Textile ကစက်ချုပ်မမတွေအတွက် လက်ဖောင်းပတ်တန်လေးကို မျှဝေပေးချင်ပါတယ်နော်
မူလရိုးရိုးလက် pattern ဆွဲပါ ။ အရှည် လက်ကောက်ဝတ်အထိ
၅ပုံအညီအမျှပုံတွင်ပြထားသည့်အတိုင်းပုံပါ။
ပုံပါအတိုင်း မြှားလေးတွေမှတ်ပါ
တံတောင်ဆစ်ကန့်လန့်မျဉ်းကို အကုန်ညှပ်မထုတ်ရပါ
တစ်ဖက်စီတွင် နည်းနည်းချန်ထားပါ
1,2,3,4,5,မျဉ်းများကို အပေါ်မှအောက်သို့ညှပ်ပါ
အကုန်မညှပ်ရ ချန်ထားရမည်
ပုံတွင်ပြထားသည့်အတိုင်း ခွဲကားပါ
၂လက်မ(သို့မဟုတ်) ၅စင်တီမီတာ ခွဲကားပါ
အပေါ်သို့ ၄လက်မ(သို့မဟုတ်)၁၀စင်တီမီတာ တက်၍ ဝိုက်ညှပ်ပါ။
အနီရောင်အစက်လေးပြထားသည့်နေရာကို ချည်ဆွဲတွန့်ပါ
အင်္ကျီကိုယ်ထည်နှင့်တွဲရန် ပတ်လည်ချုပ်စာချန်ပေးပါ။
နောက်ဆုံး ဒီပုံစံလေးရပါမည်။
အားလုံးအတွက် အသုံးဝင်ကျမယ်လို့ မျှော်လင့်ပါတယ်ရှင့်
Source : ကြယ်စင်မောင်နှမ
Myanmar Textile and Garment Directory