What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီလိုအင်တာဗျူးမျိုးဆို ဒီလိုလေးတွေဝတ်ရမယ်

ဒီလိုအင်တာဗျူးမျိုးဆို ဒီလိုလေးတွေဝတ်ရမယ် google

ဒီလိုအင်တာဗျူးမျိုးဆို ဒီလိုလေးတွေဝတ်ရမယ်


သင်အင်တာဗျူးသွားရပါတော့မယ်။ အင်တာဗျူးဆိုတာဘယ်သူ.အတွက်မဆိုအရေးကြီးတာချည်းပါပဲ။
ပိုသတိထားရတာက အင်တာဗျူးသွားဖြေတဲ့အခါ ကိုယ်လျှောက်ခဲ့တဲ့ အလုပ်ပေါ်မူတည်ပြီးတော့ ဘယ်လိုဝတ်စားဆင်ယင်သွားသင့်တယ် ဆိုတာကိုစဉ်းစားရပါမယ်။
Expert Interview Coach တစ်ယောက်ဖြစ်တဲ့ Barry Drexler က "လူတစ်ယောက်ကိုပထမဆုံးမြင်လိုက်ရတဲ့အမြင်က အရေးအကြီးဆုံးပါပဲ။
စကားတစ်လုံးမှမပြောခင်မှာဘဲ လူတွေက သင်ဘာဝတ်ထားလဲဆိုတာကိုအရင်အကဲခတ်ကြတာပါ။" တဲ့.....။
ဘယ်သူ.ကိုပဲမေးမေး ကြည့်မကောင်းတာချင်းယှဉ်ရင်တောင်မှ သာမန်ထက်လျော့ကျပြီး ဝတ်စားတာထက် သာမန်ထက်လွန်ကဲပြီး ဝတ်စားတာကလူတွေပိုအသိအမှတ်ပြုကြပါတယ်။

ကဲ..... ဒါဆိုဘယ်လိုအင်တာဗျူးမျိုးမှာ ဘယ်လိုလေးတွေဝတ်ပြီး သွားဖြေသင့်လဲ ???

၁။ စာအရေးအသားပိုင်းနဲ.ပတ်သက်တဲ့အလုပ်၊ အယ်ဒီတာ၊ ရုပ်ရှင်ပိုင်း၊ ဂရပ်ဖစ်ဒီဇိုင်နာ၊ ဒါရိုက်တာ
- ဒီလိုအလုပ်တွေအတွက် အင်တာဗျူးသွားတော့မယ်ဆိုရင်တော့ အဓိကက Suit အပြည့်ဝတ်သွားဖို.မလိုတာပါပဲ။
သက်တောင့်သက်သာနဲ. ဘယ်လိုနေရာသွားသွားအဆင်ပြေတဲ့ ပေါ့ပေါ့ပါးပါးအဝတ်အစားမျိုးလေးတွေကိုရွေးချယ်ပါ။
ရှူးဝတ်လို.ရသလို၊ ဘောင်းဘီဆိုရင်လည်း အနက် ဒါမှမဟုတ်ရင် မှောင်တဲ့ဘက်သွားတဲ့အရောင်တွေကိုဝတ်ဆင်ပါ။
Accessories တွေဝတ်တာကိုတော့တတ်နိုင်သလောက်လျှော့ပါ။

၂။ ရှေ.နေ၊ အိမ်ခြံမြေနဲ.ပတ်သက်တဲ့အလုပ်၊ လူမှုဆက်ဆံရေး၊ အရောင်းပိုင်း၊ ဈေးကွက်ထိုးဖောက်ရေး၊ ကြော်ငြာပိုင်းနဲ.ပတ်သက်တဲ့အလုပ်
- သေသပ်ကျနနေဖို.လိုပါတယ်။ မိန်းကလေးတွေဆို မိတ်ကပ်တွေတအားကြီးပြင်ထားတာမျိုးမသင့်တော်ပါဘူး။
ဆံပင်ကိုလည်း သန်.ရှင်းသပ်ရပ်နေအောင်ထားပါ။ ရေမွှေးပြင်းပြင်းတွေမဆွတ်ပါနဲ.။ Shoe ကို၃လက်မထက်ပိုထူတာမျိုးလည်းမဝတ်ပါနဲ.။
အရောင် အရမ်းတောက်တာတွေ၊ မျက်စိနောက်စရာဖြစ်မယ့်ဟာတွေ မဝတ်ပါနဲ.။

