What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပွဲတွေ ၊ပါတီတွေ တတ်တော့မယ်ဆိုရင်

ပွဲတွေ ၊ပါတီတွေ တတ်တော့မယ်ဆိုရင် google

ပွဲတွေ ၊ပါတီတွေ တတ်တော့မယ်ဆိုရင်


ဒီနေ့မှာတော့ textile ပရိသတ်ကြီးအတွက် ပွဲတွေတတ်တဲ့အခါမှာ ဘယ်လိုပြင်ဆင်သွားရမလဲဆိုတာပြောပြပေးချင်ပါတယ်။
၁။ အလွန်အကျွံဖြစ်နေတဲ့မိတ်ကပ်

Eye Shadow တွေ၊ နှုတ်ခမ်းနီတွေ၊ မိတ်ကပ်တွေ အရမ်းကြီးတောက်ပ ဖြူဖွေးနေအောင် မလိမ်းမိပါစေနဲ့။
အထူးသဖြင့် ဓာတ်ပုံရိုက်တဲ့အခါမှာ ကိုယ်တစ်ယောက်တည်း အရမ်းကြီးပြင်ဆင်ထားလွန်းမှန်း သိသာနေရင် ရှက်စရာကောင်းပါတယ်။ 
သာမန်ထက် နည်းနည်းလောက်လေးပဲ ပိုပြင်ပြီး ကြည့်ကောင်းမယ့်အနေအထားတစ်ခုရောက်ရင် တော်ပါပြီ။

၂။ သက်တောင့်သက်သာမဖြစ်တဲ့ဖိနပ်

အမြင်လှရုံနဲ့ရွေးချယ်ပြီးစီးလာကာမှ မခံမရပ်နိုင်လောက်အောင် ခြေထောက်နာလာရင်၊ သက်တောင့်သက်သာမရှိဘဲ စိတ်ရှုပ်နေရရင် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ 
သွားရလာရလည်း အဆင်မပြေဘူးဆိုမှတော့ ဖိနပ်လှလည်း အလကားပါပဲ။

၃။ လက်ဝတ်လက်စားတွေ

ကိုယ်သွားမှာ ပါတီပွဲပါ။ အလှူ၊ မင်္ဂလာဆောင် မဟုတ်လို့ ရွှေတွေကို ချွတ်သွားတာ အကောင်းဆုံးပါပဲ။ 
လက်ဝတ်လက်စားတွေဟာ ပါတီတွေနဲ့လည်း မလိုက်ဖက်ဘူးလေ။

၄။ ဖော်လွန်းချွတ်လွန်းတာရှောင်

အသားတွေပေါ်နေတိုင်းလှတာမဟုတ်ပါဘူး။ လှုပ်လို့ရှားလို့ကောင်းမယ့်ဝတ်စုံ၊ ကိုယ်နဲ့ကြည့်လို့လှမယ့်ဝတ်စုံကိုသာရွေးပါ။ 
အရမ်းကြီးဟိုက်လွန်း တိုလွန်းတာဝတ်လိုက်ကာမှ အရှက်ကွဲရတဲ့အဖြစ်မျိုးကြုံရင် ဘယ်သူမှမကယ်နိုင်ပါဘူး။

၅။ ခပ်နွမ်းနွမ်းအဝတ်အထည်

ဒါလည်းပဲ အရေးကြီးပါတယ်။ အဟောင်းအနွမ်းတွေရဲ့ခေတ်က ကုန်သွားပါပြီ။ 
ပါတီနဲ့လိုက်တဲ့ဝတ်စုံကိုဖြစ်ဖြစ် ဖက်ရှင်ကျမယ့်ဝတ်စုံကိုဖြစ်ဖြစ် တစ်ခုခုရွေးလိုက်ပါ။

၆။ ချက်ချင်းချိန်းမတွေ့နဲ့

ပါတီပွဲတက်တက်ချင်းမှာတင် စတွေ့တဲ့တစ်ယောက်နဲ့ အပြင်မှာထပ်ချိန်းတွေ့ဖို့မစဉ်းစားပါနဲ့။ 
ဘယ်လောက်ခေတ်မီတယ်ပြောပြော လေ့လာအကဲခတ်မှုလေးတော့ လုပ်ပါဦး။ 
တစ်ဖက်လူကကိုယ့်ကိုအထင်သေးမသွားဖို့ကလည်း အရေးကြီးပါသေးတယ်။

၇။ အချိန်အရမ်းနီးမှ ဆံပင်ပုံသွင်းတာမျိုးကိုရှောင်

ဒါကတော့ရှင်းပါတယ်။ အချိန်နီးမှ ဆံပင်ပုံသွင်းဖြန်းဆေးတွေ၊ Gel တွေ၊ ခေါင်းလိမ်းဆီတွေနဲ့ ဆံပင်ကိုပုံသွင်းဖီးလိမ်းသွားရင် စစချင်းမှာ ပုံကျနေသလိုဖြစ်နေပေမဲ့ တကယ်တမ်းပါတီကိုရောက်တဲ့အချိန်မှာ ပုံပျက်သွားနိုင်ပါတယ်။ 
ကိုယ်လုပ်ချင်တဲ့ဆံပင်ပုံစံကို ကြိုပြီးပုံသွင်းထားနိုင်ဖို့ ကြိုးစားပါ။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

