What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသက်(၄၀)ရွယ်မှာ စတိုင်လ်ကျနေဖို့ဆိုရင်

အသက်(၄၀)ရွယ်မှာ စတိုင်လ်ကျနေဖို့ဆိုရင် google

အသက်(၄၀)ရွယ်မှာ စတိုင်လ်ကျနေဖိုဆိုရင်


အသက်အရွယ်ကြီးလာလေလေ စတိုင်ကျဖို့အတွက် အခွင့်အရေးနည်းသွားလေလို့တွေး နေသူတွေအတွက် ငယ်ရွယ်နုပျို ပြီး အမိုက်စားပုံလေးဖြစ်အောင် ပြင်ဆင်လို့ရတယ်ဆိုတာ သိထားရအောင် အကြံပြုချင်ပါတယ်။

ရောင်စုံလည်ဆွဲများအသုံးပြုခြင်း 
အသက်အရွယ်ရလာရင် အသားအရေ မွဲခြောက်လာ တတ်တာ ကြောင့် မျက်နှာတစ် ဝိုက်အရောင်ဟပ်ပြီး လင်းထင်း နေစေဖို့ လည်ဆွဲလေးတွေနဲ့ စတိုင်ထုတ်နိုင်ပါတယ်။

သက်တူရွယ်တူအနုပညာရှင်ကို တုပခြင်း
ကိုယ်နဲ့သက်တူရွယ်တူ၊ခန္ဓာကိုယ်အရွယ်အစားတူ၊ အသားရောင်တူပြီး ကိုယ်သဘောကျတဲ့ အနုပညာရှင်ရဲ့စတိုင်တွေကို မဂ္ဂဇင်းတွေ၊ ဝက်ဘ်ဆိုက်တွေမှာ ကြည့်ရင်း အတုယူဝတ်ဆင်တာ မျိုးလည်းလုပ်နိုင်ပါတယ်။

ခေတ်ရေစီးကြောင်းအတိုင်းလိုက်ခြင်း
ဗီရိုထဲမှာ ခေတ်ပေါ် အဝတ်အစားတစ်စုံ၊ နှစ်စုံလောက်ရှိနေရင်ကိုပဲ ကိုယ်က ဒိတ်အောက်နေတဲ့ စာရင်းထဲမပါနိုင်တော့ပါဘူး။ 
အဝတ်အစားအတွက် အချိန်မပေးနိုင်ဘူးဆိုပေမယ့် ရှော့ပင်း ထွက်ရင်းကိုယ့်အသက်တန်းအတွက် ဘာဒီဇိုင်းတွေခေတ်စားနေလဲဆိုတာ လေ့လာထားဖို့ လိုပါတယ်။

ခြေထောက်အလှပေါ်သည့် အဝတ်အစားရွေးခြင်း
အသက် (၂၀) အရွယ် ပြန်မရနိုင်တော့ဘူးဆိုတာနဲ့ အင်္ကျီပွပွ ရှည်ရှည်ကြီးတွေပဲဝတ်ရမှာမဟုတ်ပါဘူး။ 
ခြေထောက်အလှပေါ်လွင်စေမယ့် ဒူးအထက် ၁ လက်မ၊ ၂ လက်မစကတ်အတိုပုံစံမျိုးလည်း ဝတ်သင့်သလို အကျပ်ပုံစံလေးနဲ့လည်း အလန်းဇယားဖြစ်အောင် လုပ်နိုင်ပါသေးတယ်။

အရည်အသွေးမြင့် အထည်များ ရွေးချယ်ခြင်း
ခပ်ပေါပေါပိတ်စတွေသုံး ထားတဲ့ အဝတ်အစားထက် ပိုးသားလိုပိတ်သားပျော့ပျော့ချောချောပုံစံမျိုးတွေ၊ ပိတ်သား အကောင်းစားတွေဝတ်တာဟာချပ်ချပ်ရပ်ရပ်နဲ့ လှပစေပါတယ်။ 
နောက်ပြီးလက်ပြတ်ခါးတို အင်္ကျီပုံစံမျိုးလေးတွေ၊ ပိတ်ပါးသားသုံးထားတဲ့ အင်္ကျီမျိုးလေးတွေနဲ့ဆိုရင် အမြင်လေးဆန်းပြီး လှပနေစေမှာပါ။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

