What's new

×

Warning

JUser: :_load: Unable to load user with ID: 845


TOBI ေဘာင္းဘီပြ

ZAWGYI+UNICODE ေဘာင္းဘီပြပြ Tobi သည္ ဂ်ပန္ေဘာင္းဘီျဖစ္ေသာ္လည္း ဂ်ပန္ေရွး႐ုိးရာေဘာင္းဘီ မဟုတ္ေခ်။
ဂ်ပန္ႏုိင္ငံတြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား စန္းထခ်ိန္ အထပ္ျမင့္အေဆာက္အဦမ်ား ေဆာက္လုပ္ၾကသည္။ ထုိအခါ ျငမ္းမ်ားေပၚ သြားလာရသည့္အခါ

ေဘာင္းဘီရွည္က ဒူးမွာ တုပ္ေနသည္။ ထုိျပႆနာကုိ ေျဖရွင္းရန္ ေဘာင္းဘီပြပြကုိ ႀကံဆၿပီး ၀တ္ဆင္ၾကသည္။ ေျခေထာက္ႏွစ္ဖက္စလုံးတြင္ ပြပြေဖာင္းေဖာင္းျဖစ္ေနေစၿပီး ေျခက်င္း၀တ္တြင္ က်ပ္စည္းထားသည္။

tobi pants 1504791989

 

ဂ်ပန္ႏုိင္ငံတြင္ ေဆာက္လုပ္ေရး ေခတ္ေကာင္းေနေသာအခါ ေဆာက္လုပ္ေရးကုမၸဏီမ်ား စီးပြားပြင့္လန္းၾကသည္။ သုိ႔ေသာ္ ေဆာက္လုပ္ေရးလုပ္သားမ်ား လုံလုံေလာက္ေလာက္ မရရွိသည့္ အခက္အခဲကုိ ႀကံဳၾကရသည္။ ေဆာက္လုပ္ေရး လုပ္ငန္းခြင္တြင္ ၀င္ေရာက္လုပ္ကုိင္သည့္ လုပ္သားဦးေရသည္ တစ္ႏွစ္ထက္တစ္ႏွစ္ ေလ်ာ့နည္းလာသည္။ သုိ႔ျဖစ္ရာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ သုံးစြဲသည့္နည္းလမ္းမ်ားကုိ ျပဳျပင္ေျပာင္းလဲခဲ့ၾကသည္။ သုံးစြဲသည့္ ပစၥည္းမ်ားလည္း ေျပာင္းလဲသည္။

၂၀၂၀ ခုႏွစ္တြင္ အုိလံပစ္ပြဲကုိ အိမ္ရွင္အျဖစ္ လက္ခံက်င္းပေပးရမည္။ ထုိ႔အတြက္ လုပ္သားအလုံအေလာက္ မရသည့္အခက္အခဲကုိ ေက်ာ္လႊားႏုိင္ဖုိ႔ လုိအပ္ေနသည္။ ေျဖရွင္းနည္းတစ္ခုမွာ ျပည္ပလုပ္သားမ်ားကုိ ျဖည္းျဖည္းခ်င္း တံခါးဖြင့္ေပးျခင္း ျဖစ္သည္။ ထုိသုိ႔ ျပည္ပမွ လုပ္သားမ်ားကုိ ေခၚသြင္းရာ၌ တတ္ကၽြမ္းလုပ္သားမ်ားကုိ စိစစ္ၿပီး သြင္းယူသည္။ ဂ်ပန္သည္ ျပည္ပလုပ္သားမ်ားကုိ အစြမ္းကုန္ ထိန္းခ်ဳပ္ထားသည္။ လူဦးေရ၏ ၁.၆% ရာခုိင္ႏႈန္း ၀န္းက်င္တြင္သာ ျပည္ပလုပ္သားဦးေရ ျဖစ္ေနေအာင္ တင္းက်ပ္ထားသည္။ ထုိတင္းက်ပ္မႈကုိ ေျဖေလွ်ာ့ေပးမွ အုိလံပစ္ပြဲအတြက္ လုပ္သားအလုံအေလာက္ရမည္။ ခန္႔မွန္းထားၾကရာ၌ ျပည္ပမွ ကၽြမ္းက်င္ေဆာက္လုပ္ေရးလုပ္သား အနည္းဆုံး ဦးေရ ခုနစ္ေသာင္းကုိ ေခၚသြင္းရလိမ့္မည္။ ဂ်ပန္လုပ္သားေဈးကြက္ထဲသုိ႔ ျဖည့္တင္းရာ၌ အနည္းဆုံး လုပ္သက္ ၃ ႏွစ္ သတ္မွတ္သည္။ ဂ်ပန္တြင္ လုပ္ကုိင္မည့္ ကာလအပုိင္းအျခားကုိလည္း ပုံေသသတ္မွတ္ထားမည္ ျဖစ္သည္။

