What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လမ္းေလွ်ာက္ေဘဘုတ္ walking billboard

(Zaw+Uni)

Ivanka Trump က ဖခင္သမၼတ ထရန္႔ပ္ရဲ႕ အတုိင္ပင္ခံအျဖစ္ ႏုိင္ငံတာ၀န္ကုိ ထမ္းေဆာင္တာမွာ

သူ႔ကုမၸဏီမွ ထုတ္လုပ္တဲ့ အ၀တ္အစားေတြကုိ ၀တ္ဆင္ၿပီး ဖက္ရွင္ brand ကုိ ျမႇင့္တင္ေနတယ္လုိ႔ The Wall Street Journal (WSJ) က ေရးသားခဲ့ပါတယ္။ WSJ က Facebook, Instagram နဲ႔ Twitter အပါအ၀င္ ဆုိရွယ္မီဒီယာေတြမွာ ရွိေနတဲ့ ထရန္႔ပ္ရဲ႕ အေကာင့္ေတြမွာ ေဖာ္ျပခဲ့တဲ့ ဓာတ္ပုံေတြမွာ အုိင္ဗင္ကာ ပါ၀င္တဲ့ ပုံေတြကုိ ေလ့လာဆန္းစစ္ခဲ့ပါတယ္။ သူ႔ကုမၸဏီမွ ထုတ္ကုန္ ဖက္ရွင္ထည္ေတြ ၀တ္စားထားတာ ဘယ္ႏွႀကိမ္ ရွိသလဲ ေရတြက္ခဲ့ပါတယ္။
Ivanka Trump ထုတ္ကုန္ေတြျဖစ္တဲ့ လက္ေပြ႕အိတ္ေတြ၊ အ၀တ္အစားေတြ၊ လက္၀တ္ရတနာေတြ၊ ရွဴးေတြ ၀တ္စားဆင္ယင္ထားတာ ၆၈ ႀကိ္မ္မွာ ၄၆ ႀကိမ္ ပါ၀င္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ အဲဒါ အိမ္ျဖဴေတာ္ရဲ႕ အတုိင္ပင္ခံ တာ၀န္ထမ္းေဆာင္ခဲ့တဲ့ မတ္လ ၂၉ ရက္မွ စတင္ေရတြက္ခဲ့တာ ျဖစ္ပါတယ္။ ရာခုိင္ႏႈန္းအားျဖင့္ ၆၈ ရာခုိင္ႏႈန္း ရွိပါတယ္။ အတုိင္ပင္ခံအျဖစ္ တရား၀င္ တာ၀န္စယူတာကေတာ့ ေအာက္တုိဘာလက်မွ စတင္ခဲ့တာ ျဖစ္ပါတယ္။

