What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ့်မှာ ရှိတာလေးတွေနဲ့ ဖက်ရှင်ကျအောင် ဝတ်ဆင်နိုင်တဲ့ အကြောင်း

ဒီနေ့တော့ ကိုယ့်မှာ ရှိတာလေးတွေနဲ့ ဖက်ရှင်ကျအောင် ဝတ်ဆင်နိုင်တဲ့ အကြောင်းလေး ပြောချင်ပါတယ်။ ချစ်တို့သိတဲ့အတိုင်း ဖက်ရှင်ရေစီးကြောင်းဆိုတာ အမြဲတမ်း မရပ်မနားကို စီးဆင်းနေတာပါ။ ဖက်ရှင်ချစ်သူတွေအတွက်တော့ ဒီရေစီးကြောင်းနောက် လိုက်ရင်း တစ်လတစ်လ အဝတ်အစားဖိုးနဲ့ တော်တော်ကုန်ကျနိုင်ပါ တယ်။

ခုပိုဆိုးတာက ဆိုရှယ်မီဒီယာတွေ တအားခေတ်စားလာတော့ အွန်လိုင်းရှော့တွေက တစ်ခုခုဆို သိပ်စဉ်းစားမနေပဲ ဝယ်ဖြစ်လာကြ တယ်။ အဲ ဒါတင်မကသေးပါဘူး။ FB ပေါ် တင်ထားပြီးသား ဓာတ်ပုံထဲ ကိုယ်ဝတ်ထားတဲ့ အကျီကို အပြင်မှာ ခဏခဏ မဝတ်ချင်တာနဲ့၊ ပွဲတစ်ပွဲမှာ ဒီအကျီဝတ်ပြီးရင် နောက်ပွဲတွေ ဒင်နာ ပါတီတွေမှာ ဝတ်ဖို့ အဆင်မပြေတော့တာနဲ့ ငွေကုန်ပေါက်တွေ ပိုများလာပါတယ်။

ဒီတော့ အဝတ်အစားဖိုးကြောင့် စိတ်ညစ်နေရ သူတွေကို အကြံပေးချင်တာက အကျီ ၊ဘောင်းဘီ စကတ် jacket စတာတွေကို ပြောင်းလဲ တွဲစပ်ဝတ်ဆင်ကြည့်မယ်ဆိုရင် အပေါ်ကြ ပသနာတွေကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့် မယ်။ အဲ့ကိစ္စအတွက် ကိုယ့်အနေနဲ့ နည်းနည်း အချိန်ပေးတွဲစပ်ကြည့်ဖို့ လိုပါတယ်။

ဥပမာ ပထမတစ်ခါ တွဲဝတ်တုန်းက ဒီအကျီကို ဘောင်းဘီရှည် sneaker နဲ့ တွဲဝတ်ထားတယ်ဆို ရင် နောက်တစ်ကြိမ်ကျ ဒီအကျီကို စကတ်ထဲ ကပိုကရိုကောက်ထည့်ပြီး အပေါ်က jean jacket လေး ထပ်ဝတ်တာ ဖြစ်ဖြစ်၊ ဒီအကျီကိုပဲ ခါးကို ချည်ပြီး ဘောင်းဘီတို bootလေးနဲ့ ပြောင်းတွဲဝတ် တာမျိုး ကြိုးစားတွဲစပ်ကြည့်ပါ။

တကယ်တော့ ဖက်ရှင်အမြင် အများကြီးမရှိဘူး ဆိုရင်တောင် အဝတ်အစားတွေ အချိန်ပေး တွဲစပ်ကြည့်မယ် ဆိုရင် အစုံအများကြီး ထွက်လာပါလိမ့်မယ်။ ကိုယ့်အနေနဲ့ ပထမတစ်ခါ ကိုယ်ဘယ်လို တွဲဝတ်ထားတယ် ဆိုတာ မှတ်ထားပြီး နောက်တစ်ကြိမ် ပြောင်း တွဲစပ်ဝတ်ဆင်ပါ။ ဒါမျိုး ကျင့်သားရလာရင် နောက်ပိုင်း ပိုအဆင်ပြေလာပါလိမ့်မယ်။ တကယ်လို့ အိုင်ဒီယာမရှိသေးရင် သုများတွေ ဘယ်လိုလေးတွဲဝတ်တယ် ကြည့်ထားပါ။၊ ဖက်ရှင်ပုံတွေ မှတ်ထားပါ။ ပုံတွေ သိမ်းသိထားသင့် သိမ်းထားပြီး အဲ့ဒီပုံလေးတွေရဲ့ အကူအညီ ယူ တွဲစပ်ကြည့်လိုက်ပါ။။ ဒါဆို တစ်ခါလာလည်းဒါ နောက်တစ်ခါလာလည်း ဒါဆိုတဲ့ `ကိုယ်ဒါဝတ်´ မဖြစ်တော့ဘူးပေါ့။

ခုကစပြီး အချိန်လေးပေး စမ်းကြည့်လိုက်ပါ။ ဒါဟာ ငွေကုန်သက်သာစေတဲ့ အပြင် ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း အမြင်ကျယ်လာပါလိမ့်မယ်နော်။ 

source:i am fashion

Read 1216 times
Rate this item
(0 votes)