TOBU 234

 

အကယ္စင္စစ္ ဂ်ပန္လုပ္သားေဈးကြက္တြင္ ေဆာက္လုပ္ေရးလုပ္သားဦးေရ တစ္သိန္းခြဲ၀န္းက်င္ လုိအပ္ေနသည္။ သုိ႔ေသာ္ ဂ်ပန္လုပ္သားတုိ႔သည္ ဒီသုံးလုံး အလုပ္ကုိ ေရွာင္လုိၾကသည္။ dangerous အႏၲရာယ္ႀကီးျခင္း၊ difficult ခက္ခဲပင္ပန္းျခင္းႏွင့္ dirty ညစ္ေပျခင္း တုိ႔ ေန႔စဥ္ႀကံဳေနရသည့္ အလုပ္မ်ားကုိ လက္ေရွာင္ထားၾကသည္။ ၎အဂၤါရပ္ သုံးခုကုိ ဂ်ပန္ဘာသာစကားျဖင့္ k သုံးလုံးအလုပ္ဟု သတ္မွတ္ထားသည္။ 3K ႀကီးစုိးေသာ အလုပ္ဟု သတ္မွတ္ထားၿပီး ၎ 3K မွာ kiken kitsui kitanai တုိ႔ျဖစ္သည္။

ဂ်ပန္လူ႔အသုိင္းအ၀ုိင္းတြင္ ေကာ္လျဖဴ၊ ေကာ္လာျပာ တုိ႔တြင္ ယူနီေဖာင္း၀တ္စုံ စည္းကမ္းႀကီးသည္။ ယခုလုိ ေဘာင္းဘီပြ tobi ၀တ္ဆင္သည့္ ေဆာက္လုပ္ေရး လုပ္သားမ်ားသည္ မုိးထိတုိက္တာမ်ား skyscrapers ၏ အျမင့္ပုိင္းတြင္ လုပ္ကုိင္ၾကသူမ်ား ျဖစ္သည္။ သူတုိ႔၏ ယူနိေဖာင္းအျဖစ္ တရားမ၀င္ သတ္မွတ္ထားၾကသည္။

 

UNICODE
TOBI ဘောင်းဘီပွ
=================
ဘောင်းဘီပွပွ Tobi သည် ဂျပန်ဘောင်းဘီဖြစ်သော်လည်း ဂျပန်ရှေးရိုးရာဘောင်းဘီ မဟုတ်ချေ။
ဂျပန်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စန်းထချိန် အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ကြသည်။ ထိုအခါ ငြမ်းများပေါ် သွားလာရသည့်အခါ ဘောင်းဘီရှည်က ဒူးမှာ တုပ်နေသည်။ ထိုပြဿနာကို ဖြေရှင်းရန် ဘောင်းဘီပွပွကို ကြံဆပြီး ဝတ်ဆင်ကြသည်။ ခြေထောက်နှစ်ဖက်စလုံးတွင် ပွပွဖောင်းဖောင်းဖြစ်နေစပြေီး ခြေကျင်းဝတ်တွင် ကျပ်စည်းထားသည်။

ဂျပန်နိုင်ငံတွင် ဆောက်လုပ်ရေး ခေတ်ကောင်းနေသောအခါ ဆောက်လုပ်ရေးကုမ္ပဏီများ စီးပွားပွင့်လန်းကြသည်။ သို့သော် ဆောက်လုပ်ရေးလုပ်သားများ လုံလုံလောက်လောက် မရရှိသည့် အခက်အခဲကို ကြုံကြရသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်သည့် လုပ်သားဦးရေသည် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာသည်။ သို့ဖြစ်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သုံးစွဲသည့်နည်းလမ်းများကို ပြုပြင်ပြောင်းလဲခဲ့ကြသည်။ သုံးစွဲသည့် ပစ္စည်းများလည်း ပြောင်းလဲသည်။

