What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်ကြပ်အင်္ကျီလေးတွေနဲ့စတိုင်လ်ကျကျလန်းနိုင်မယ့်နည်းလမ်း(၄)ခု

ဒီတစ်ပတ်မှာတော့ကိုယ်ကြပ်ဝတ်စုံလေးတွေကိုဘယ်လိုမျိုးဝတ်သင့်တယ်၊ဘယ်လိုကောက်ကြောင်းပုံစံတွေနဲ့ ဘယ်လိုမျိုးတွေကလိုက်ဖက်မယ်ဆိုတာလေးတွေကိုဖော်ပြလိုက်ပါတယ်။Bodyconလို့ခေါ်တဲ့ဒီဝတ်စုံတွေကဝတ်မယ်ဆိုရင်ခန္ဓာကိုယ်အလှကိုထင်းနေအောင်မြင်ရတာမို့မဝတ်ရဲဘူးဆိုတဲ့ယေင်းတွေလည်းရှိမှာပေါ့နော်။

ဒီတော့မဝတ်ရဲတဲ့သူလေးတွေအတွက်ရော၊ဝတ်လေ့ရှိတဲ့သူတွအတွက်ရောအဆင်ပြေနိုင်မယ့်နည်းလမ်းလေးတွေရှာဖွေရေးထားပေးတာမို့အဆင်ပြေလိမ့်မယ်လို မျှော်လင့်ပါတယ်။

(၁)ခါးလိုင်းအလှကို သိသာထင်ရှားနေပါစေ

ကိုယ်ကြပ်Bodycon Dressဝယ်တဲ့အချိန်မှာကိုယ့်ကောင်ကြောင်းနဲ့ကွယ်တိဖြစ်မယ့်ကိုယ်ကြပ်ဝတ်စုံလေးတွေ ကိုရွေးချယ်ပြီးတော့ဝယ်ယူပေးပါ။ကောက်ကြောင်းပုံစံမဖြစ်လို့လည်းစိတ်ညစ်မနေပါနဲ့နော်။ခါး ပတ်လှလှလေးတွေကိုအသုံးပြုပြီးတော့ကောက်ကြောင်းလှလှလေးဖြစ်အောင်ပုံဖော်လို့ရပါတယ်။Adminကတော့ Corset Belts (ခါးပတ်အပြားကြီးကြီး)တွေနဲ့တွဲဖက်ဝတ်ပါတယ်။

(၂)Accessoriesတွေနဲ့တန်ဆာဆင်ပါ

ကိုယ်ကြပ်ဝတ်စုံလေးတွေဝတ်ထားတဲ့အချိန်ယောင်းရဲ့ကောက်ကြောင်းအလှကအာရုံစိုက်မိစရာဖြစ်နေတက်ပါတယ်။အဲ့လိုဖြစ်နေလို့မနေတက်ဘူးဆိုရင်တော့ခပ်ကြီးကြီးနဲ့ထင်သာမြင်ရှိစေမဲ့ဆွဲကြိုးတွေ ၊ နားကပ် ၊ နားဆွဲ တွေသုံးပြီးတော့စတိုင်လ်အလန်းစားကိုဖန်တီးပေးနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့အပြင်သွားတဲ့အချိန်ကိုယ်ကြပ် ဝတ်စုံဝတ်ထားတာမို့စတိုင်လ်ကျနေအောင်လုပ်ထားတဲ့ပုံစံပေါက်နေတာကိုသဘောမကျဘူးဆိုရင်ဂျက်ကက်ကို ခါးမှာစည်းပြီးတော့ကောက်ကြောင်းကိုဖုံးကွယ်ထားနိုင်ပါတယ်နော်။ဖိနပ်လှလှလေဒတွေကိုလည်းဝတ်ဖို့မမေ့ပါနဲ့နော်။ပေါ့ပေါ့ပါးပါးပုံစံရချင်တယ်ဆိုရင်တော့ clutch လိုအိတ်အပြားလေးတွေကိုကိုင်ပေးပါ။ရုံးသွား ကျောင်းသွားဖက်ရှင်စတိုင်လ်အတွက်ဆိုရင်တော့ဘေးလွယ်အိတ်ကြီးကြီးတွေကိုကိုင်ဆောင်ပေးနော်။

