What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသား အမျိုးသမီး ဝတ်ဘောင်းဘီရှည်ညှပ်နည်း

အမျိုးသား အမျိုးသမီး ဝတ်ဘောင်းဘီရှည်ညှပ်နည်း google

ဒီနေ့မှာတော့ အမျိုးသား အမျိုးသမီး ဝတ်ဘောင်းဘီရှည်ညှပ်နည်းပုံစံကို မျှဝေပေးမှာ ဖြစ်ပါတယ်။

1

 Read: ဝတ်စုံတွေမှာ အတွန့် အဖတ်လေးတွေ ဖြစ်အောင် ဘာကိုထည့်ပြီး ချုပ်လုပ်သလဲ?

(၂-တ)တွင်ဘောင်းဘီနောက်ခြမ်းတစ်ခြမ်းစာ ဝင်ဆန့်သောစက္ကူကို ရှေ့ခြမ်းပြုလုပ်စဉ်ကဲ့သို အလယ် ခေါက်ချိုးလိုင်း(သို့)အလယ်တစ်ဝက်မျဉ်း ကိုဆွဲပါ။ ၎င်းနောက်ခြမ်းယူမည့်စက္ကူ၏အလယ်မျဉ်း ပေါ်တွင် ရှေ့ခြမ်း၏အလယ်မျဉ်းကိုပုံပါအတိုင်းချ၍ ဘေးပတ်လည်ကို ပင်အပ်များဖြင့် မရွှေ့ အောင် ထိမ်းထားလိုက်ပါ။


နောက်ခြမ်းကိုယ်ထည်၏ တွက်နည်းသည် အခြားသော ပညာရှင်များ၏ တွက်ပုံတွက်နည်းနှင့် တူချင်မှတူမည် ဖြစ်သော်လည်း၊ နည်းစနစ်နှင့်ညှပ်သော အဝတ် အထည်များ၏ ပုံစံကျနမှုကိုတော့ လုံးဝ တာဝန်ယူပါသည်။
ပေါင်အပွ တွက်နည်းမှာ ပေါင်အပွနှင့်ခြေဝအပွကို အခြေခံ၍ တွက်ယူသောနည်း ဖြစ်ပါသည်။ ပြီးခဲ့သောရှေ့ခြမ်းတွင် 18"ပေါင်အကျယ်အသားတင်ကို 18" - 2=9" (ရှေ့ခြမ်းပေါင်တစ်ခြမ်းအပွ) နှင့်တိုင်း၍ ညှပ်ခဲ့ပါသည်။ ပေါင်အသားတင်အပွ 18"ကို ချုပ်ပြီးလျှင်ဝတ်ဆင်သူအကြိုက်ရှိရမည့် အပွအတိုင်းကို အတိုင်းတိုင်းစဉ်ကတပါတည်းတိုင်းထားရပါမည်။ ဥပမာ။ ။ချုပ်ပြီးအသားတင်အပွမှာ 21" ဖြစ်သည်ဆိုပါစို့။ (ချုပ်ပြီးပေါင်ပွအကျယ်) 21" - "ရှေ့ခြမ်းအသားတင်အကျယ်) = 12(နောက်ခြမ်းပေါင်အပွ)


ခြေ၀အပွတွက်နည်း မှာ ပေါင်အပွတွက်နည်းကဲ့သို့ပင်ဖြစ်ပါသည်။ချုပ်ပြီးအသားတင်ခြေအပွထဲ မှရှေ့ခြမ်းခြေ၀အကျယ် ကိုနုတ်လျှင် နောက်ခြမ်းခြေ၀အပွကို ရပါမည်။ ဥပမာ။ ။(ချုပ်ပြီးအသားတင်အပွ) 16"
(ချုပ်ပြီးအသားတင်အပွ) 16" - 7" (ရှေ့ခြမ်းခြေ၀အကျယ်) = 9" (နောက်ခြမ်းခြေ၀အကျယ်) ၊ ဤနေရာတွင်ဒူးအကျယ်ကိုတွက်လိုပါကလည်း ထိုနည်းတူစွာ တွက်နိုင်သော်လည်း ယခုပုံတွင် ထည့်သွင်း ဖေါ်ပြခြင်းမပြုတော့ပါ ။အဘယ်ကြောင့်ဆိုသော် ရှေ့ခြမ်းပုံဆွဲစဉ်က ဂွအကျယ်နေရာမှ ခြေအဆုံး 1" စီ အချိုးညီစွာ အောက်ဖက်သို့ ငယ်ထားသောကြောင့်ဖြစ်ပါသည်။

3

4

5

6

7

 အားလုံးပဲ အဆင်ပြေကြပါစေရှင်။

Myanmar Textile and Garment Directory

 

Read 12790 times
Rate this item
(2 votes)