What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်စက်ရုံဝန်ထမ်းများကို လစာရှင်းရမည့်ရက်တွင် လုပ်ငန်းရှင် ထွက်ပြေးသွားကြောင်း သိရ

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံ ရှိ Ah Nan Garment အထည်ချုပ်စက်ရုံတွင် ကိုဗစ်ကာလအတွင်း ငွေကြေးအကျပ်အတည်းများကြောင့်စက်ရုံပိတ်သိမ်းမယ်လို့ အလုပ်သမားတွေကို နိုဝင်ဘာ နောက်ဆုံးအပတ်မှာ ခေါ် ယူအသိပေးခဲ့တယ်လို့ဆိုပါတယ်။

 

ကိုဗစ်ကာလမှာ ဝန်ထမ်းများလစာမရှင်းဘဲ တိမ်းရှောင်သွားသည့်အလားအလာများရှိသောကြောင့် အစိုးရဌာနများမှထိန်းသိမ်းပေးနိုင်ရန် ဝန်ထမ်းများအနေဖြင့်ကြိုတင်အကြောင်းကြားခဲ့သော်လည်း လစာထုတ်မည့်ရက်တွင်လုပ်ငန်းရှင်ထွက်ပြေးသွားကြောင်းအလုပ်သမားတွေက Myanmar Labour News ကိုပြောပါတယ်။

 

"ညီမတို့သူဌေးကအခြေအနေမကောင်းတော့လို့ ၂၅ ရက်နေ့ထဲကဌာနဆိုင်ရာတွေ ထွေအုပ်တို့ ၊ လဝကတို့၊ ဖူလုံရေးတို့၊ အလုပ်သမားဌာနတွေကိုတိုင်တယ်။သူတို့ဘာမှလာရောက်စစ်ဆေးတာတွေမရှိဘူး။ဒီဇင်ဘာ ၄ ရက်နေ့မှာ အလုပ်သမားတွေအတွက်လစာသွားရှာမယ်ပြောပြီး သူဌားစီးထားတဲ့ကားကိုပါပြန်အပ်သွားပြီ။ညီမတို့အခုရုံးပိုင်ဆိုင်ရာကို ထွက်ပြေးတာနဲ့ပတ်သက်ပြီးတိုင်မယ်လုပ်တော့ ဝရမ်းတွေအထုတ်ခံရတော့မှာစိုးပြီး ထွက်းပြေးတာ ၊ မဟုတ်ပါဘူးလို့တချို့အလုပ်သမားတွေဆက်သွယ်လာပြီး လာရောက်ဖြေရှင်းပေးတာလည်းမရှိဘူး။လစာသွားရှာမယ်ပြောပြီး ကားတွေအပ်သွား ပေါ်လည်းမပေါ်လာတော့တာက အခုဖြေရှင်းပေးမယ်ဆိုတာကလည်းအချိန်ဆွဲနေတာလို့ဘဲမြင်တယ်"လို့် Ah Nan Garment အထည်ချုပ်စက်ရုံအလုပ်သမားသမဂ္ဂဥက္ကဌ ဒေါ်ဥမ္မာသင်းကပြောပါတယ်။

 

အဆိုပါစက်ရုံတွင် စက်ရုံ၏ HR မန်နေဂျာမှ ရိုင်းစိုင်းသော စကားလုံးများအသုံးပြုခြင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်အားချိုးဖောက်ခြင်းများဖြစ်နေသည့် ဆိုသည့်အပေါ် အလုပ်သမား ရေး ရာ ဌာနများသို့အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း ထိရောက်သောဖြေရှင်းမှုများ မရှိသည့်အတွက် အလုပ်သမားရုံးများအား ကြိုတင်အကြောင်းကြား၍ တရာမျှတသော လုပ်ငန်းခွင်ဖြစ်ပေါ်လာရေး စုပေါင်းတောင်းဆိုမှုများကို မကြာသေးခင် လပိုင်းအတွင်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

 

"စက်ရုံထဲမှာလက်ရှိကျန်တဲ့ပစ္စည်းတွေကိုအလုပ်သမားတွေစောင့်နေကြတာ။စက်ရုံမန်နေဂျာကိုတိုင်ကတော့ သူဌေးကိုမယုံလို့ပြောနေတော့ သူဌေးရဲ့ပတ်စပို့တို့ဘာတို့လည်း လဝက မှာအပ်နှံထားတယ်လို့သိရတယ်။သူကသုံးရက်နေ့ညဆယ်နာရီဝန်းကျင်လောက်မှာသူဌေးကစကားပြန်ရယ်လူတစ်စုရယ်နဲ့ လဝကရုံးမှာပတ်စပို့ပြန်ထုတ်သွားတယ်လို့ မန်နေဂျာကကျွန်တော်တို့ကိုပြောတယ်"လို့ Ah Nan Garment အထည်ချုပ်စက်ရုံအလုပ်သမားသမဂ္ဂအတွင်းရေးမှူးကိုနေလင်းကပြောပါတယ်။

 

Ah Nan Garment အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၃၅၀ ဝန်းကျင်ခန့်ရှိပြီး ဝန်ထမ်းများအနေဖြင့်လစာမရရှိသည့်အတွက် အဆောင်ခနှင့်စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်လာမည်ကိုစိုးရိမ်ပူပန်နေကြပါတယ်။

 

#MyanmarLabourNews

Read 975 times
Rate this item
(0 votes)