What's new

×

Warning

JUser: :_load: Unable to load user with ID: 845


NTU Faisalabad တွင် အီတလီ-ပါကစ္စတန် အထည်အလိပ်နည်းပညာစင်တာ စတင်ဖွင့်လှစ်

ပြီးခဲ့သည့်လက Faisalabad ရှိ National Textile University (NTU) တွင် အီတလီ - ပါကစ္စတန် အထည်အလိပ်နည်းပညာစင်တာ (IPTTC) ကို စတင်ဖွင့်လှစ်ခဲ့တယ်။ ပါကစ္စတန်ရှိ အီတလီအထည်အလိပ်စက်ပစ္စည်းနည်းပညာအတွက် ပထမဆုံးသော ထိုသင်တန်းစင်တာကို ပါကစ္စတန်ရှိ အီတလီသံအမတ် Andreas Ferrarese နှင့် Crescent Bahuman လီမိတက်၏ အမှုဆောင်အရာရှိချုပ် Rizwan Shafi က ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်။

 

အီတလီမှငွေကြေးထောက်ပံ့သော စီမံကိန်းသည် ပြည်တွင်းအထည်အလိပ်လုပ်ငန်းဖွံ့ဖြိုးမှုအတွက် နည်းပညာဆိုင်ရာစင်တာအား ပံ့ပိုးရန် ရည်ရွယ်ထားပြီး အီတလီစက်ယန္တရားများ တပ်ဆင်ထားခြင်းဖြင့် သုတေသနနှင့်ဆန်းသစ်တီထွင်မှုများမှတဆင့် ပြည်တွင်းလုပ်ငန်းကို ထုတ်ကုန်များ၏အရည်အသွေးတိုးတက်စေဖို့ အထောက်အကူပြုရန် ရည်ရွယ်သည်ဟု တက္ကသိုလ်မှသတင်းထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။ စီမံကိန်း၏လုပ်ဖော်ကိုင်ဖက်ဖြစ်သော အီတလီအထည်အလိပ်စက်ပစ္စည်းထုတ်လုပ်သူများအသင်း (ACIMIT) ၏ဥက္ကဌ Alessandro Zucchi သည်လည်း ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပါဝင်ခဲ့ပါတယ်။

 

တပ်ဆင်ထားသော စက်များကို Brongo, Tonello နှင့် Triveneta Grandi Impianti မှထောက်ပံ့ပေးတာ ဖြစ်တယ်။ ၂၀၁၉ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံသည် အီတလီတင်ပို့မှုအတွက် ဆဌမအကြီးဆုံးနေရာဖြစ်ခဲ့ပြီး ၂၀၂၀ ပထမနှစ်ဝက်တွင်တူရကီနှင့်တရုတ်နိုင်ငံနောက်ကွယ်မှ အီတလီစက်ယန္တရားထုတ်လုပ်သူများအတွက် တတိယနိုင်ငံခြားဈေးကွက်ဖြစ်ခဲ့ပါတယ်။

 

ACIMIT စင်တာသည် ခန့်မှန်းခြေအားဖြင့် ထုတ်လုပ်သူ ၃၀၀ ကို ကိုယ်စားပြုပြီး လူပေါင်း ၁၂၀၀၀ ခန့်ကို အလုပ်ခန့်ထားပါတယ်။ ထိုစက်ကိရိယာများမှာ ခန့်မှန်းတန်ဖိုး ယူရို ၂.၃ ဘီလီယံအထိ ရှိပြီး စက်ရုံများမှ ၈၂ ရာခိုင်နှုန်းကို တင်ပို့တာ ဖြစ်ပါတယ်။

 

By Myanmar Textile & Garment Guide

Ref: fibre2fashion.com

Read 926 times
Rate this item
(0 votes)