What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဖြူရောင်တီရှပ်တစ်ထည်နဲ့ လန်းကြမယ်

အဖြူရောင်တီရှပ်တစ်ထည်နဲ့ လန်းကြမယ် google

တီရှပ်တစ်ထည်နဲ့ လန်းကြမယ်အဖြူရောင်တီရှပ်ဆိုတာ လူတိုင်းရဲ့ မရှိမဖြစ် ဖက်ရှင်ပစ္စည်းစာရင်းထဲမှာ ပါ ဝင်ပါတယ်နော်။

နေ့တိုင်း အပြင်ထွက် နေရတဲ့သူတွေအတွက် ဘာဝတ်ရမလဲ မစဉ်းစားနိုင်တော့တဲ့ အချိန်တွေမှာ အဖြူရောင်တီရှပ်က ဝှက်ဖဲတစ်ခုပါပဲ။

 

အဲဒီအဖြူရောင်တီရှပ်တွေကို ဒီအတိုင်း ကောက်စွပ်လာတဲ့ပုံစံမထွက်စေရအောင်၊ ပြီးတော့ ဖက်ရှင်ကျကျ လှပနေအောင် ဘယ်လိုဝတ်ရမယ်၊ ဘာနဲ့တွဲဝတ်ရင် ပို စတိုင်ကျမလဲဆိုတာကို ပျိုမေတို့အ တွက် ပြောပြပေးချင်ပါတယ်။

အရောင်တူတွေစုပြီးဝတ်မယ်
အကယ်၍ သင့်အဖြူရောင်တီရှပ်ကို မီးပူတိုက်ဖို့အချိန်မရလိုက်ဘူးဆိုရင် ဒီအတွဲအစပ်က ကွက်တိပါပဲ။

အပေါ်က အဖြူရောင် ဘလေဇာကုတ် ထပ်ပြီး အောက်က Skinny Jeans နဲ့ တွဲဝတ် ပါ။

ဖိနပ်နဲ့ အိတ်အပြင် တခြား Accessories တွေကိုပါ ဖြစ်နိုင်မယ်ဆိုရင် အဖြူရောင်ပါတာတွေကို ရွေးပါ။

အချိန် လည်း သိပ်မပေးရသလို အရောင်တူ တွေက ပေးတဲ့ သိပ်ကြိုးစားစရာ မလိုဘဲ ရတဲ့ စတိုင်ကျမှုကလည်း အပိုဆုပေါ့။

21105948 1804705352890185 1758620092500817402 n

စကတ်တိုလေးနဲ့မိန်းကလေးဆန်မယ်
အဓိက ကိုယ်ရွေးချယ်တဲ့စကတ်က မီနီစကတ်တို့လို ကျပ်ကျပ်ထုပ်ထုပ်တွေ မဖြစ်ဖို့အပြင် အပွင့်အခက် လေးတွေပါတဲ့ စကတ်ကို ရွေးချယ်ဖို့ အရမ်းအရေးကြီးပါတယ်။

ဦးထုပ် ဆောင်းမယ်လို့ စဉ်းစားထားရင် ဦးထုပ် ကားကားလေးတွေကို ရွေးဖို့အကြံပေး ချင်ပါတယ်။

သူငယ်ချင်းမိန်းကလေး တွေနဲ့ အပြင်ထွက်တဲ့ ပေါ့ပေါ့ပါးပါး စတိုင်ကနေ ကမ်းခြေသွားမယ့် ဖက်ရှင် မျိုးအထိ ဝတ်လို့ရပါတယ်။

21105553 1804704362890284 3093373585303070791 n

ကိုးတစ်ချောင်းဂါဝန်လေးနဲ့တွဲမယ်
90's ဖီလင်လေး ရစေမယ့် ပုံစံမျိုးဖြစ်ပါတယ်။ အရေးကြီးတာက အရမ်းတို တဲ့ ဂါဝန်ကို မရွေးချယ်မိဖို့ပါပဲ။