၂၀၂၀ ခုနှစ်တွင် အိုလံပစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရမည်။ ထို့အတွက် လုပ်သားအလုံအလောက် မရသည့်အခက်အခဲကို ကျော်လွှားနိုင်ဖို့ လိုအပ်နေသည်။ ဖြေရှင်းနည်းတစ်ခုမှာ ပြည်ပလုပ်သားများကို ဖြည်းဖြည်းချင်း တံခါးဖွင့်ပေးခြင်း ဖြစ်သည်။ ထိုသို့ ပြည်ပမှ လုပ်သားများကို ခေါ်သွင်းရာ၌ တတ်ကျွမ်းလုပ်သားများကို စိစစ်ပြီး သွင်းယူသည်။ ဂျပန်သည် ပြည်ပလုပ်သားများကို အစွမ်းကုန် ထိန်းချုပ်ထားသည်။ လူဦးရေ၏ ၁.၆% ရာခိုင်နှုန်း ဝန်းကျင်တွင်သာ ပြည်ပလုပ်သားဦးရေ ဖြစ်နေအောင် တင်းကျပ်ထားသည်။ ထိုတင်းကျပ်မှုကို ဖြေလျှော့ပေးမှ အိုလံပစ်ပွဲအတွက် လုပ်သားအလုံအလောက်ရမည်။ ခန့်မှန်းထားကြရာ၌ ပြည်ပမှ ကျွမ်းကျင်ဆောက်လုပ်ရေးလုပ်သား အနည်းဆုံး ဦးရေ ခုနစ်သောင်းကို ခေါ်သွင်းရလိမ့်မည်။ ဂျပန်လုပ်သားဈေးကွက်ထဲသို့ ဖြည့်တင်းရာ၌ အနည်းဆုံး လုပ်သက် ၃ နှစ် သတ်မှတ်သည်။ ဂျပန်တွင် လုပ်ကိုင်မည့် ကာလအပိုင်းအခြားကိုလည်း ပုံသေသတ်မှတ်ထားမည် ဖြစ်သည်။

အကယ်စင်စစ် ဂျပန်လုပ်သားဈေးကွက်တွင် ဆောက်လုပ်ရေးလုပ်သားဦးရေ တစ်သိန်းခွဲဝန်းကျင် လိုအပ်နေသည်။ သို့သော် ဂျပန်လုပ်သားတို့သည် ဒီသုံးလုံး အလုပ်ကို ရှောင်လိုကြသည်။ dangerous အန္တရာယ်ကြီးခြင်း၊ difficult ခက်ခဲပင်ပန်းခြင်းနှင့် dirty ညစ်ပခြေင်း တို့ နေ့စဉ်ကြုံနေရသည့် အလုပ်များကို လက်ရှောင်ထားကြသည်။၎င်းအင်္ဂါရပ် သုံးခုကို ဂျပန်ဘာသာစကားဖြင့် k သုံးလုံးအလုပ်ဟု သတ်မှတ်ထားသည်။ 3K ကြီးစိုးသော အလုပ်ဟု သတ်မှတ်ထားပြီး၎င်း 3K မှာ kiken kitsui kitanai တို့ဖြစ်သည်။

ဂျပန်လူ့အသိုင်းအဝိုင်းတွင် ကော်လဖြူ၊ ကော်လာပြာ တို့တွင် ယူနီဖောင်းဝတ်စုံ စည်းကမ်းကြီးသည်။ ယခုလို ဘောင်းဘီပွ tobi ဝတ်ဆင်သည့် ဆောက်လုပ်ရေး လုပ်သားများသည် မိုးထိတိုက်တာများ skyscrapers၏ အမြင့်ပိုင်းတွင် လုပ်ကိုင်ကြသူများ ဖြစ်သည်။ သူတို့၏ ယူနိဖောင်းအဖြစ် တရားမဝင် သတ်မှတ်ထားကြသည်။

Read 1219 times
Rate this item
(0 votes)