What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘောင်းဘီတစ်ထည် စက္ကန့် ၉၀

ဂျင်းဘောင်းဘီတို့ရဲ့ ဘုရင် Levi Strauss က တစ်နှစ်ကို ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီ စတဲ့ ဂျင်းထည်တွေ ခုရေ သန်းပေါင်း ၁၅၀ ရောင်းချလျက် ရှိပါတယ်။


ဂျင်းထည်တွေကို အသစ်အတိုင်း ရောင်းတာရှိသလို အဟောင်းအနွမ်း စတိုင်လ်ထုတ်ဖို့ တစ်ပတ်နွမ်းအောင် လုပ်ပြီးမှ ရောင်းချတာလည်း ရှိတယ်။

အဲဒီလို ဟောင်းနေတယ်လို့ ဖြစ်အောင် လုပ်တဲ့အခါ ဂျင်းထည်ကို ထုတာ၊ သဲပွင့်တွေနဲ့ ပွန်းအောင် လုပ်တာ၊ အပူပေးပြီး ဖုတ်တာတွေလုပ်ပြီး စတိုင်လ်တွေ အမျိုးမျိုး ထုတ်ပေးကြတယ်။

အဲဒီအလုပ်တွေကို လေဆာရောင်ခြည်သုံး စက်လက်တံတွေနဲ့ ဂျင်းထည်ကို တစ်ပတ်နွမ်းအောင် လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ အပြည့်အ၀ စတင်သုံးစွဲမှာဖြစ်ပြီး လူအားဖြင့် လုပ်ကိုင်နေတာတွေ အဆုံးသတ်သွားတော့မှာ ဖြစ်ပါတယ်။
အခုလို စက်တွေသုံးတော့ လေလွင့်တာ လျော့နည်းတယ်။ စရိတ်စက သက်သာတယ်။ ပိုမိုမြန်ဆန်တယ်။

ဒီဇိုင်းကနေ ထုတ်လုပ်ပြီးစီးတဲ့အထိ ကြာချိန်က ယခုအခါ တစ်နှစ်ကျော် ကြာမြင့်နေတာ ကြာလွန်းနေတယ်။ ဖက်ရှင်ရေစီးကြောင်းကို အမီမလိုက်နိုင်ဘူး ဖြစ်နေတယ်။


အများပိုင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်တဲ့ Levi Strauss ဟာ ယခုအခါ သက်တမ်း ၁၃၅ နှစ် ရှိပါပြီ။

အမေရိကန်နိုင်ငံ စန်ထရန်စစ္စကိုမြို့မှာ အခြေစိုက်ထားပါတယ်။
လက်ရှိ အမှုဆောင်အရာရှိချုပ် ချစ်ပ်ဘာ့Chip Berghဟာ ယခင်က Procter & Gamble မှာ အဆင့်မြင့်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး

၂၀၁၁ ခုနှစ်မှာ Levi Strauss ရဲ့ စီအီးအို အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။

အပြောင်းအလဲတွေ အများကြီး သူလုပ်ကိုင်ပြီး ရောင်းအားကျဆင်းနေတဲ့ Levi Strauss ကို ပြန်ဦးမော့လာအောင် လုပ်နေတာမှာ ခေတ်မီရေးကိုလည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

fast-fashion လုပ်ငန်းကြီးတွေဖြစ်တဲ့ Zara နဲ့ H&M တို့က အပြင်းအထန် ပြိုင်ဆိုင်တာကို Levi Strauss ရင်ဆိုင်နေပြီး

ဖိအားကျရောက်နေပါတာကြောင့် အဲဒီလုပ်ငန်းကြီးများနည်းတူ ဒီဇိုင်းထုတ်ချိန်မှာ လက်လီအရောင်းဆိုင် စင်ပေါ်ရောက်ရှိချိန် ကြားကာလ တိုတောင်းအောင်

ခေတ်မီနည်းလမ်းများ အကုန်အကျခံ ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။
Levi Strauss ဟာ ၂၀၁၇ ခုနှစ်မှာ အရောင်းပမာဏ ကန်ဒေါ်လာ ၄.၉ ဘီလျံ ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ထက် ၈% တိုးခဲ့တာ ဖြစ်ပေမဲ့

အမြတ်ကတော့ ၂၀၁၆ ခုနှစ်ထက် ၃% လျော့ကျခဲ့ပြီး ကန်ဒေါ်လာ ၂၁၈ သာ ရရှိခဲ့တယ်။

အခုလို လေဆာနဲ့ ဂျင်းထည်သားနဲ့ ဆေးရောင်တို့ကို လောင်ကျွမ်းစေပြီး အဟောင်းအနွမ်း ဖြစ်အောင် ပြုပေးတာမှာ

လိုချင်သလို ပုံဖော်လို့ ရတဲ့အပြင် မြန်ဆန်ပါတယ်။ ဘောင်းဘီတစ်ထည်ကို စက္ကန့် ၉၀ သာ ကြာတယ်။

လူရဲ့ လက်တွေနဲ့ လုပ်ကိုင်တာ ၆ ကနေ ၈ မိနစ်အထိ ကြာတယ်။
‘‘အဲဒါဟာ ဂျင်းထုတ်လုပ်မှုရဲ့ အနာဂတ်ပဲ’’ လို့ ချစ်ပ်ဘာ့က မှတ်ချက်ချပါတယ်။

 

Levi Strauss ရဲ့ စီအီးအို မစ္စတာဘာ့သ် အကြောင်း ဆောင်းပါးဖတ်ရှုရန်လင့်ခ်

Levi’s ပဲ့ကိုင် မစ္စတာဘာ့သ်

http://www.textiledirectory.com.mm/articles/item/726-levi-strauss-mr-bergh.html

Read 1041 times
Rate this item
(0 votes)