စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ၁၅ရက်နေ့က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ချည်ထိုးနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူးက ကျေးလက်နေပြည်သူများအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ အတွေ့အကြုံများ ရရှိစေရန်၊ မြို့ပြနှင့် ကျေးလက်လူနေမှု အဆင့်အတန်းကွာဟမှု ကျဉ်းမြောင်းစေရန်၊ တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ ချည်ထိုးနည်းသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးတို့က သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ ၁၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၅ ရက် မှ ၂၄ ရက်အထိ ၁၀ ရက်ကြာမြင့်မည်ဖြစ်သည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ချည်ထိုးနည်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းဆရာမ နှင့် သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။
Source: Myawady News