အသက္အရြယ္ႀကီးလာေလေလ စတိုင္က်ဖို႔အတြက္ အခြင့္အေရးနည္းသြားေလလို႔ေတြး ေနသူေတြအတြက္ ငယ္ရြယ္ႏုပ်ဳိ ၿပီး အမုိက္စားပံုေလးျဖစ္ေအာင္ ျပင္ဆင္လို႔ရတယ္ဆုိတာ သိထားရေအာင္ အႀကံျပဳခ်င္ပါတယ္။

ေရာင္စံုလည္ဆြဲမ်ားအသံုးျပဳျခင္း
အသက္အရြယ္ရလာရင္ အသားအေရ မြဲေျခာက္လာ တတ္တာ ေၾကာင့္ မ်က္ႏွာတစ္ ဝုိက္အေရာင္ဟပ္ၿပီး လင္းထင္း ေနေစဖို႔ လည္ဆြဲေလးေတြနဲ႔ စတိုင္ထုတ္ႏိုင္ပါတယ္။

သက္တူရြယ္တူအႏုပညာရွင္ကို တုပျခင္း
ကိုယ္နဲ႔သက္တူရြယ္တူ၊ခႏၶာကိုယ္အရြယ္အစားတူ၊ အသားေရာင္တူၿပီး ကိုယ္သေဘာက်တဲ့ အႏုပညာရွင္ရဲ႕စတိုင္ေတြကို မဂၢဇင္းေတြ၊ ဝက္ဘ္ဆိုက္ေတြမွာ ၾကည့္ရင္း အတုယူဝတ္ဆင္တာ မ်ဳိးလည္းလုပ္ႏုိင္ပါတယ္။

ေခတ္ေရစီးေၾကာင္းအတုိင္းလိုက္ျခင္း
ဗီ႐ိုထဲမွာ ေခတ္ေပၚ အဝတ္အစားတစ္စံု၊ ႏွစ္စံုေလာက္ရွိေနရင္ကိုပဲ ကိုယ္က ဒိတ္ေအာက္ေနတဲ့ စာရင္းထဲမပါႏိုင္ေတာ့ပါဘူး။
အဝတ္အစားအတြက္ အခ်ိန္မေပးႏုိင္ဘူးဆိုေပမယ့္ ေရွာ့ပင္း ထြက္ရင္းကိုယ့္အသက္တန္းအတြက္ ဘာဒီဇိုင္းေတြေခတ္စားေနလဲဆိုတာ ေလ့လာထားဖို႔ လိုပါတယ္။

ေျခေထာက္အလွေပၚသည့္ အဝတ္အစားေရြးျခင္း
အသက္ (၂၀) အရြယ္ ျပန္မရႏိုင္ေတာ့ဘူးဆိုတာနဲ႔ အက်ႌပြပြ ရွည္ရွည္ႀကီးေတြပဲဝတ္ရမွာမဟုတ္ပါဘူး။
ေျခေထာက္အလွေပၚလြင္ေစမယ့္ ဒူးအထက္ ၁ လက္မ၊ ၂ လက္မစကတ္အတိုပံုစံမ်ဳိးလည္း ဝတ္သင့္သလို အက်ပ္ပံုစံေလးနဲ႔လည္း အလန္းဇယားျဖစ္ေအာင္ လုပ္ႏိုင္ပါေသးတယ္။

အရည္အေသြးျမင့္ အထည္မ်ား ေရြးခ်ယ္ျခင္း
ခပ္ေပါေပါပိတ္စေတြသံုး ထားတဲ့ အဝတ္အစားထက္ ပိုးသားလိုပိတ္သားေပ်ာ့ေပ်ာ့ေခ်ာေခ်ာပံုစံမ်ဳိးေတြ၊ ပိတ္သား အေကာင္းစားေတြဝတ္တာဟာခ်ပ္ခ်ပ္ရပ္ရပ္နဲ႔ လွပေစပါတယ္။
ေနာက္ၿပီးလက္ျပတ္ခါးတို အက်ႌပံုစံမ်ဳိးေလးေတြ၊ ပိတ္ပါးသားသံုးထားတဲ့ အက်ႌမ်ဳိးေလးေတြနဲ႔ဆိုရင္ အျမင္ေလးဆန္းၿပီး လွပေနေစမွာပါ။

 


Credit : 7day Daily

Embroidery Machines & Services အထည္ပန္းထုိးစက္လုပ္ငန္း ၂၆၄ ခုကုိရွာရန္ႏွိပ္ပါ။

Read 2004 times
Rate this item
(0 votes)
Tagged under