What's new

×

Warning

JUser: :_load: Unable to load user with ID: 845


mds ၏ တတိယမြောက် ဆိုင်ခွဲသစ်ကို Myanmar Plaza တွင် ထပ်မံဖွင့်လှစ်သွားမည်

mds အမှတ်တံဆိပ် အမျိုးသမီးဝတ် Fashion ဆိုင်၏ တတိယမြောက် ဆိုင်ခွဲသစ်၏ Grand Opening ကို မေလ (၁၉) ရက်နေ့တွင်

ရန်ကုန်မြို့၊ Myanmar Plaza Shopping Center ပထမထပ်၊ ဆိုင်အမှတ် ၁၀၇/၁၀၈ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 mds fashions

ဆိုင်ဖွင့်ပွဲအခမ်းအနားကို မေလ (၁၉) ရက်၊ နေ့လည် (၂) နာရီမှ (၄) နာရီအတွင်းတွင် နိုင်ငံကျော်အနုပညာရှင်များ၊ blogger များနှင့် Stylist များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဆိုင်ခွဲသစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အနေဖြင့် မေလ (၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့များတွင် ဆိုင် (၃) ဆိုင်လုံးတွင် အထူး Promotion အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 mds1

mds Myanmar Plaza, mds Taw Win Center နှင့် mds Junction City သုံးဆိုင်လုံးတွင် ရရှိခံစားနိုင်တဲ့ အထူး Promotion အစီအစဉ်များကတော့ mds Myanmar Facebook နှင့် Instagram Page များကို Like & Follow လုပ်ထားတဲ့ Customer များအတွက် အထည်တိုင်းကို 15% Off ဖြင့် ရရှိမှာဖြစ်ပြီး ငွေကျပ် (၈) သောင်းဖိုး တစ်ခါတည်း ၀ယ်ယူသူများအတွက် တစ်သက်သာ Member Card ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

 

ပုံမှန်အချိန်တွင် ငွေကျပ် တစ်သိန်းခွဲဖိုး ၀ယ်ယူမှသာ Member Card ကို ရရှိမှာဖြစ်ပြီး Member Card ၀ယ်ယူပါက အမြဲ 10% Discount ကို ရရှိမှာဖြစ်ပြီး မိမိ၏ မွေးလအတွင်း ၀ယ်ယူပါက တစ်လလုံး 20% Discount ဖြင့် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ၀ယ်ယူခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

 

ယင်းအပြင်ဆိုင်ဖွင့်ပွဲနေ့တွင် ပထမဆုံးလာရောက်ဝယ်ယူအားပေးသော Customer အယောက် (၅၀) ကိုလည်း အထူးလက်ဆောင်များ ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

mds အမှတ်တံဆိပ်သည် Singapore နိုင်ငံတွင် ထုတ်လုပ်ပြီး singapore နိုင်ငံရှိ အမျိုးသမီးဝတ် Fashion Brand များအကြား ရေပန်းစားနေသော နံပါတ်(၁) Brand ဖြစ်ပါတယ်။ Japan, Singapore, Indonesia, Malaysia, Cambodia, India နှင့် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း (၇) နိုင်ငံမှာ ဆိုင်ခွဲပေါင်း (၂၆) ဆိုင် ဖွင့်လှစ်ထားရှိပြိး အောင်မြင်စွာ ရပ်တည်လျက်ရှိကြောင်း သိရပါတယ်။

 

Read 1390 times
Rate this item
(1 Vote)
Tagged under