ဒါတွေ အကုန်အစပ်အဟပ်မိပြီဆိုရင် Accessories တွေကို အရောင်တူတွေ ရွေးချယ်လိုက်ပါနော်။

21191901 1804704479556939 4161258319309139188 n

အဖြူချည်းပဲဝတ်မယ်
အနက်ရောင်ချည်းသက်သက် တွဲဝတ်ဖို့ ဝန်မလေးတတ်ကြပေမယ့် အ ဖြူချည်းပဲ ဝတ်ဖို့ကိုတော့ သိပ်စိတ်မပါ တတ်ကြဘူးလေနော်။

တီရှပ်အဖြူကို အောက်က ဂျင်းန်ဘောင်းဘီအဖြူနဲ့ တွဲဝတ်လိုက်မယ်ဆိုရင် တကယ်ကို လန်းဆန်းတက်ြွကတဲ့ မိန်းမပျိုလေးအ သွင်ကို ရရှိနိုင်မှာပါ။

Accessories ကို အရောင် တောက်တာလေး ရွေးဖို့က Key Point ပါပဲ။

ဒါပေမယ့် အများကြီး မဖြစ်စေဘဲ လက်ကိုင်အိတ်တစ်ခု လောက်ဆို ရပါပြီ။

21078789 1804705309556856 2457219020380286895 n

ဂျင်းန်ဘောင်းဘီတိုနဲ့တွဲဝတ်မယ်
ဒီလိုစတိုင်မျိုးမှာတော့ ကိုယ် ရွေး ချယ်တဲ့ ဘလေဇာကုတ်က စကားပြော တော့မှာပါ။

ဗြောင်တွေကို မေ့ထားပါ။

ခါးတိုတဲ့ပုံစံတွေဆို ဒိတ်အောက်ကုန်ပြီ ဖြစ်တဲ့အတွက် မစဉ်းစားသင့်ဘူးနော်။

ခါးရှည်ရှည်နဲ့ Pattern ခပ်မိုက်မိုက် လေးနဲ့ အပေါ်ထပ်အင်္ကျီကို ရွေးချယ် တတ်ပါစေ။

Denim ကိုတော့ ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်တာကို ဝတ်ပါ။

ဒါဆို ရင် သူငယ်ချင်းတွေနဲ့ နေ့လယ်စာ ထွက်စားဖို့ အဆင်သင့်ဖြစ်ပါပြီ။

21078595 1804704862890234 4264078182138120672 n

ဖိနပ်မိုက်မိုက်လေးနဲ့တွဲဝတ်မယ်
ဘောင်းဘီနဲ့ ဖိနပ်ပေါ်မှာ အားလုံးက အာရုံစိုက်နေပါစေ။

အဲဒီအတွက် အနက် ရောင် ဂျင်းန်ဘောင်းဘီနဲ့အတူ အရောင် တောက်တဲ့ဒေါက်ဖိနပ် ဒါမှမဟုတ် ဒီဇိုင်း ဆန်းပြီး ကွဲထွက်မယ့်ဖိနပ်မျိုးကို ရွေး ချယ်ပြီး ခြေထောက်အလှကို ဖော်ထုတ် လိုက်ပေါ့။

البلايزر خيار مناسب للعمل

Pencilစကတ်လေးနဲ့ပွဲတက်တဲ့အခါဝတ်မယ်
အရောင်ငြိမ်တွေကို ရွေးချယ်ဝတ် ဆင်တာကလည်း အားသာချက် တစ်ခု ပါပဲ။

အရိုးဆုံးက အဆန်းဆုံးဆိုတဲ့ စကားအတိုင်း အနက်ရောင် Pencil စကတ်ကို ရိုးရိုး Heels အနက်လေး တစ်ရန်နဲ့ တွဲဝတ်ပါ။

ဖက်ရှင်ပိုကျစေ မယ့် အနက်ရောင် လက်ကိုင်အိတ်ကို လည်း မမေ့နဲ့နော်။

21105637 1804705849556802 3048578047295564629 n

source:now magazine 

Read 1161 times
Rate this item
(0 votes)