What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ Braရွေးချယ်မှုမှားယွင်းနေတာကို သိနိုင်မယ့်အချက်များ

မိန်းကလေးတိုင်းအတွက် ဒီအချက်တွေဟာ မဖြစ်မနေသိကိုသိသင့်တာတွေပါ။

ကျွန်မတို့အတွက် ဘရာရွေးချယ်မယ်ဆိုရင် ရွေးချယ်တာ မှန်ကန်မှုရှိဖို့အဓိကပါ။မိန်းကလေးတိုင်းရဲ့ ရင်သားလှပပြီး ပုံကျနေစေဖို့ ကူညီနိုင်တာကလည်း ကိုယ်နဲ့တကယ်လိုက်ဖက်မယ့် ဘရာတွေပါပဲ။သင့်ကိုယ်သင် ရင်သားတွေနဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျတာ၊လွဲချော်နေတယ်လို့ခံစားနေရပြီဆိုရင်တော့
အောက်မှာပြထားတဲ့အချက်တွေနဲ့ ကိုက်ညီနေသလားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါ။

1-သင့်ရဲ့ကြိုးတွေက အောက်ကိုလျှောကျနေပြီဆိုရင် အရင်ဆုံးပြန်တင်းကြည့်ပါ။သင့်ကြိုးတွေဟာ ရေလျှော်တာများလို့ လျော့နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမယ့် ကြိုးတွေကိုတင်းလိုက်တာတောင် လျောနေသေးတယ်ဆိုရင်တော့ သူတို့ကကောင်းကောင်း
မထောက်ပံ့နိုင်တဲ့အပြင် သင့်ရဲ့ဘရာနဲ့ကြိုးဆိုဒ်က မှားယွင်းနေတယ်ဆိုတာပြနေပါတယ်။

2-သင့်ရဲ့ ရင်သားတွေက သင့်ဘရာအုံအပြင်ကို အရမ်းလျှံထွက်နေတာ၊အုံက အပေါ်ကို တက်လွန်းပြီး အောက်ရင်သားတွေပါ မလုံတာဆိုရင် သေချာပါတယ် သင့်ရဲ့ ဘရာဆိုဒ်ကသေးနေပါပြီ။ကိုယ့်နဲ့ကိုက်ညီလောက်မယ့် ဘရာဆိုဒ်ကိုပြောင်းလဲလိုက်ပါ။

3-သင့်ရဲ့ ဘရာအုံတွေက ရင်သားနဲ့ လွတ်နေတာ၊ဘရာအုံကဖောင်းလွန်းနေတာဟာလည်း ဘရာဆိုဒ်မှားနေကြောင်းပြတဲ့အချက်ပါ။သင့်ဘရာဆိုဒ်က ရင်သားထက်ပိုကြီးနေတဲ့သဘောပေါ့။

4-သင်က ဘရာဝတ်တဲ့အခါ ပုံမှန်အားဖြင့်နောက်ဆုံးချိတ်မှာ ၀တ်လေ့ရှိပေမယ့် အလယ်ချိတ်မှာ ၀တ်ရတာ ပိုပြီးသက်တောင့်သက်သာရှိတယ်ဆိုရင် သင့်ရဲ့ဘရာတွေက ဆွဲဆန့်လို့ရမယ်ဆိုတာ ပြနေပါတယ်။တကယ်လို့တော်တော်ကြီးကို ချောင်ချိပြီး လျော့ရဲနေတယ်ဆိုရင်တော့ ဒါပုံမှန်မဟုတ်တော့ပါဘူး။သင့်အနေနဲ့ ဘရာအသစ်ကို ၀ယ်ယူရမယ်ဆိုတာပြနေပါတယ်။

5-သင့်ရဲ့ပခုံးမှာ အချိုင့်အခွက်တွေရှိနေတာက သင့်ရဲ့ရင်သားတွေက ဘယ်လောက်လေးလံနေလဲဆိုတာ ပြနေတဲ့အကြောင်းတရားတွေ မဟုတ်ပါဘူး။သင့်ဘရာရဲ့ ကြိုးတွေကလုံလောက်တဲ့ထောက်ပံ့မှုမရှိဘူးဆိုတာ ပြနေတာဖြစ်ပြီး ကြိုးတွေက သက်တောင့်သက်သာမရှိတဲ့အတွက် ပခုံးမှာ အချိုင့်ခွက်အရာတွေဖြစ်စေတာပါ။ပိုသေးပြီး သက်တောင့်သက်သာဖြစ်မယ့်ဘရာကြိုးတွေကို စမ်းကြည့်လိုက်ပါ။

6-သင့်ဘရာတွေရဲ့ အလယ်တည့်တည့်ဟာ ရင်အုပ်ကို မ,တင်ထားနိုင်ပါတယ်။ရင်သားနှစ်ခုကြားဟာ စုစုစည်းစည်းနဲ့ ရှိနေသင့်ပါတယ်။တကယ်လို့ သင့်ဘရာရဲ့ အုံဟာသေးနေရင်တော့ ရင်သားနှစ်ခုဟာ ပြန့်နေမှာဖြစ်ပြီး ရင်သားကိုလုံးဝန်းလှပနေစေမှာမဟုတ်ပါဘူး။

7-ဘရာဝတ်ထားတုန်းမှာ သင့်ရဲ့ကျောနောက်နဲ့လည်ပင်းတွေနာတာ၊ကျောနောက်မှာ အသားတွေအစ်ထွက်နေတာတို့ဖြစ်ရင်တော့ သင့်ရဲ့ ဘရာကတင်းကျပ်လွန်းပြီး အရေပြားကို ဆွဲညှစ်ထားတယ်ဆိုတာ သတိရလိုက်ပါ။ဒီလိုအခြေအနေမျိုးဟာ မှားယွင်းတဲ့ဘရာဆိုဒ်ကို ၀တ်မှသာ ဖြစ်လေ့ရှိတာမို့ သင့်ရဲ့ ဘရာဆိုဒ်ကို ပြန်ဆန်းစစ်ကြည့်ပါ။ကျောနဲ့ပခုံးကိုသက်တောင့်သက်တာဖြစ်စေမယ့် အထူးဘရာတွေကို သင်ရွေးသင့်ပါတယ်။

သင့်အနေနဲ့ဒီအချက်တွေကြုံနေရပြီဆိုရင်တော့ သင့်ရဲ့ ဘရာရွေးချယ်မှုဟာ တစ်ခုခုတော့ Error တက်နေပါပြီ။ဒါကြောင့်အရင်ကထက်ပိုUpgradeလုပ်လိုက်ပါတော့။

source:moda

Read 1397 times
Rate this item
(0 votes)