(၃)အရောင်တွေသေချာရွေးပါ(အရင့်တွေကပိုအဆင်ပြေပါတယ်)

အနက်ရောင် ၊ မိုခါနဲ့အညိုရောင်တို့လိုအရောင်မျိုးတွေကပိန်သွယ်တဲ့ပုံပေါက်စေပြီးတော့ကောက်ကြောင်းအလှ ကိုပိုပြီးသိသာထင်ရှားစေပါတယ်။နည်းနည်းလေးဝနေတဲ့သူတွေကတော့ colour block bodycon dress (အရောင်စပ်ထားတဲ့ကိုယ်ကြပ်ဝတ်စုံ)တွေကပိုပြီးသင့်လျော်ပါတယ်။ဒီလိုဆိုမလိုလားအပ်တဲ့အဆီတွေ ၊ အလှပျက်စေတဲ့အဆီတွေကိုသတိမထားမိနိုင်မှာပါ။အနက်ရောင်ကိုယ်ကြပ်ဝတ်စုံကကိုယ့်ကိုပိန်သွယ်သယောင်ထင်စေနိုင်တဲ့အပြင်ပိုပြီးအရပ်ရှည်တဲ့ပုံရိပ်ကိုပါပေးစွမ်းနိုင်ပါတယ်တဲ့။

(၄)ဒီလိုတွဲစပ်ဝတ်ဆင်လို့လည်းရပါသေးတယ်

အနက်ရောင်ကိုယ်ကြပါဝတ်စုံ ၊ သားရေဂျက်ကက် နဲ့sneakers(ရှူးအပါး)လေးတွေနဲ့တွဲဖက်အပြီးဝတ်ဆင်မယ် ဆိုရင်အပြင်ထသွားထလာဖက်ရှင်စတိုင်လ်အတွက်အဆင်ပြေပါတယ်။ခန့်ထည်ပြီးချစ်စရာကောင်းတဲ့သွင်ပြင် ထသွားထလာဖက်ရှင်စတိုင်လ်အတွက်အဆင်ပြေပါတယ်။ခန့်ထည်ပြီးချစ်စရာကောင်းတဲ့သွင်ပြင်ပုံစံလေးရချင်တယ်ဆိုရင်တော့ကိုယ်ကြပ်ဝတ်စုံအပေါ်မှာပိုးသားအပေါ်ထက်လေးကိုထပ်ပြီးဝတ်ဆင်ပေးလိုက်ပါ။အများအကြားမှာပေါ်လွင်နေတဲ့ပုံစံမျိုးလေးဖြစ်ချင်တယ်ဆိုရင်တော့အပေါ်မှာ camel coat (ကုတ်အင်္ကျီအရှည်)လေး ထပ်ပြီးဝတ်ဆင်ပေးလို့ရပါတယ်။အိတ်ကိုတော့လက်ကိုင်အိတ်အပြားလေးကိုင်ပေးရင်အိုကေပါတယ်။လွယ်လွယ်လပ်လပ်စတိုင်လ်မျိုးအတွက်ဆိုရင်တော့sport shoes (အားကစားဖိနပ်)လေးတွေစီးနော်။အရှပ်ရှည်တဲ့ သူတွေကတော့ခြေသလုံးအပေါ်ရောက်တဲ့ဖိနပ်ရှည်တွေ ၊ ပေါင်လယ်လောက်ရှိတဲ့ဖိနပ်ရှည်တွေစီးပေးတာ အကောင်းဆုံးပါဘဲ။ဖိနပ်နဲ့ဝတ်စုံအနားနဲ့တော့ကွာနေမှဖြစ်မယ်နော်မဟုတ်ရင်မလှဘူး။

source:for her myanmar

Read 1673 times
Rate this item
(1 Vote)