What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခန္ဓာကိုယ်အလှကို ပေါ်လွင်စေဖို့ ရွေးချယ်သင့်တဲ့ Outfit (6)မျိုး

အမျိုးသမီးတိုင်း ခန္ဓာကိုယ်ပုံပန်းသဏ္ဍန် နှင့် ရုပ်အသွင်အပြင်ပိုင်းတွေကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။

သဘာဝအရ ခန္ဓာကိုယ်လှပမှု မပြည့်စုံတာမျိုးတွေလည်း ရှိတတ်တယ်။ ဒီလို ခန္ဓာကိုယ်ပေါ်လွင်လှပစေဖို့ ပုံမှန်လေ့ကျင့်ခန်းများလုပ်နိုင်တယ်ဆိုပေမဲ့ တခါတရံမှာ ကိုယ်လိုချင်တဲ့ အနေအထားတစ်ခုရဖို့အတွက် အချိန်တွေအများကြီး စောင့်စားရပါတယ်။ အဲ့လို စောင့်စားစရာမလိုပဲ အချိန်ခဏတွင်းမှာဘဲ သင့်ရဲ့ခန္ဓာကိုယ် ပေါ်လွင်လှပစေဖို့ အတွက် ဘယ်လို အဝတ်အစားမျိုးကို ရွေးချယ်သင့်လဲဆိုတာကို ပြောပြပေးမယ်နော်။

(၆) ခါးနေရာကို အလေးပေးပါ

1
သင့်ရဲ့ခန္ဓာကိုယ်ကြည့်ကောင်းစေဖို့အတွက် ခါးနေရာကို အလေးပေးတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ပါ။ ဒီလို ဝတ်ဆင်ခြင်းအားဖြင့် သင့်ကိုကြည့်ကောင်းစေပြီး ငယ်ရွယ်တယ်လို့ ထင်စေမှာပါ။ သင့်ရဲ့ခါးကို ဖုံးကွယ်ထားတဲ့ အဝတ်အစားကို ရှောင်ကြဉ်သင့်ပါတယ်။

(၅) ခြေထောက်ပေါ်လွင်အောင်ထားပါ

2
သင့်ရဲ့လှပတဲ့ ခြေတံလေးတွေကို ဖော်ပြဖို့ တုံ့ဆိုင်းဆိုင်းဖြစ်မနေပါနဲ့။ ရဲရဲဝံ့ဝံ့သာ ပြသလိုက်ပါ။ ဖက်ရှင်ဥပဒေမှာလည်း ဒီအချက်ဟာ အဓိက တစ်နေရာအဖြစ် ပါဝင်နေပါတယ်။

(၄) Pencil စကပ်နှင့် ပိုးဇာလွှာစကပ်မျိုးကို ရွေးချယ်ပါ

3
Christian Dior က သူ့ရဲ့ပထမဆုံး pencil skirt ကို ဖန်တီးခဲ့တယ်။ အဲ့ကနေစပြီး အမျိုးသမီးတိုင်းရဲ့ ဗီရိုထဲမှာ မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်လာပါတယ်။ ဒါဟာ သင့်ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် ဖော်ပြပေးပြီး ဆွဲဆောင်မှုရှိစေမှာ အမှန်ပါပဲ။

သင့်ရဲ့ခန္ဓာကိုယ် ပုံသဏ္ဍန်နဲ့ လိုက်ဖက်မဲ့ အဝတ်အစားကို ဘယ်လို ရွေးချယ်သင့်သလဲ

(၃) အလျားလိုက်အစင်းတွေဟာ သင့်ရဲ့အကောင်းဆုံးသူငယ်ချင်းပါ

4
ခန္ဓာကိုယ် လှပစေဖို့ အလျားပုံစံအစင်းတွေကို ဝတ်ဆင်ရန် ဖန်တီးပါ။ မိန်းမဆန်ပြီး ကြော့ရှင်းလှပနေပါလိမ့်မယ်။ ဒီလိုပုံစံ အမြင်အာရုံဟာ သင့်တင်ပါးအလှကို ပေါ်လွင်တယ်လို့ ထင်စေမိမှာပါ။

(၂) crop top ကို စကပ် (သို့) ဘောင်းဘီတို နဲ့ တွဲဖက်ခြင်းဟာ ရိုးရှင်းပေမဲ့ အံ့သြဖွယ်ဖြစ်စေမှာပါ

5
crop top ဟာ သင့်ရဲ့ခါးကို ပေါ်လွင်စေဖို့ ပြီးပြည့်စုံတဲ့ အရာဖြစ်တယ်။ crop top နှင့် denim short ကို တွဲဖက်ရွေးချယ်လိုက်မယ်ဆိုရင် သင့်ကို လုံးဝအံ့အားသင့်ဖွယ် ဖြစ်သွားအောင် ပြုလုပ်ပေးလိမ့်မယ်။ စကပ်အတိုအကားလေးတွေဟာ ဆွဲဆောင်မှုရှိစေပြီး ယနေ့ခေတ်မှာ ဖက်ရှင်ကျတဲ့အရာဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်ပေါ်လွင်ပြီး hourglass body shape ဖြစ်အောင် ကူညီပေးနိုင်မှာဖြစ်တယ်နော်။

(၁) fit ဖြစ်ပြီး သင့်လျော်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ပါ

6
dress ၊ စကပ်နဲ့ ဂျင်းတွေဟာ သင့်ကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးမယ့်အရာဖြစ်ပါတယ်။ ဒီလို outfit တွေဟာ သင့်ရဲ့ခန္ဓာကိုယ်ကို ပိုပေါ်လွင်စေတယ်။ High Heel ဒါမှမဟုတ် Sandal ကိုသာ ထပ်ပေါင်းထပ်လိုက်မယ်ဆိုရင် ပိုပြီး လှပသွားပြီပေါ့။

 

Author:TDA

Read 8723 times
Rate this item
(1 Vote)