Ivanka Trump Year in Pink SS03

BN WT609 backgr 16U 20171227104727

BN WK230 IVANKA P 20171201160010

အခုလုိ အတုိင္ပင္ခံ တာ၀န္ယူမွာမုိ႔ သူ႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြကုိ မိသားစု၀င္ေတြ ပါ၀င္တဲ့ ထရပ္စ္(trust) တစ္ခုဖြဲ႕ၿပီး အဲဒီ ထရပ္စ္ရဲ႕ အုပ္ထိန္းမႈ ေအာက္မွာ ထားရွိပါတယ္။ ဒါေပမဲ့ ကုမၸဏီရဲ႕ ေငြေရးေၾကး အေျခအေနေတြကုိ သိခြင့္ ရွိတဲ့အျပင္ ကုမၸဏီမွ ျဖစ္ထြန္းတဲ့ အျမတ္ကုိလည္း သူ ရရွိပါတယ္။ ဒီေတာ့ အခုလုိ ၀တ္စားဆင္ျမန္းၿပီး ျမႇင့္တင္တာဟာ ကုိယ္က်ဳိးစီးပြားအတြက္လည္း ျဖစ္ေနႏုိင္တယ္လုိ႔ ေ၀ဖန္ေထာက္ျပၾကပါတယ္။
အုိင္ဗင္ကာက follower ၆.၄ သန္းရွိတဲ့ သူမရဲ႕ Facebook အေကာင့္မွာလည္း ဓာတ္ပုံေတြ တင္ပါတယ္။ ပါပါရာဇီ သတင္းသမားေတြကလည္း အုိင္ဗင္ကာ ဒီေန႔ ဘာ၀တ္သလဲဆုိတာ ဓာတ္ပုံ႐ုိက္ၿပီး မီဒီယာမွာ ေဖာ္ျပေလ့ရွိပါတယ္။ သတင္းဓာတ္ပုံအျဖစ္ ေဖာ္ျပခံရတဲ့ ႀကိမ္ေရကလည္း မနည္းဘူး။ ပရိသတ္ သန္း ၆၀ အခုိင္အမာရွိတဲ့ ေဒးလီးေမးလ္ သတင္း၀က္ဘ္ဆုိက္မွာ စက္တင္ဘာလနဲ႔ ေအာက္တုိဘာလ ႏွစ္လတည္းမွာတင္ သတင္းႀကိမ္ေရ ၆၇ ႀကိမ္ကုိ အုိင္ဗင္ကာရဲ႕ ဓာတ္ပုံနဲ႔တကြ ေဖာ္ျပခဲ့တာမုိ႔ သူ ၀တ္စားဆင္ယင္ထားတာေတြကုိ ျမင္ေတြ႕ၾကရပါတယ္။
အိမ္ျဖဴေတာ္က အေမရိကန္မွာ ထိပ္သီးနည္းပညာလုပ္ငန္းႀကီးေတြမွ စီအီးအုိေတြနဲ႔ ေတြ႕ဆုံတဲ့ေန႔မွာ အုိင္ဗင္ကာက သူ႔ကုမၸဏီမွ ဖက္ရွင္ကုိ ၀တ္စားဆင္ျမန္းခဲ့ပါတယ္။ Fox News Channel မွ ထုတ္လႊင့္တင္ဆက္ခဲ့ၿပီး ၾကည့္႐ႈသူ ၁.၇ သန္းရွိတယ္လုိ႔ တီဗီၾကည့္ႏႈန္း ထုတ္ျပန္တဲ့ လုပ္ငန္းကုိ လုပ္ငန္းတစ္ခုအျဖစ္ လုပ္ကုိင္္ၿပီး ျမန္မာႏုိင္ငံမွာလည္း MMRD-Nielsen ရုံးခြဲ ဖြင့္လွစ္ထားတဲ့ Nielsen က ထုတ္ျပန္တဲ့စာရင္းမွာ ေဖာ္ျပထားပါတယ္။
ဒီေတာ့ အုိင္ဗင္ကာဟာ လမ္းေလွ်ာက္ေဘဘုတ္ walking billboard လုပ္ေနတယ္လုိ႔ ေ၀ဖန္ခံရပါတယ္။

Uni

လမ်းလျှောက်ဘေဘုတ် walking billboard
=========================
Ivanka Trump က ဖခင်သမ္မတ ထရန့်ပ်ရဲ့ အတိုင်ပင်ခံအဖြစ် နိုင်ငံတာဝန်ကို ထမ်းဆောင်တာမှာ သူ့ကုမ္ပဏီမှ ထုတ်လုပ်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး ဖက်ရှင် brand ကို မြှင့်တင်နေတယ်လို့ The Wall Street Journal (WSJ) က ရေးသားခဲ့ပါတယ်။ WSJ က Facebook, Instagram နဲ့ Twitter အပါအဝင် ဆိုရှယ်မီဒီယာတွေမှာ ရှိနေတဲ့ ထရန့်ပ်ရဲ့ အကောင့်တွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေမှာ အိုင်ဗင်ကာ ပါဝင်တဲ့ ပုံတွေကို လေ့လာဆန်းစစ်ခဲ့ပါတယ်။ သူ့ကုမ္ပဏီမှ ထုတ်ကုန် ဖက်ရှင်ထည်တွေ ဝတ်စားထားတာ ဘယ်နှကြိမ် ရှိသလဲ ရေတွက်ခဲ့ပါတယ်။
Ivanka Trump ထုတ်ကုန်တွဖြေစ်တဲ့ လက်ပွေ့အိတ်တွေ၊ အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေ၊ ရှူးတွေ ဝတ်စားဆင်ယင်ထားတာ ၆၈ ကြိ်မ်မှာ ၄၆ ကြိမ် ပါဝင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အဲဒါ အိမ်ဖြူတော်ရဲ့ အတိုင်ပင်ခံ တာဝန်ထမ်းဆောင်ခဲ့တဲ့ မတ်လ ၂၉ ရက်မှ စတင်ရေတွက်ခဲ့တာ ဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၆၈ ရာခိုင်နှုန်း ရှိပါတယ်။ အတိုင်ပင်ခံအဖြစ် တရားဝင် တာဝန်စယူတာကတော့ အောက်တိုဘာလကျမှ စတင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အတိုင်ပင်ခံ တာဝန်ယူမှာမို့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မိသားစုဝင်တွေ ပါဝင်တဲ့ ထရပ်စ်(trust) တစ်ခုဖွဲ့ပြီး

