L’Oreal Paris က Official Partner အဖြစ်ပံ့ပိုးထားတဲ့ Paris Fashion Week 2019 ပွဲကို Beauty Blogger နေခြည်ဦးနဲ့
"Make Me Beautiful"Season 2 ရဲ့ Winner ဖြစ်တဲ့ Makeup Artist ဘုန်းငြိမ်းချမ်းတို့က မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက် သွားမယ်လို့ သိရပါတယ်။
Paris Fashion Week 2019 ပွဲကို ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့မှာ စက်တင်ဘာ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး နေခြည်ဦးနဲ့ ဘုန်းငြိမ်းချမ်းတို့ က စက်တင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ ၄ ရက်ကြာ သွားရောက် ကြမှာဖြစ်ပါတယ်။
နေခြည်ဦးဟာ ၂၀၁၈ ခုနှစ် ကလည်း Paris Fashion Week ကို သရုပ်ဆောင် ဝတ်မှုန်ရွှေရည် ၊ မိတ်ကပ် WEWEE တို့နဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပြီး အခုပွဲကို ဒုတိယ အကြိမ်မြောက် တက်ရောက်မှာ ဖြစ်ပါတယ်။
Paris Fashion Week မှာ နိုင်ငံတကာက နာမည်ကြီး Super Models များ၊ မင်းသမီးများ၊ ဒီဇိုင်နာများ၊ မိတ်ကပ်ပညာရှင်များနဲ့ Beauty Blogger များတက်ရောက်ကြမှာ ဖြစ်ပါတယ်။
Paris Fashion Week ဟာ ခေတ်ရေစီးကြောင်းအလိုက် ရေပန်းစားနေတဲ့ ဖက်ရှင်တွေ ၊ ဆံပင်ပုံစံတွေနဲ့ မိတ်ကပ်အပြင်အဆင်တွေကို အမိုက်စားကြည့်ရှုရမယ့် ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။
photo: nay chi oo fb