What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စတိုင်ကျပြီး ခေတ်မှီစေတဲ့ ဖက်ရှင်များ

မိန်းကလေးဆိုတာသဘာဝအရ အလှအပကိုကြိုက်နှစ်သက်သူတွေပါ။ခေတ်နဲ့ အမှီပြင်ဆင်ခြယ်သတတ်ကြသူတွေလည်းဖြစ်ပါတယ်။

အမျိုးမျိုးသော ဝတ်စားဆင်ယင်မှုပုံစံတွေထဲကမှ ပျိုမေတို့အကြိုက်တွေ့မဲ့ပုံစံလေးတွေကို စုစည်းပေးလိုက်ပါတယ်။ဘာကြောင့်အကြိုက်တွေ့မှာလဲဆိုတော့ ဒီစတိုင်လေးတွေကပေါ့ပါးလွတ်လပ်ပြီး ဖက်ရှင်ကျနေစေတာကြောင့်ပါနော်။

တစ်ဆက်တည်းဂျင်းစကပ်

jean dress min

တစ်ဆက်တည်းဂျင်းစကပ်တွေဟာအခုနောက်ပိုင်းဝတ်တာများလာပါတယ်။ ကိုရီးယားမလေးတွေဝတ်တာတွေ့ရင်လွတ်လပ်ပြီး ချစ်စရာကောင်းလို့ ဝတ်ချင်စိတ်ပေါက်သွားကြမှာပါ။မဒီလေးတို့လည်းဒီလိုလေးဝတ်လိုက်မယ် ဆိုရင်ရိုးရိုးရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျစေမှာပါ။

ဂျင်းဘောင်းဘီနဲ့ရှပ်အင်္ကျီ

shirt with jean min

နောက်တစ်ခုကတော့ ဂျင်းဘောင်းဘီနဲ့ရှပ်အင်္ကျီတွေပါပဲ။ဒီစတိုင်ကတော့ အမြဲတမ်းလည်းဝတ်ဆင်ကြပြီးရိုးသွားတယ်လည်းမရှိပါဘူး။စတိုင်ကျကျနဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေမှာပါ။

ဂါဝန်ရှည်

maxi dress min

ဂါဝန်ရှည်တွေဟာလည်း အခုနောက်ပိုင်းခေတ်စားလာတာပါပဲ။အပွင့်လေးတွေပါတဲ့ ဂါဝန်လေးတွေဆို မိန်းမသားဆန်ဆန်လေးနဲ့ ပေါ့ပေါ့ပါးပါးလေးဖြစ်စေမှာပါ။ဒါကြောင့် လည်း ပင်လယ်ကမ်းခြေတို့လိုခရီးသွားတဲ့အခါလေးတွေမှာဝတ်ကြတာကို တွေ့ရပါတယ်။ဗီဒိုထဲမှာမရှိသေးဘူးဆိုရင်လည်း ဝယ်ထားလိုက်ပါဦးလေ။

မိန်းကလေးတိုင်း သိသင့်တဲ့ ဖက်ရှင်အမှား (၆)ခု

Jumpsuit

jumpsuit min

နောက်ပြီးတော့ ခေတ်စားလာတဲ့Jumpsuitတွေကို လည်းဝတ်ဆင်နိုင်ပါတယ်နော်။ခုနောက်ပိုင်းမှာလည်း ပုံစံမျိုးစုံကိုရောင်းချနေကြတာတွေ့ရပါတယ်။ချည်သားလေးတွေလည်းရနိုင်တာကြောင့် ပေါ့ပေါ့ပါးပါးဝတ်ရတာကြိုက်ရင်ဝတ်ဆင်သင့်ပါတယ်။ဒီဖက်ရှင်ကလည်း ရိုးရိုးလေးနဲ့ဆန်းတာမျိုးပါ။

ချည်သားစကပ်

cotton dress min

ချည်သားဖြစ်တာကြောင့်ပေါ့ပါးနေမှာတော့ ငြင်းစရာမရှိပါဘူး။ဒူးလောက်ရှိတဲ့ စကပ်လေးတွေကတော့ လူငယ်ဆန်ဆန်လေးနဲ့ကြည့်ကောင်းနေမှာအမှန်ပါ။

 

Source:we media

Read 1742 times
Rate this item
(1 Vote)
Tagged under