What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ရုံအတွင်း အဝတ်အထည် ထုတ်လုပ်မှု အဆင့်ဆင့်

စက်ရုံအတွင်း အဝတ်အထည် ထုတ်လုပ်မှုနည်းလမ်း အဆင့်ဆင့်တို့ကို ပြောပြပေးချင်ပါတယ်။

- ပိတ်လိပ် ၊ ကုန်ကြမ်း ဝင်လာသည့် အချိန်တွင် စစ်ဆေးခြင်း
စက်ရုံထဲတွင် အသုံးပြုသည့်အစနှင့် ကုန်ကြမ်းတို့ကို သတ်မှတ်ထားသော အရည်အသွေးပြည့်မှီ ၊ မပြည့်မှီသိရှိစေဖို့ အတွက် စစ်ဆေးရပါမယ်။ ဒါကို ပိတ်လက်ခံစစ်ဆေးခြင်း လို့ခေါ်ပါတယ်။ စစ်ဆေးပြီးတဲ့ ကုန်ကြမ်းတွေကို စတိုထဲမှာ သိမ်းဆည်းထားရမှာ ဖြစ်တယ်။

- ပိတ်ဖြတ်ခြင်းအပိုင်း

To cut off in many fields min

ပိတ်စများကို ပိတ်မဖြတ်ခင် အထပ်များစွာ ထပ်ခင်းပြီး အထည်၏အစိတ်အပိုင်းများဖြစ်အောင် ဖြတ်ပြီးခွဲရပါမယ်။ အဲ့လို တဆက်တည်းလုပ်ဆောင်မှုကို ပိတ်ဖြတ်ခြင်းလို့ ခေါ်တယ်။ ပိတ်ဖြတ်ခြင်းတွင် ဘယ်လိုပုံစံ ဖြတ်မည်ဆိုတာကို ဆုံးဖြတ်ပြီး ပုံစံချမှတ်ရပါတယ်။ ပုံစံချပြီး လိုအပ်တဲ့အရှည်ရှိသည့် ပိတ်စကို ထပ်မယ်။ ဒီလို ပြုလုပ်ခြင်းကို ပိတ်ဖြန့်ခြင်းလို့ ခေါ်ဝေါ်တယ်။ ပိတ်ဖြန့်ထားပါက အစိတ်အပိုင်းရဲ့ ပုံသဏ္ဍန်အလိုက် ပိတ်စကိုဖြတ် ခွဲထုတ်ရပြီး ပိတ်ဖြတ်ခြင်းလို့ ခေါ်ပါတယ်။ ပိတ်ဖြတ်ထားတဲ့အစကိုတွဲရာမှာ မမှားစေရန် ခွဲခြားမှုပြုလုပ်ပြီးတော့ နံပါတ်တပ်ရပါမယ်။

- ချုပ်လုပ်မှုအပိုင်း

sewing min

အစိတ်အပိုင်းအထည်အစများကို တွဲပြီးချုပ်လုပ်ပါမယ်။ အစိတ်အပိုင်းလေးများကို ကိုယ်ထည်တွင် ချုပ်တွဲပြီး (အတွဲအဖက်ထုတ်လုပ်စဉ်) အထည်တစ်ထည်စာ ချုပ်ပြီးသား ဖြစ်နေရပါမယ်။ ထိုထုတ်လှုပ်မှုတွင် အလုပ်ကို တာဝန်ခွဲဝေပေးမှု ပုံစံနဲ့ ပြုလုပ်ရမှာဖြစ်တယ်။ အလုပ်တာဝန်ခွဲဝေလုပ်ဆောင်မှုမှာ တစ်ဦးစီက လက်ခံလုပ်ရတဲ့အလုပ် မတူပေမယ့်လည်း အဖွဲ့လိုက်ညီညီညွှတ်ညွှတ်နဲ့ အထည်တစ်ထည်ဖြစ်ဖို့ ချုပ်လုပ်ရမှာ ဖြစ်ပါတယ်။

- ချုပ်ပြီးအထည်ကို စစ်ဆေးခြင်း

check clothes min

ချုပ်ပြီးသားအထည်ကို စစ်ဆေးတဲ့အခါမှာ သတ်မှတ်ထားတဲ့ အတိုင်းအတာအတိုင်း ဖြစ်နေလား ၊ အညစ်အစွန်းရှိနေလား ၊ အထည်များ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ဖြစ်နေလားဆိုတာကို စစ်ဆေးရပါမယ်။

- အချောသတ် ၊ ထုတ်ပိုးဌာန

package deparment min

စစ်ပြီးသား အထည်ကောင်းများကို မီးပူတိုက်၍ အပူနဲ့ဖိပေးပြီး သန့်ရှင်းသပ်ရပ်စွာ အချောသတ်ပြုလုပ်ရမယ်။ ပြီးနောက် လိုအပ်တဲ့ တံဆိပ် ၊ ကဒ်ပြားတို့ကို တပ်ပေးပြီး ထုတ်ပိုးရပါမယ်။

- ဝယ်သူထံသို့ ချုပ်ပြီးအထည်များ ပို့ခြင်း
သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း စက်ရုံမှ အမှာစာပို့သူထံသို့ အထည်ကို အရောက်ပို့ပေးရမှာ ဖြစ်ပါတယ်။

Read 1301 times
Rate this item
(1 Vote)