What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စမတ်အ၀တ်အစား ၃ မျိုး

စမတ်အ၀တ်အစားတွေကို ခေတ်ရှေ့ပြေး စမ်းသပ် ထုတ်လုပ်လာကြတယ်။

လာမယ့် မျိုးဆက်မှာ ဆယ်ကျော်သက်တွေ စမတ်ဖက်ရှင်တွေ ၀တ်ဆင်ကြလိမ့်မယ်။

နည်းပညာတွေနဲ့ ၀တ်ဆင်နိုင်သော(wearable)ကိရိယာတွေ ပေါ်ပေါက်လာတယ်။ ခြေလှမ်း ဘယ်နှလှမ်း လှမ်းသလဲ။ နှလုံးခုန်နှုန်း ဘယ်လောက်လဲ အသိပေးဖို့လောက် မဟုတ်တော့တဲ့ ၀တ်ဆင်နိုင်သောကိရိယာတွေ ဖြစ်ပါတယ်။ အဲဒီလို ကိရိယာတွေကလည်း ကိုယ်ခန္ဓာမှာ ၀တ်ဆင်ရတယ်။ စမတ်အ၀တ်အစားတွေကလည်း ၀တ်ဆင်ရတယ်။ ဘာကွာမှာလဲ။ ကွာခြားတာက စမတ်အ၀တ်အစားတွေက သမားရိုးကျ အ၀တ်အစားတွေမှာ နည်းပညာကို ပေါင်းစပ်ထည့်ထားတာ ဖြစ်ပါတယ်။ အထည်သားထဲမှာ အာရုံခံကိရိယာတွေ မြှုပ်ထည့်ထားတယ်။ စမတ်အ၀တ်အစားတွေက ကိုယ်ခန္ဓာကို ခြေဆုံးခေါင်းဆုံး ဆက်သွယ်ပေးထားနိုင်မယ်။ ကိုယ်ခန္ဓာကို စောင့်ရှောက်ကာကွယ်ပေးမယ်။
စမတ်အ၀တ်အစားတွေက အင်တာနက် ချိတ်ဆက်ထားတယ်။ အီး-အထည် e-textiles, အီးချည်မျှင်e-threads တွေက စမတ်အ၀တ်အစားရဲ့ အာရုံခံကိရိယာတွေ တာဝန်ထမ်းဆောင်နိုင်အောင် ထောက်ပံ့ကူညီပေးထားတယ်။ ပြင်သစ်မှ Primo 1 D က အလွန့်အလွန်မြင့်မားတဲ့ တုန်နှုန်းရေဒီယိုလှိုင်းနဲ့ လုပ်ကိုင်ပေးနိုင်တဲ့ ချည်မျှင်ကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်တယ်။ ရေဒီယိုလှိုင်းဖြင့် အမှတ်အသားကို ဆက်သွယ်အသိပေးတဲ့ RFID (radio frequency identification)စနစ်ကို အသုံးပြုနိုင်စေမယ့် ချည်ဖြစ်ပါတယ်။ အဲဒီချည်က အင်တာနာအဖြစ် လုပ်ကိုင်ပေးနိုင်တယ်။
ယူကေမှ Advanced E-Textiles က ချည်မျှင်အရွယ်လောက်သာ ရှိတဲ့ တက်(tag) ကို တီထွင်ထားတယ်။ ၀တ်ဆင်တဲ့သူက သူ့အ၀တ်အစားမှာ တက်ချည် ပါနေမှန်း မသိရဘူး။ အင်မတန်သေးတဲ့ microelectronic tag ဖြစ်ပြီး ရေလျှော်ခံတယ်။ အ၀တ်အစားချုပ်တဲ့အခါ ထည့်ချုပ်ပေးလိုက်ရုံပဲ။ အဲဒီ တက်ချည်က RFID အချက်အလက်ကို ထုတ်လွှင့်ပေးတယ်။ RFID ကို လှိုင်းဖမ်းယူတဲ့ကိရိယာက အဲဒီ တက်ချည်မှ ထုတ်လွှင့်တာကို ဖမ်းယူပြီး အဲဒီ အ၀တ်အစားရဲ့ အချက်အလက်တွေကို ရယူတယ်။
အခုလို နည်းလမ်းတွေ သုံးစွဲရင် အပိုကုန်ကျစရိတ်တွေ ရှိလို့ ဈေးကြီးတဲ့ အ၀တ်အစားတွေမှာပဲ သုံးနိုင်ကြတယ်။ ဈေးသက်သာတဲ့ အ၀တ်အစားဆိုရင် ဆင်ဖိုးထက် ချွန်းဖိုး ကြီးနေလိမ့်မယ်။ ဒါပေမဲ့ တက်ချည် ထုတ်လုပ်တဲ့ အရေအတွက် အမြောက်အမြား ဖြစ်လာရင် ဈေးသက်သာသွားမယ်။ အဲဒီအခါကျ အ၀တ်အစားတိုင်းမှာ ထည့်သုံးနိုင်ကြလိမ့်မယ်။ လာမယ့် နှစ်နှစ်အတွင်းမှာ တွင်တွင် ကျယ်ကျယ် သုံးစွဲကြလိမ့်မယ်လို့ မျှော်မှန်းထားကြတယ်။

