What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ်းခြေသွားမယ့် ပျိုမေတွေအတွက် fashion tips

ကမ်းခြေသွားမယ့် ပျိုမေတွေအတွက် fashion tips လေး ရေးပေးချင် ပါတယ်။

နောက် ကမ်းခြေသွားတဲ့အခါ မရှိမဖြစ်သယ်ယူသွားရမယ့် အရာလေးတွေလည်း ရေးပေးသွားပါ့မယ်။ ကမ်းခြေဆိုတာကတော့ အားလုံးသိတဲ့အတိုင်း တခြားအပန်းဖြေနေရာတွေနဲ့မတူ စိတ်လက်ပိုမို ပေါ့ပါးလန်းဆန်းစေတဲ့အပြင် အမြဲတမ်းကြားနေရတဲ့ လှိုင်းပုတ်သံ၊ အထူးသဖြင့် ရေသံတွေက အချစ်စိတ်တွေ တိုးပွားစေတယ်လို့ ဖတ်ဖူးပါတယ်။ ဒါ့ကြောင့်လည်း ပျားရည်ဆမ်းခရီးတို့ဘာတို့ဆို စုံတွဲတွေကို ကမ်းခြေသွားဖို့ကိုပဲ recommend ပေးတတ်ကြတာပါ။ နောက် စိတ်ဖိစီးမှုများနေတဲ့သူတွေလည်း ကမ်းခြေကိုပဲ အပန်းဖြေဖို့သွားသင့်တယ်လို့ ဆိုကြတယ် မဟုတ်လား။ကမ်းခြေဆိုတာ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး သွားရမယ့် နေရာလေးပါ။ ပဲများမယ်ဆိုရင်တောင် အတင်းကြီး အားမထုတ်ပဲ သူ့ဘာသာသူပဲ စတိုင်လ်ကျနေသလိုလို ပဲများရတဲ့ နေရာလေးပေါ့။ ကိုယ့်ဆီမှာရှိတဲ့ ပေါ့ပါးပြီး ချစ်စရာကောင်းတဲ့ အ၀တ်အစားလေးတွေ၊ အရောင်တောက်တဲ့ ဒီဇိုင်းလေးတွေ၊ နောက် အလွင့်ပုံစံလေးတွေက ကမ်းခြေနဲ့ လိုက်ပါတယ်။ ဒါက ခြုံငုံပြီး ပြောပြထားတာပါ။

15391076 1117784241674981 7682614146383188137 n15267705 1117784831674922 794444377561429107 n

ပထမဆုံးအနေနဲ့ ချစ်တို့က swimsuit ၀တ်တတ်တဲ့သူဆိုရင်တော့ ကမ်းခြေသွားတော့မယ်ဆိုတာနဲ့ အမိုက်စား swimsuit လေးတွေ စုထားဖို့လိုပြီပေါ့။ ဘယ်နှစ်စုံဆိုတာကတော့ ရေထဲတစ်ခါဆင်းရင် တစ်ခါအသစ်လဲချင်သလားပေါ် မူတည်ပြီး ကိုယ်နေမယ့်ရက်လေးနဲ့တွက်သယ်သွားရုံပေါ့။ swimsuit တွေထဲမှာလည်း ခုနောက်ပိုင်းချစ်စရာလည်းကောင်း၊ တစ်ချို့ကျတော့လည်း ဆက်စီကျကျလေးတွေ အစုံ ဈေးကွက်ထဲရောက်လာပါပြီ။ swimsuit မှာ two piece ပဲဖြစ်ဖြစ် one piece ပဲ ရေထဲမဆင်းခင်ဂျင်းဘောင်းဘီတိုလေး အပေါ်ကထပ်ဝတ်ပြီး ကမ်းခြေမှာနေနိုင်သလို ပြန်တက်လာပြီး ဟိုတယ်ထဲ တန်းမသွားချင်သေးရင်လည်း အဲ့ဒီလိုပဲ ဂျင်းဘောင်းဘီတစ်ထပ် ထပ်ဝတ်ပြီး အေးဆေးနားနားနေနေ နေနိုင်ပါသေးတယ်။ Swimsuit ရွေးချယ်မှုအပိုင်းကတော့ တစ်ယောက်တစ်မျိုး ဖြစ်နေနိုင်တာမို့ မေသော် ဒီလောက်ပဲ ရေးပေးချင်ပါတယ်။

ကမ်းခြေမှာပဲ ရေထဲမဆင်းဘူး၊ ဓာတ်ပုံတွေဘာတွေရိုက်မယ်ဆိုရင် Boho ဖက်ရှင်လေးတွေက ကမ်းခြေနဲ့လိုက်ဖက်ပါတယ်။ နောက် သင့်ဖက်ရှင်ကို ပေါ့ပါးပြီးလွင့်ဝဲနေစေမယ့် ဂါဝန်ရှည် Maxi Dress တွေကလည်း ကမ်းခြေနဲ့ လိုက်ဖက်လွန်းလှပါတယ်။

Women Summer Dress 2018 fashion new arrive strapless print two kind wear beach dresses 4408

