What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထူးခြားတဲ့ fashion တွေကြောင့် IG မှာ follow လုပ်ထားသင့်တဲ့ Thai Rising Stars (၆) ဦး

အခုနောက်ပိုင်း Thai TV series တွေနဲ့ movieတွေရဲ့ လွှမ်းမိုးမှု့တွေကြောင့်လားတော့ မသိဘူး၊ Thai actor တွေရဲ့ Fashionတွေက စိတ်ဝင်စားဖို့ကောင်းလာခဲ့တာ အမှန်ပါ ။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့အလျှောက် ပတ်ဝန်းကျင် ရာသီဥတု အ‌ခြေအနေတွေက အရမ်းကြီးကွာခြားမှု့ မရှိတာမို့ သူတို့ရဲ့ Fashion‌တွေက inspire လုပ်ဖို့ အဆင်ပြေတာရယ် ၊ Bangkok မြို့ကို Asia ရဲ့ Fashion town တခု အဖြစ် အသွင်ပြောင်းနိုင်လောက်အောင် ကောင်းမွန်တဲ့ Fashion sense ရှိသူတွေ များလွန်းတာရယ်ကြောင့် အခုတလော Instagram စာမျက်နှာမှာ သတိထားကြည့် ဖြစ်နေရင်းနဲ့ သဘောကျမိတဲ့ ထူးခြားတဲ့ fashion sense တွေနဲ့ အနုပညာရှင် တချို့ရှိပါတယ်။

 

ဒါဆိုရင် သူတို့တွေက ဘယ်သူတွေ ဖြစ်မလဲ ဘာကြောင့် သင့်ရဲ့ Instagram စာမျက်နှာမှာ follow လုပ်ထားသင့်တယ်ဆိုတာ အောက်မှာတယောက်ချင်း ရှင်းပြထားတာမလို့ ကြည့်လိုက်ရအောင်နော်။

 

Arm WC

Arm_WC_.JPG

P'Arm ကို အဓိက သဘောကျရတဲ့အချက်က ကိုယ်တိုင် Fashionကျကျ ဝတ်စားတတ်ရုံတင် မကဘဲ အခြားသူတွေကိုပါ Stylishဖြစ်အောင် လုပ်ပေးနိုင်ပြီး တကယ့် Stylist တဦးလို ဖက်ရှင်နဲ့ပတ်သက်လာရင် အမြင်ရှိလွန်းတာကြောင့်ပါဘဲ။ P'ARMရဲ့ Outfitအများစုက Trendy ဘက်ကို သွားတဲ့ Blazerအတွဲစပ်တွေ များပေမယ့် အစိတ်ပိုင်းတခုချင်းစီကို details Stylingလုပ်တတ်တာက အားသက်ချက်တခုပါ။ ပြီးတော့ P'Armမှာ AWC Studioဆိုတဲ့ ကိုယ်ပိုင် Clothing studio တခုရှိပြီး GMMTVက Artistအတော်များများက‌ အဲ့Studio ရဲ့ အမာခံတွေပါဘဲနော်။

 

Manasaporn Chanchalerm

Manasaporn_.JPG

 

မင်းသမီး Manasaporn ကိုတော့ My Bubble teaဆိုတဲ့ VIU drama seriesမှာ စသိခဲ့ပြီး သူ့ရဲ့ Uniqueဖြစ်တဲ့ အသွင်ပြင်ကြောင့် IGမှာ follow လုပ်ဖြစ်ခဲ့ရာကနေ Fashionတွေကိုပါ သဘောကျခဲ့တာပါ။ Manasapornရဲ့ Outfit အတွဲစပ်တွေက Typical Thai girl lookမျိုး‌‌တွေနဲ့ မတူဘဲ crochet သိုးမွေးဖက်ရှင်တွေ ၊ Cutton Outfitတွေနဲ့ Simple and Stylish ဖြစ်လွန်းပါတယ်။ ပြီးတော့ Accessoriesတွေကို သုံးတဲ့နေရာမှာ လည်း အရမ်း high endဖြစ်နေတာမျိုးတွေထက် လူငယ်ဆန်ဆန် အထာကျတဲ့ itemsမျိုးတွေကို ရွေးလေ့ရှိပြီး Old skool sneakerတွေကို Jean pant , short pant တွေနဲ့ ပေါ့ပေါ့ပါးပါးတွဲဖက်ပြီး Daily OOTDတွေမှာ Styleတတ်တာကလည်း သဘောကျတဲ့ အချက်တွေထဲက တခုပါဘဲ။

 