အခုနှစ်ပိုင်းမှာ ခေတ်ရှေ့ပြေးအဖြစ် ထုတ်လုပ်တဲ့ စမတ် အ၀တ်အစား ၃မျိုးကို တင်ပြလိုပါတယ်။

 

levi smart jacket 840x445

levis jacket meets jacquard still
• Google နဲ့ Levi’s တို့ ပူးပေါင်းလုပ်ကိုင်တဲ့ Trucker Jacket ရဲ့ Smart Touch
Levi’s ဂျင်း တီထွင်ထုတ်လုပ်ခဲ့တာ နှစ်ပေါင်း ၁၅၀ ရှိပြီ။ ဂူးဂဲရဲ့ အင်ဂျင်နီယာပညာနဲ့ စတွေ့ထိတယ်။ အဲဒီအခါ Levi’s ရဲ့ တစ်မူထူးခြားတဲ့ Commuter Trucker Jacket ပေါ်ပေါက်လာတယ်။ ကန်ဒေါ်လာ ၃၅၀ ရောင်းဈေးရှိတယ်။ ဂျက်ကက်ရဲ့လက် အဆုံးနေရာမှာ ဂျင်းချည်အစား တို့ထိရင် သိတဲ့ Jacquard ချည်ကို ထည့်ပြီး ရက်လုပ်ထားတယ်။ ဒီတော့ တို့ထိစေခိုင်းလို့ရတဲ့နေရာတစ်ခုအဖြစ် တာဝန်ထမ်းဆောင်တယ်။ အဲဒီဂျက်ကက်က မိုဘိုင်းဖုန်းနဲ့ အဆက်အသွယ် ရှိတယ်။ ဘလူးတုသ်နဲ့ ဆက်သွယ်နေတယ်။ ဂျက်ကက်ရဲ့ လက်ဖျားပိုင်းကို လက်ချောင်းလေးတွေနဲ့ အသာသပ်ပေးပြီး စမတ်ဖုန်းကို စေခိုင်းလို့ရတယ်။ ဥပမာ သီချင်းအတိုးအကျယ်ခိုင်းလို့ရတယ်။


• SUPA-Powered Smarter Sports Bra
နယူးယောက်မှ ဉာဏ်ရည်တု လုပ်ငန်းသစ် SUPA ကို ထူထောင်သူ စာဘိန်း ဆေးမွှာက နည်းပညာဖက်ရှင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး စမတ် အားကစားဘရာကို တီထွင်ဖန်တီးခဲ့တယ်။ SUPA ဘရာမှာ အာရုံခံတွေ ထည့်ထားတယ်။ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်၊ လှုပ်ရှားမှုတွေကို သိပေးတဲ့ အာရုံခံတွေ ဖြစ်ပါတယ်။ ရေကူးရင်လည်း ၀တ်လို့ရတယ်။ ဆိုးဝါးတဲ့ ရာသီဥတုမျိုးမှာလည်း ၀တ်ထားလို့ရတယ်။ စမတ်ဖုန်းနဲ့ အဆက်အသွယ် ရှိနေပြီး အားကစား လေ့ကျင့်တဲ့ အချက်အလက်တွေကို စမတ်ဖုန်းရဲ့ အက်ပ်ဖွင့်ပြီး ကြည့်လို့ရတယ်။

 

SUPA BRA

• Nadi X Vibrating and Virtual Yoga Pants
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ လုပ်ငန်းသစ်တစ်ခု ဖြစ်တဲ့ Wearable X မှ နဒီ အိပ်စ် ကိုယ်ကျပ်ဘောင်းဘီရှည်ကို အာရုံခံတွေ ထည့်ပြီး ရက်ထားတဲ့အထည်သားနဲ့ ချုပ်လုပ်ထားတယ်။ ။ ယောဂကျင့်တဲ့အခါ အနေအထား ယူတာမှာ တင်ပါးတွေ၊ ဒူးတွေနဲ့ ခြေကျင်းဝတ်တွေမှာ ညင်သာတဲ့ တုန်ခါမှု ပြုပေးပြီး အနေအထားမှန်အောင် လုပ်စေတယ်။ ဘောင်းဘီရှည်က စမတ်ဖုန်းကို ဘလူးတုသ်နဲ့ ချိတ်ဆက်ထားတယ်။ စမတ်ဖုန်းမှာ တင်ထားတဲ့ နဒီအက်ပ်ကို အသုံးပြုပြီး ယောဂလေ့ကျင့်ခန်းတွေကို လေ့လာသင်ယူနိုင်တယ်။

wearable x nadi x vibrating yoga pants 8 720x480 c

Read 1088 times
Rate this item
(0 votes)