What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒစ်ဂျစ်တယ် စူပါမော်ဒယ်

အာဖရိက စူပါမော်ဒယ်ကို Shudu ဟု အမည်ပေးထားသည်။ မျက်နှာက လုံးဝ အချိုးကျသည်။ နှုတ်ခမ်းများ ပြည့်သည် အသက် ၂၀ နှစ်ဝန်းကျင်။ စူပါမော်ဒယ်တစ်ဦးမှာ ရှိရမည့် ပင်ကိုအလှအရည်အသွေးများ အကုန်ရှိသည်။
သူ့မှာ မရှိသည်မှာ တကယ် မရှိခြင်း ဖြစ်သည်။

Shudu
******
Shudu ကို ဆိုရှယ်မီဒီယာပေါ်မှာ ဖန်တီးပေးထားသူမှာ လန်ဒန်မှ ဓာတ်ပုံဆရာ ကင်မရွန် ဂျိန်း ၀ဲလ်ဆင် ဖြစ်သည်။ သူက Shudu ကို ကမ္ဘာ့ပထမဆုံး ဒစ်ဂျစ်တယ် စူပါမော်ဒယ် ဟု ဆိုသည်။ သို့သော် ၎င်းဒစ်ဂျစ်တယ် စူပါမော်ဒယ်သည် ဖက်ရှင်ရှိုးပွဲ လျှောက်လမ်းပေါ်တွင် လျှောက်လှမ်းနိုင်မည်တော့ မဟုတ်ပေ။
၎င်းသည် ကွန်ပျူတာဖြင့် ပုံများ ထုတ်ပေးသည့် computer-generated imagery ဖြင့် ဖန်တီးထားသည့် CGI မော်ဒယ်မိန်းမပျို တစ်ဦးဖြစ်သည်။ သို့သော် ဆိုရှယ်မီဒီယာတွင် အရောင်းမြှင့်တင်ရေးအတွက် အစွမ်းထက်သည့် ကိရိယာတစ်ခု ဖြစ်သည်။
ထိုကိရိယာတွင် နာမည်တစ်လုံးကို တွဲကပ်ပေးထားလိုက်ပါ ဆိုရှယ်မီဒီယာတွင် အလုပ် ဖြစ်ဖို့ သေချာနေသည်။ ဆိုကြပါစို့။ Kendall Jenner ကို တစ်ကိုယ်လုံး ရှုထောင့်အမျိုးမျိုးများ ဗီဒီယို ရိုက်ကူးထားလိုက်ပြီး CGI ဖြင့် Kendall Jenner CGI မော်ဒယ်တစ်ဦးကို မွေးထုတ်ထား၍ ရသည်။ ဆိုရှယ်မီဒီယာတွင် Kendall Jenner က ဖက်ရှင်အမျိုးမျိုး ၀တ်ဆင်ပြထားသည့် ပုံများကို တွေ့ကြရမယ်။ ထိုပုံများတွင် ပါဝင်သူမှာ Kendall Jenner အစစ် ဟုတ်ချင်မှ ဟုတ်မည်။ CGI မော်ဒယ်ကို အစားထိုး သုံးထားခြင်းလည်း ဖြစ်နေမည်။ သို့သော် မြင်ရသူတို့ အစစ်နှင့် အတု ခွဲခြားနိုင်ကြမည် မဟုတ်ချေ။ Kendall Jenner က သူ့အမည်ကို တံဆိပ်ကပ်ထားသည့်အတွက် မူပိုင်ရှင်အဖြစ် အခကြေးငွေများ ရရှိနေမည် ဖြစ်သည်။ ထိုပုံများအတွက် Kendall Jenner အနေဖြင့် အချိန်ပေးဖို့ မလိုချေ။ မိတ်ကပ် လိမ်းခြယ် အလှပြင်ဖို့လည်း လိုမည် မဟုတ်ချေ။ ဘာမှ ၀င်လုပ်ပေးစရာမလိုပဲ အခကြေးငွေ ရရှိနေမည် ဖြစ်သည်။

 

shudu 1 min

shudu 2 min

shudu 3 min

နောက်ထပ် အလုပ်ဖြစ်ပုံတစ်မျိုးမှာ အပြင်တွင် တကယ်ရှိနေသည့် စူပါမော်ဒယ်၏ အမည်ကို တံဆိပ်ကပ်ခြင်း မပြုဘဲ သုံးစွဲခြင်း ဖြစ်သည်။ Shudu သည် CGI မော်ဒယ်စစ်စစ်ဖြစ်သည်။ အပြင်တွင် အမည်ခံသည့် စဲလီ မရှိချေ။ ထို့အပြင် Shudu သည် CGI မော်ဒယ်စစ်စစ်ဖြစ်ကြောင်းလည်း အတိအလင်း ပြောပြထားသည်။ သို့တိုင်အောင် Instargram တွင် followers တစ်သိန်း သုံးသောင်းကျော် ရရှိထားပြီးပြီ ဖြစ်သည်။ သူ့ပုံက လူအစစ်နှင့်မခြား။ အချို့ brand တို့က သူတို့၏ ပစ္စည်းများကို ကြော်ငြာပေးဖို့ ကမ်းလှမ်းကြသည်။ လောလောဆယ်တွင် ကင်မရွန်က Shudu ဖြင့် ငွေကြေး ရှာဖွေရန် စိတ်ကူးမရှိသေးသဖြင့် ငြင်းပယ်ခဲ့သည်။