Jamy JAMESS

Jamy_.JPG

အကြိုက်ဆုံး Thai Fashionistaတယောက်ထဲက ရွေးခိုင်းမယ်ဆိုရင်တော့ JMJ ကိုဘဲရွေးမိမှာပါ။ Fashion has no borderဆိုတဲ့ သူ့ ဆောင်ပုဒ်အပိုင်း JMJ က ဖက်ရှင်နဲ့ပတ်သတ်ပြီး ကျားမ လိင်ခွဲခြားမှု့မရှိဘဲ သူ့ ခံစားချက်အတိုင်း Outfitတွေကို တွဲစပ်တတ်သူ တယောက်ဖြစ်ပြီး ကောင်လေးတွေနဲ့ မသက်ဆိုင်ဘူးလို့ သတ်မှတ်ထားတဲ့ Pink colour , Croptop, High Heels ,Nail art ဒါတွေအားလုံးဟာ သူ့ရဲ့ Fav တွေပါဘဲ။ ဒီလို ဝတ်စားဆင်ယင်မှု့တွေကြောင့် Gay ဆိုတဲ့ စွပ်စွဲချက်တွေရှိပေမယ့် JMJ ကတော့ ဂရုမစိုက် ဆက် Slay နေပြီး နောင်လာမယ့် Generation အတွက် တကယ့် iconic boyတယောက်ပါဘဲနော်။

 

Sky Wongravee

Sky_.JPG

ဟိုတလောက ပရိသတ်‌တွေ အရမ်းဝန်းရံခဲ့တဲ့ My Ambulance ထည်းက ချလမ် Characterမှာ သရုပ်‌ဆောင်ခဲ့တဲ့ Sky Wongravee ဆိုတဲ့ ကောင်လေးကလည်း ဖက်ရှင်နဲ့ ပတ်သတ်လာရင် ခေသူမဟုတ်ဘူးနော်။ Skyရဲ့ ပင်ကိုယ် Styleကိုက ပေါ့ပေါ့ပါးပါးရှိပြီး သူ့ရဲ့ဖက်ရှင်တွေကလည်း Youth vibeအပြည့်နဲ့ ဆယ်ကျော်သက်‌လူငယ်ကောင်လေးတွေ အကြိုက်ပုံစံမျိုးတွေဖြစ်ပြီးတော့ သဘောကျမိဆုံးအချက်က Tee တွေကို Trousers pant , Jean pant တွေနဲ့တွဲစပ်ပြီး ပုံစံမျိုးစုံနဲ့ ဝတ်ပြတတ်တာပါဘဲ။ ပြီးတော့ Sky က Beanie , Bucket , Ivy cap လို လူငယ်ဆန်ဆန် ဦးထုပ်တွေကို သူ့ပင်ကိုယ်ဟန်ဖြစ်အောင် ဝတ်လေ့ရှိပြီး Sunglass , Bag အစရှိတဲ့ Accessoriesတွေရဲ့ အကူညီကို ရယူပြီး သူ့ Outfitတွေကို upgrade လုပ်လေ့ ရှိပါသေးတယ်။

 

Preen Ravisrarat

 

Preen_.JPG

Preen Ravisrarat ကတော့ လတ်တလော တက်သစ်စ Thai actress‌တွေမှာ အကြမ်းစား Street fashion vibe‌တွေ‌ကြောင့် နာမည်ကြီးတဲ့ Starတယောက်ပါ။ Preenကို စသတိထားမိတာက‌တော့ အခုမှ Ongoingလွှင့်နေတဲ့ Friendzone2 dangerous area မှာ supporting roleကနေသရုပ်ဆောင်ထားတဲ့ သူ့ရဲ့ ခပ်မိုက်မိုက် ပုံစံနဲ့ Characterကြောင့်ပါ။ Preenရဲ့ ဖက်ရှင်တွေက တော့ Boyishဆန်တဲ့ Street vibe မျိုးတွေဖြစ်ပြီး Oversized blazer Outfit, Matching set , Graphic Tee တွေနဲ့ ankle boots တွေက Preen's fashionတွေထည်းမှာ အကြွေမိဆုံး အစိတ်ပိုင်းတွေပါဘဲ။

 


KRITTIN

Krittin.JPG

 

နာမည်ကြီး BL series Love By Chance S2 မှာ Supporting roleကနေ သရုပ်ဆောင်နေတဲ့ Thai Model Krittinကတော့ မရင်းနီးသေးတဲ့ မျက်နှာသစ် တယောက်ပေမယ့် သူ့ရဲ့unique face နဲ့ Fashion senseတွေက အသိမှတ်မပြုဘဲ မနေနိုင်အောင်‌ ဆွဲဆောင်မှု့ရှိလွန်းပါတယ်နော်။ Krittin ရဲ့ ဖက်ရှင်တွေက Japanese street fashion‌တွေ လွှမ်းမိုးမှု့ရှိပြီး modelဆိုတဲ့ အတိုင်း Oversized fashionတွေနဲ့ Blazer ,Jeanတွေကတော့ မပါမဖြစ်ပါဘဲ။နောက်ထပ် Krittinကို ပို uniqueဖြစ်စေတာကတော့ သူအမြဲဝတ်လေ့ရှိတဲ့ Hoop earringsတွေပါဘဲ။

 

#fashionblog

Read 1119 times
Rate this item
(0 votes)