အဲဒီ ထရပ်စ်ရဲ့ အုပ်ထိန်းမှု အောက်မှာ ထားရှိပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ ငွေရေးကြေး အခြေအနေတွေကို သိခွင့် ရှိတဲ့အပြင် ကုမ္ပဏီမှ ဖြစ်ထွန်းတဲ့ အမြတ်ကိုလည်း သူ ရရှိပါတယ်။

ဒီတော့ အခုလို ဝတ်စားဆင်မြန်းပြီး မြှင့်တင်တာဟာ

ကိုယ်ကျိုးစီးပွားအတွက်လည်း

ဖြစ်နေနိုင်တယ်လို့

ဝေဖန်ထောက်ပြကြပါတယ်။
အိုင်ဗင်ကာက

follower ၆.၄ သန်းရှိတဲ့ သူမရဲ့ Facebook

အကောင့်မှာလည်း ဓာတ်ပုံတွေ တင်ပါတယ်။

ပါပါရာဇီ သတင်းသမားတွေကလည်း အိုင်ဗင်ကာ ဒီနေ့ ဘာဝတ်သလဲဆိုတာ ဓာတ်ပုံရိုက်ပြီး မီဒီယာမှာ ဖော်ပြလေ့ရှိပါတယ်။

သတင်းဓာတ်ပုံအဖြစ် ဖော်ပြခံရတဲ့ ကြိမ်ရေကလည်း မနည်းဘူး။ ပရိသတ် သန်း ၆၀ အခိုင်အမာရှိတဲ့ ဒေးလီးမေးလ် သတင်းဝက်ဘ်ဆိုက်မှာ စက်တင်ဘာလနဲ့ အောက်တိုဘာလ နှစ်လတည်းမှာတင်

သတင်းကြိမ်ရေ ၆၇ ကြိမ်ကို အိုင်ဗင်ကာရဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာမို့ သူ ဝတ်စားဆင်ယင်ထားတာတွေကို မြင်တွေ့ကြရပါတယ်။
အိမ်ဖြူတော်က အမေရိကန်မှာ ထိပ်သီးနည်းပညာလုပ်ငန်းကြီးတွေမှ စီအီးအိုတွေနဲ့ တွေ့ဆုံတဲ့နေ့မှာ အိုင်ဗင်ကာက သူ့ကုမ္ပဏီမှ ဖက်ရှင်ကို

ဝတ်စားဆင်မြန်းခဲ့ပါတယ်။ Fox News Channel မှ ထုတ်လွှင့်တင်ဆက်ခဲ့ပြီး ကြည့်ရှုသူ ၁.၇ သန်းရှိတယ်လို့ တီဗီကြည့်နှုန်း

ထုတ်ပြန်တဲ့ လုပ်ငန်းကို လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ပြီး မြန်မာနိုင်ငံမှာလည်း MMRD-Nielsen ရုံးခွဲ ဖွင့်လှစ်ထားတဲ့
Nielsen က ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။
ဒီတော့ အိုင်ဗင်ကာဟာ လမ်းလျှောက်ဘေဘုတ် walking billboard လုပ်နေတယ်လို့ ဝေဖန်ခံရပါတယ်။

Read 1131 times
Rate this item
(0 votes)
Tagged under