၃။ ဖက်ရှင်အယ်ဒီတာ၊ အဝယ်ကောက်သူ၊ စတိုင်လ်လစ်၊ ဒီဇိုင်နာ၊ ကုန်ပစ္စည်းတင်သွင်းတဲ့အပိုင်း၊ လက်ထောက်၊ ဖက်ရှင်နဲ.ပတ်သက်တဲ့ အရောင်းပိုင်း
- ဖက်ရှင်နဲ.ပတ်သက်တဲ့အလုပ်အင်တာဗျူးတွေသွားတဲ့အခါမှာ အဓိကမှားယွင်းတဲ့အချက်က ခေတ်မီလွန်းပြီး အမြင်ဆန်းလွန်းအောင် ဝတ်စားသွားတာပါ။
ကြည့်ကောင်းအောင်ရိုးရိုးလေးဝတ်ပြီး Accessories တွေကိုမျက်စိပသာဒရအောင် ဆင်ယင်ဝတ်စားသွားတာမျိုးက ပိုအဆင်ပြေပါတယ်။
စတိုင်လ်မိုက်တဲ့ Shoe၊ အမြင်စူးပြီးကြည့်လို.ကောင်းတဲ့ အိတ်မျိုးနဲ. ခေတ်မီလှပတဲ့ ကျောက်မျက်အဆင်တန်ဆာမျိုးကိုတွဲဝတ်တာက သင့်ကိုကြည့်လို.ပိုကောင်းစေပါတယ်။
အပေါစားမဆန်လွန်းအောင်လည်း ဝတ်တတ်ရပါမယ်။

၄။ ဘဏ်လုပ်ငန်း၊ အကြံပေးအရာရှိ၊ စာရင်းအင်းပိုင်းဆိုင်ရာ၊ အာမခံလုပ်ငန်း
- အရောင်ရင့်ရင့် Suit မျိုးရွေးဝတ်ပါ။
Suit အောက်ခံ Shirt ကိုတော့ အဖြူ (သို.) အရောင်ဖျော့တာမျိုးလေးရွေးဝတ်ပြီး သင့်တော်ကြည့်ကောင်းမယ့် Accessories မျိုးလေးတွေတွဲဖက်ဝတ်ဆင်ပါ။
သင်ဝတ်သွားတဲ့ဝတ်စုံက သင်သေချာရွေးချယ်ပြီး ဝတ်ဆင်သွားမှန်းသိသာပါစေ။
အဓိကက အရောင်တောက်တာတွေ၊ မိန်းကလေးဆိုရင် လက်ပြတ်အင်္ကျီတွေ မဝတ်မိဖို.ပါပဲ။
Cutting ကောင်းကောင်းနဲ. သေသပ်ကျနစွာ ဝတ်သွားတာမျိုးဆိုရင်တော့ အသင့်တော်ဆုံးပါပဲ။

