်း ဒီပညာကို အကုန်လုံး မတက်ရင်တောင် အခြေခံတော့တက်ထားသင့်ပါတယ်။

26993782 1787723514592509 1933663114297076200 n

 

-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ ဘာလိုအပ်မယ်ထင်လဲ။

အခြေခံပါရမီပါရမယ်။နည်းနည်းဓူပေဓါပေခံနိုင်ရမယ်။ကျန်တာကတော့ကိုယ့်ရဲ့ ကြိုးစားမှုပေါ်မှာဘဲမူတည်ပါတယ်။

-ဒီဇိုင်းတွေနဲ့ ပတ်သတ်ပြီးဘယ်လိုတွေလေ့လာဖြစ်လဲ။

ခုနောက်ပိုင်းက ဖက်ရှင် ရေစီးကြောင်းပြောင်းလဲပြန်တာကို ချက်ချင်းသိရတယ်။ ခုနောက်ပိုင်းပင်ထရက်ကနေလေံလာတယ်။ အဲ့ လိုလေ့လာပြီးကိုယ့်မှာရှိတဲ့ ပညာလေးနဲ့ ပြန့်ပွါးသွားအောင်လုပ်ဖို့ အမလေ့လာဖြစ်တယ်။

-ဒီဇိုင်နာတွေ ကိုယ်တိုင်ချုပ်တဲ့ brand လေးတွေ ထုတ်လာကျတယ် အမရောအဲ့လိုထုတ်ဖို့ရှိပါလား။

အမ အဲ့ လို လုပ်ဖို့ စိတ်ကူးရှိတယ်။ ဒါပေမယ့် အမ အိမ်မှာ အထည်တွေ နဲ့ မနိုင်တာရော အမပညာတွေသင်ယူဖို့ လိုနေသေးတယ်ထင်လို့ မထုတ်ဖြစ်သေးတာပါ။အမ အချိန်ပေးနိုင်ရင်တော့ လုပ်ဖြစ်မှာပါ။

11229781 923104387747751 4048209649731946640 n

-မျိုးဆက်သစ်ဒီဇိုင်နာတွေ အတွက် အကြံပေးစကားလေးပြောပေးပါဦး။

ခုခေတ်ကလေးတွေကအများကြီးလေ့လာခွင့်တွေလဲရနေကြပီ။ကောင်းတဲ့ အတွေးအမြင်တွေ ကောင်းတဲ ယှဉ်ပြိုင်မှုတွေနဲ့ နာမည်ကောင်းရအောင်ကြိုးစားနိုင်ကြပါစေ။ 

Read 6950 times
Rate this item
(1 Vote)