ဒီေန႔မွာေတာ့ textile ပရိသတ္ႀကီးအတြက္ ပြဲေတြတတ္တဲ့အခါမွာ ဘယ္လိုျပင္ဆင္သြားရမလဲဆိုတာေျပာျပေပးခ်င္ပါတယ္။


၁။ အလြန္အကၽြံျဖစ္ေနတဲ့မိတ္ကပ္

Eye Shadow ေတြ၊ ႏႈတ္ခမ္းနီေတြ၊ မိတ္ကပ္ေတြ အရမ္းၾကီးေတာက္ပ ျဖဴေဖြးေနေအာင္ မလိမ္းမိပါေစနဲ႕။
အထူးသျဖင့္ ဓာတ္ပံုရိုက္တဲ့အခါမွာ ကိုယ္တစ္ေယာက္တည္း အရမ္းၾကီးျပင္ဆင္ထားလြန္းမွန္း သိသာေနရင္ ရွက္စရာေကာင္းပါတယ္။
သာမန္ထက္ နည္းနည္းေလာက္ေလးပဲ ပိုျပင္ျပီး ၾကည့္ေကာင္းမယ့္အေနအထားတစ္ခုေရာက္ရင္ ေတာ္ပါျပီ။

၂။ သက္ေတာင့္သက္သာမျဖစ္တဲ့ဖိနပ္

အျမင္လွရံုနဲ႕ေရြးခ်ယ္ျပီးစီးလာကာမွ မခံမရပ္ႏုိင္ေလာက္ေအာင္ ေျခေထာက္နာလာရင္၊ သက္ေတာင့္သက္သာမရွိဘဲ စိတ္ရွဳပ္ေနရရင္ ဘယ္လိုမွအဆင္ေျပမွာမဟုတ္ပါဘူး။
သြားရလာရလည္း အဆင္မေျပဘူးဆိုမွေတာ့ ဖိနပ္လွလည္း အလကားပါပဲ။

၃။ လက္ဝတ္လက္စားေတြ

ကိုယ္သြားမွာ ပါတီပြဲပါ။ အလွဴ၊ မဂၤလာေဆာင္ မဟုတ္လို႔ ေ႐ႊေတြကို ခၽြတ္သြားတာ အေကာင္းဆုံုးပါပဲ။
လက္ဝတ္လက္စားေတြဟာ ပါတီေတြနဲ႔လည္း မလိုက္ဖက္ဘူးေလ။

၄။ ေဖာ္လြန္းခြ်တ္လြန္းတာေရွာင္

အသားေတြေပၚေနတိုင္းလွတာမဟုတ္ပါဘူး။ လႈပ္လို႕ရွားလို႕ေကာင္းမယ့္၀တ္စံု၊ ကိုယ္နဲ႕ၾကည့္လို႕လွမယ့္၀တ္စံုကိုသာေရြးပါ။
အရမ္းၾကီးဟိုက္လြန္း တိုလြန္းတာ၀တ္လိုက္ကာမွ အရွက္ကြဲရတဲ့အျဖစ္မ်ိဳးၾကံဳရင္ ဘယ္သူမွမကယ္ႏိုင္ပါဘူး။

၅။ ခပ္ႏြမ္းႏြမ္းအဝတ္အထည္

ဒါလည္းပဲ အေရးႀကီးပါတယ္။ အေဟာင္းအႏြမ္းေတြရဲ႕ေခတ္က ကုန္သြားပါၿပီ။
ပါတီနဲ႔လိုက္တဲ့ဝတ္စံုကိုျဖစ္ျဖစ္ ဖက္႐ွင္က်မယ့္ဝတ္စံုကိုျဖစ္ျဖစ္ တစ္ခုခုေ႐ြးလိုက္ပါ။

၆။ ခ်က္ခ်င္းခ်ိန္းမေတြ႕နဲ႕

ပါတီပြဲတက္တက္ခ်င္းမွာတင္ စေတြ႔တဲ့တစ္ေယာက္နဲ႕ အျပင္မွာထပ္ခ်ိန္းေတြ႕ဖို႕မစဥ္းစားပါနဲ႕။
ဘယ္ေလာက္ေခတ္မီတယ္ေျပာေျပာ ေလ့လာအကဲခတ္မႈေလးေတာ့ လုပ္ပါဦး။
တစ္ဖက္လူကကိုယ့္ကိုအထင္ေသးမသြားဖို႕ကလည္း အေရးၾကီးပါေသးတယ္။

၇။ အခ်ိန္အရမ္းနီးမွ ဆံပင္ပံုသြင္းတာမ်ိဳးကိုေရွာင္

ဒါကေတာ့ရွင္းပါတယ္။ အခ်ိန္နီးမွ ဆံပင္ပံုသြင္းျဖန္းေဆးေတြ၊ Gel ေတြ၊ ေခါင္းလိမ္းဆီေတြနဲ႕ ဆံပင္ကိုပံုသြင္းဖီးလိမ္းသြားရင္ စစခ်င္းမွာ ပံုက်ေနသလိုျဖစ္ေနေပမဲ့ တကယ္တမ္းပါတီကိုေရာက္တဲ့အခ်ိန္မွာ ပံုပ်က္သြားႏုိင္ပါတယ္။
ကိုယ္လုပ္ခ်င္တဲ့ဆံပင္ပံုစံကို ၾကိဳျပီးပံုသြင္းထားႏိုင္ဖို႕ ၾကိဳးစားပါ။

 

Credit : Duwun

 
Read 1849 times
Rate this item
(0 votes)
Tagged under