၅။ အင်ဂျင်နီယာ၊ ကုန်ပစ္စည်းပိုင်းမန်နေဂျာ၊ ဒီဇိုင်နာ၊ ပေါင်းသင်းဆက်ဆံရေးအပိုင်း၊ IT နဲ.ပတ်သက်တဲ့အလုပ်
- ဒီအလုပ်တွေအတွက်အင်တာဗျူးသွားရင်လည်း သင့်ကိုအင်တာဗျူးတဲ့သူတွေက သင်ဟာ အင်တာဗျူးအတွက် သေချာပြင်ဆင်ဝတ်စားလာခဲ့မှန်းသိသာစေရပါမယ်။
ဒါပေမယ့် အရမ်းကြီး Suit တွေ Tie တွေအပြည့်နဲ.သွားဖို.တော့လည်း မလိုအပ်ပါဘူး။
တော်ကြာ သင်မျှော်မှန်းထားတာအရမ်းမြင့်လွန်းတယ်လို. အင်တာဗျူးသူတွေထင်သွားမှာစိုးလို.ပါ။
အဓိကက အရမ်းကြီး ရုံးဆန်ဆန်မဝတ်ဘဲနဲ. အမြင်မှာသင့်လျော် Formal ကျတဲ့ရုံးသွားပုံစံမျိုးဝတ်ဆင်ရပါမယ်။
သေသပ်တဲ့ Sweater မျိုးတွေတောင်ဝတ်ချင်ရင်ဝတ်လို.ရပါတယ်။ အောက်ကလည်းအရောင်ရင့်တဲ့ Jeans ဝတ်လို.အဆင်ပြေနိုင်ပါတယ်။

အဲ့ဒီ့တော့ မိတ်ဆွေတို.လည်း ဖြေရမယ့်အင်တာဗျူးပေါ်မူတည်ပြီး ကိုယ်နဲ.ကိုက်ညီဆီလျော်တဲ့အဝတ်မျိုး ရွေးချယ်ဝတ်ဆင်ကြဖို. တိုက်တွန်းလိုက်ပါရစေ။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

သင္အင္တာဗ်ဴးသြားရပါေတာ့မယ္။ အင္တာဗ်ဴးဆိုတာဘယ္သူ.အတြက္မဆိုအေရးႀကီးတာခ်ည္းပါပဲ။
ပိုသတိထားရတာက အင္တာဗ်ဴးသြားေျဖတဲ့အခါ ကိုယ္ေလွ်ာက္ခဲ့တဲ့ အလုပ္ေပၚမူတည္ၿပီးေတာ့ ဘယ္လိုဝတ္စားဆင္ယင္သြားသင့္တယ္ ဆိုတာကိုစဥ္းစားရပါမယ္။
 Expert Interview Coach တစ္ေယာက္ျဖစ္တဲ့ Barry Drexler က "လူတစ္ေယာက္ကိုပထမဆုံးျမင္လိုက္ရတဲ့အျမင္က အေရးအႀကီးဆုံးပါပဲ။
စကားတစ္လုံးမွမေျပာခင္မွာဘဲ လူေတြက သင္ဘာဝတ္ထားလဲဆိုတာကိုအရင္အကဲခတ္ၾကတာပါ။" တဲ့.....။
ဘယ္သူ.ကိုပဲေမးေမး ၾကည့္မေကာင္းတာခ်င္းယွဥ္ရင္ေတာင္မွ သာမန္ထက္ေလ်ာ့က်ၿပီး ဝတ္စားတာထက္ သာမန္ထက္လြန္ကဲၿပီး ဝတ္စားတာကလူေတြပိုအသိအမွတ္ျပဳၾကပါတယ္။

ကဲ..... ဒါဆိုဘယ္လိုအင္တာဗ်ဴးမ်ိဳးမွာ ဘယ္လိုေလးေတြဝတ္ၿပီး သြားေျဖသင့္လဲ ???

၁။ စာအေရးအသားပိုင္းနဲ.ပတ္သက္တဲ့အလုပ္၊ အယ္ဒီတာ၊ ႐ုပ္ရွင္ပိုင္း၊ ဂရပ္ဖစ္ဒီဇိုင္နာ၊ ဒါ႐ိုက္တာ
- ဒီလိုအလုပ္ေတြအတြက္ အင္တာဗ်ဴးသြားေတာ့မယ္ဆိုရင္ေတာ့ အဓိကက Suit အျပည့္ဝတ္သြားဖို.မလိုတာပါပဲ။
သက္ေတာင့္သက္သာနဲ. ဘယ္လိုေနရာသြားသြားအဆင္ေျပတဲ့ ေပါ့ေပါ့ပါးပါးအဝတ္အစားမ်ိဳးေလးေတြကိုေ႐ြးခ်ယ္ပါ။
 ရႉးဝတ္လို.ရသလို၊ ေဘာင္းဘီဆိုရင္လည္း အနက္ ဒါမွမဟုတ္ရင္ ေမွာင္တဲ့ဘက္သြားတဲ့အေရာင္ေတြကိုဝတ္ဆင္ပါ။
 Accessories ေတြဝတ္တာကိုေတာ့တတ္ႏိုင္သေလာက္ေလွ်ာ့ပါ။