လမ်းသစ်
*******
ဒစ်ဂျစ်တယ် မော်ဒယ်သည် လမ်းသစ်တစ်ခုဖြစ်နေသော်လည်း အလုပ်ဖြစ်မည့် အလားအလာကောင်းများ ရှိနေသည်။ သို့ဖြစ်ရာ အေဂျင်စီထောင်သူများ ရှိလာပြီ ဖြစ်သည်။ သာဓကအားဖြင့် ဗြိတိသျှ ကုမ္ပဏီ Irmaz Models က ဤလမ်းကြောင်းကို လိုက်နေပြီ ဖြစ်သည်။ “Imagined Reality Modelling Agency” ထူထောင်ပြီး CGI မော်ဒယ်များဖြင့် လုပ်ငန်းစနေပြီ ဖြစ်သည်။ ယခင်က Playboy ၏ ဓာတ်ပုံဆရာအဖြစ် လုပ်ကိုင်ခဲ့သူ Philip Jay က ဦးစီးပြီး လုပ်ကိုင်လျက်ရှိသည်။ သူက CNN နှင့် အင်တာဗျူးတွင် CGI မော်ဒယ်များ၏ အားသာချက်ကို ပြောပြခဲ့သည်။
“Brands တွေက မော်ဒယ်ကို ဘယ်လိုဟာမျိုးလိုချင်သလဲ ဆိုတာ အတိအကျ သတ်မှတ်ပေးလို့ရတယ်။ အဲဒီအတိုင်း တသွေမတိမ်း လုပ်ပေးလို့ ရတယ်။ ဘယ်လိုမျိုးနွယ်၊ ဘယ်လို ဆံပင်စတိုင်၊ ကျားလား မလား စတာတွေ အကုန်ရတယ်”
နောက်ထပ် အားသာချက်မှာ အချိန်မရွေး သုံးနိုင်ခြင်း ဖြစ်သည်။ ဓာတ်ပုံရိုက်ရန်၊ ဗီဒီယိုရိုက်ရန် ရက်အားကို ရက်ချိန်းယူပြီး ရက်ချိတ်ဖို့ မလိုချေ။

Lil Miquela
*********

Shudu ကို ဖန်တီးရှင် ကင်မရွန်က ကမ္ဘာ့ပထမဆုံး ဒစ်ဂျစ်တယ် စူပါမော်ဒယ် ဟု ဆိုထားသော်လည်း သူသည် ဒီဂျစ်တယ်လူ “digital person” အဖြစ် ဆိုရှယ်မီဒီယာပေါ်သို့ ပထမဆုံးကျော်ကြားသူတော့ မဟုတ်ချေ။ အရင်ဆုံး ကျော်ကြားခဲ့သည့် ဒစ်ဂျစ်တယ်ပုဂ္ဂိုလ်မှာ Lil Miquela ဆိုသည့် မိန်းကလေး ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ၀က်ဝက်ကွဲ ကျော်ကြားခဲ့ရာ followers ၁ ဒဿမ ၃ သန်း ရှိသွားသည်အထိ ဖြစ်သည်။ ထိုပရိသတ်များအကြား အပိုင်း ၃ ပိုင်း ကွဲနေသည်။ တစ်ပိုင်းက Lil Miquela သည် ဒစ်ဂျစ်တယ်မိန်းကလေးဟု ယူဆသည်။ တစ်ပိုင်းက အပြင်မှာ တကယ်ရှိသည်ကို ဒစ်ဂျစ်တယ်ဟန်ပန်ပေါက်အောင် တမင်ဖန်တီးထားခြင်းဟု ယူဆသည်။ ကျန်သည့် တစ်ပိုင်းက အစစ်လော ဒစ်ဂျစ်တယ်လော ဝေခွဲမရသူများ ဖြစ်သည်။
Lil Miquela က သိုသိပ်သည်။ Instargram ပေါ်တွင် ပုံတွေ တင်သည်။ သို့သော် သူ့ဘ၀အကြောင်း ဘာမှ မဖော်ပြ။ သို့လောသို့လောများ ဖြစ်နေကြရသည်မှာ တစ်နှစ်ဝန်းကျင်ကြာသွားသည်။

Lil Miquela 1 min

Lil Miquela 2 min

 

၂၀၁၇ ခုနှစ်တွင် သူသည် အစစ်မဟုတ်။ အစစ်ပကတိနှင့်မခြားအောင် ဖန်တီးထားသော သြဇာရှင် “virtual influencer” ဖြစ်ကြောင်း ဖန်တီးရှင် Brud က ထုတ်ဖော်ပြောကြားခဲ့သည်။ Burd သည် အမေရိက လော့အိန်ဂျယ်လိစ်မြို့မှာ ဉာဏ်ရည်တု artificial intelligence လုပ်ငန်း ဖြစ်သည်။

Lil Miquela က အမြင့်တန်းမှ brand များ၏ အ၀တ်အစားများ ၀တ်ဆင်သည်။ အဆင့်မြင့် စားသောက်ဆိုင်များတွင် စားသောက်သည်။ မီဒီယာကိုလည်း အီးမေးလ်ဖြင့် အင်တာဗျူး လက်ခံဖြေကြားပေးခဲ့သည်။

Read 1075 times
Rate this item
(0 votes)