 နောက် dress တစ်ခုခု အပေါ်ကဖြစ်စေ၊ အကျီနဲ့ဘောင်းဘီအတွဲအစပ်ပေါ်က ဖြစ်စေ ထပ်ဝတ်နိုင်တဲ့ maxi cardigan dressတွေကလည်း ကမ်းခြေသွားမယ့် ပျိုမေတွေအတွက် အထူးသင့်လျော်ပါတယ်။ ဒါကတော့ ကမ်းခြေမှာ sunset တို့ sunrise တို့မှာ အလှဓာတ်ပုံရိုက်ချင်တဲ့ ပျိုမေတွေအတွက်ပါ။

နောက်ကမ်းခြေသွားမယ့်သူတွေအတွက်  သယ်သွားဖို့ အကြံထပ်ပေးချင်တာကတော့ tank topလေးတွေ၊ ပေါင်တစ်ဝက် dressအပါးလေးတွေ၊ ခုနောက်ပိုင်း စပန့်သားလို့ အသားမျိုးတွေကို ဒီဇိုင်းဆင်ထားတဲ့ အကျီဘောင်းဘီ ၀မ်းဆက်လေးတွေ၊ overall လေးတွေ ၊ Off Shoulderလေးတွေ၊ တက်တင်းထိုးထားတဲ့ အသားမျိုးနဲ့ ကြိုးတစ်ချောင်းလေးတွေ၊ Floral playsuit လေးတွေ၊ ဖြူဖွေးနေတဲ့ dress အကားလေးတွေ၊ ဂျင်းဘောင်းဘီအတို၊ Pom Pom ဘောင်းဘီတိုလေးတွေ ( စပန့်သားလိုအသားမျိုးကို အတို..အောက်နားမှာ သိုးမွှေးလုံးလေးတွေနဲ့အလှဆင်ထား) ၊ စကတ်အရှည် ရှေ့ခွဲ၊ ဘေးခွဲ စတာတွေကို ရွေးချယ်သင့်ပါတယ်နော်။

15317760 1117784725008266 73584179867650331 n15267817 1117785168341555 744865651091473424 n

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကမ်းခြေသွားမယ့် ချစ်တို့ ဒီကနေ မဖြစ်မနေ ပါအောင်သယ်သွားရမယ့် အရာလေးတွေ ရှိပါသေးတယ်နော်။ အဲ့ဒါကတော့ ခရီးဆောင်အိတ်ထဲ ပစ္စည်းတွေထည့်တဲ့အခါ မမေ့အောင် သေချာယူသွားသင့်တဲ့ အရာလေးတွေပါ။ (၁) မျက်နှာသုတ်ပုဝါတစ်ထည်၊ (၂) Sandal ဖိနပ် (ကြိုးသိုင်းဖိနပ်အပါး) ဒါမှမဟုတ် Flip Flop (ညှပ်ဖိနပ်အပါး)၊ (၃) ဦးထုပ်၊ (၄) မျက်မှန် ၊ (၅) Headphone (ကမ်းခြေမှာ အပန်းဖြေတဲ့အခါ အေးဆေးသီချင်းလေးနားဆင်နိုင်ဖို့)၊ (၆) စာအုပ်၊ (၇) Sweatshirt (ညဘက်တွေ အေးလာတဲ့အခါ ၀တ်ဆင်ဖို့) ၊ (၈) Sunscreen ၊ (၉) Lip Balm ၊ (၁၀) ဘေးလွယ်အိတ် စတာတွေပါပဲ။ ဒါလေးတွေက ကမ်းခြေအတွက် မဖြစ်မနေလိုအပ်တဲ့ အရာလေးတွေမို့ သေချာထည့်သွားဖို့ တိုက်တွန်းချင်ပါတယ်။

ညဘက်တွေ ကမ်းခြေမှာ အေးမှာစိုးရင် ခုနစာရင်းထဲမှာ ပြောသလိုပဲ အနွေးထည်၊ sweatshirt၊ hoodie လေးတွေတော့ ပိုထည့်လာခဲ့လိုက်ပါ။ ညဘက်ဟိုတယ်ရှေ့မှာ စုထိုင်ပြီး စကားပြောမယ်၊ သောက်ကြမယ် ဆိုရင် လေတိုက်ပြီး ခပ်ကြာကြာ မထိုင်နိုင်မှာစိုးလို့ပါ။

ကဲ ဒီလောက်ဆိုရင်တော့ ကမ်းခြေသွားမယ့် ချစ်တို့ ပြင်ဆင်စရာတွေကိုမှတ်သားပြီးလောက်ပြီလို့ ထင်ပါတယ်။ ပုံလေးတွေထဲက ကိုယ်နဲ့ဘယ်လိုဒီဇိုင်းမျိုးလေးတွေ အဆင်ပြေမယ်ဆိုတာ တစ်ချက်ကြည့်ပြီး အိုင်ဒီယာထုတ်လိုက်ပါဦးနော်။

Read 1262 times
Rate this item
(0 votes)