What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝတ်စုံတွေမှာ အတွန့် အဖတ်လေးတွေ ဖြစ်အောင် ဘာကိုထည့်ပြီး ချုပ်လုပ်သလဲ?

ဝတ်စုံတွေမှာ အတွန့် အဖတ်လေးတွေ ဖြစ်အောင် ဘာကိုထည့်ပြီး ချုပ်လုပ်သလဲ? google

ဝတ်စုံတွေမှာ ထည့်ချုပ်ကြတဲ့ အတွန့် အဖတ် လေးတွေကို မာနေ ထောင်နေ ပေါ့ပေါ့ပါးပါးနဲ့ အထပ်အဖပ်လေးတွေ ဖြစ်နေအောင်လို့ အခုပြထားတဲ့ လိုသလိုပုံသွင်းနိုင်တဲ့ မီးဝါယာလို

ကြိုးတွေကို ထည့်သွင်း ချုပ်လုပ် ရပါတယ်။

Tie

Read: အကွက်ဖော်နည်း

အငြိမ့်မင်းသမီး ခါးထောင်အင်္ကျီတွေမှာဆို ခါးကော့ ထောင်နေအောင် ထည့်ချုပ်လို့ရပါတယ်။ ကော့ဆက်တွေမှာ ဆိုရင်လဲ အပေါ်နှုတ်ခမ်းအနားသပ် ရှေ့နောက် တစ်ပတ်လုံးမှာ ပိတ်စ အစွေကွပ်ပြီး ရင်ကပ်အောင် ထည့်ချုပ်လို့ ရပါတယ်။

တစ်ချို့သူတွေ က ဒီပစ္စည်းရှိမှန်း ဘယ်လို အသုံးပြုရမှန်း မသိကြတော့ လက်လှမ်းမီရာ သံကြိုး တုတ်တုတ်ကြီးတွေ ကို ထည့်ချုပ်မိတဲ့အခါမှာ သူ့ရဲ့ အလေးချိန်ကြောင့် wave တွေ fall တွေက အကျမလှ
လိုချင်သလို မဖြစ်ပဲ ပြားကပ်ကပ် အိတွဲတွဲနဲ့ အသက်မဝင်ပဲ အသေကြီးလို ဖြစ်သွားတတ်ပါတယ်။

ဘန်ကောက်မှာ pattern ညှပ်နည်းချည်းပဲ ရက်တိုသင်တန်းသွားတက်ကြတဲ့ သူတွေဆို ပိတ်စနဲ့ အထည်ချုပ်တာ မလေ့ကျင့်ခဲ့ကြရတော့ ကိုယ့်လုပ်ငန်းခွင် ပြန်ဝင်တဲ့အခါမှာ သင်ယူလာတဲ့ စက္ကူပက်တမ်တွေအတိုင်း လိုချင်တဲ့ အထည်ပုံမျိုး ထွက်အောင် ပြန်လည် အသုံးချ ချုပ်လုပ်နိုင်တဲ့သူ ရှားပါတယ်။ ဘယ်နေရာမှာ ဘာပစ္စည်းကိုသုံးပြီး
ဘယ်လိုနည်းပညာနဲ့ချုပ်ရမယ်မှန်း မသိကြတဲ့အတွက်ပါ။

အခုပြောပြတဲ့ ပစ္စည်းက အခုမှ ပေါ်လာတာ မဟုတ်ပါဘူး။ ဟိုးရှေးတုန်းကထဲက အသုံးပြုခဲ့ကြတာပါ။အဲ့ဒီနည်းလမ်းလေးကို ပြန်လည် မျှဝေပေးတာ ဖြစ်ပါတယ်ရှင်။

Source :PyaeSoeAung_ExclusiveBridalCreations

Myanmar Textile and Garment Directory

Read 4549 times
Rate this item
(2 votes)