၂။ ေရွ.ေန၊ အိမ္ၿခံေျမနဲ.ပတ္သက္တဲ့အလုပ္၊ လူမႈဆက္ဆံေရး၊ အေရာင္းပိုင္း၊ ေဈးကြက္ထိုးေဖာက္ေရး၊ ေၾကာ္ျငာပိုင္းနဲ.ပတ္သက္တဲ့အလုပ္
- ေသသပ္က်နေနဖို.လိုပါတယ္။ မိန္းကေလးေတြဆို မိတ္ကပ္ေတြတအားႀကီးျပင္ထားတာမ်ိဳးမသင့္ေတာ္ပါဘူး။
ဆံပင္ကိုလည္း သန္.ရွင္းသပ္ရပ္ေနေအာင္ထားပါ။ ေရေမႊးျပင္းျပင္းေတြမဆြတ္ပါနဲ.။ Shoe ကို၃လက္မထက္ပိုထူတာမ်ိဳးလည္းမဝတ္ပါနဲ.။
 အေရာင္ အရမ္းေတာက္တာေတြ၊ မ်က္စိေနာက္စရာျဖစ္မယ့္ဟာေတြ မဝတ္ပါနဲ.။

၃။ ဖက္ရွင္အယ္ဒီတာ၊ အဝယ္ေကာက္သူ၊ စတိုင္လ္လစ္၊ ဒီဇိုင္နာ၊ ကုန္ပစၥည္းတင္သြင္းတဲ့အပိုင္း၊ လက္ေထာက္၊ ဖက္ရွင္နဲ.ပတ္သက္တဲ့ အေရာင္းပိုင္း
- ဖက္ရွင္နဲ.ပတ္သက္တဲ့အလုပ္အင္တာဗ်ဴးေတြသြားတဲ့အခါမွာ အဓိကမွားယြင္းတဲ့အခ်က္က ေခတ္မီလြန္းၿပီး အျမင္ဆန္းလြန္းေအာင္ ဝတ္စားသြားတာပါ။
 ၾကည့္ေကာင္းေအာင္႐ိုး႐ိုးေလးဝတ္ၿပီး Accessories ေတြကိုမ်က္စိပသာဒရေအာင္ ဆင္ယင္ဝတ္စားသြားတာမ်ိဳးက ပိုအဆင္ေျပပါတယ္။
 စတိုင္လ္မိုက္တဲ့ Shoe၊ အျမင္စူးၿပီးၾကည့္လို.ေကာင္းတဲ့ အိတ္မ်ိဳးနဲ. ေခတ္မီလွပတဲ့ ေက်ာက္မ်က္အဆင္တန္ဆာမ်ိဳးကိုတြဲဝတ္တာက သင့္ကိုၾကည့္လို.ပိုေကာင္းေစပါတယ္။
အေပါစားမဆန္လြန္းေအာင္လည္း ဝတ္တတ္ရပါမယ္။

၄။ ဘဏ္လုပ္ငန္း၊ အႀကံေပးအရာရွိ၊ စာရင္းအင္းပိုင္းဆိုင္ရာ၊ အာမခံလုပ္ငန္း
- အေရာင္ရင့္ရင့္ Suit မ်ိဳးေ႐ြးဝတ္ပါ။
Suit ေအာက္ခံ Shirt ကိုေတာ့ အျဖဴ (သို.) အေရာင္ေဖ်ာ့တာမ်ိဳးေလးေ႐ြးဝတ္ၿပီး သင့္ေတာ္ၾကည့္ေကာင္းမယ့္ Accessories မ်ိဳးေလးေတြတြဲဖက္ဝတ္ဆင္ပါ။
သင္ဝတ္သြားတဲ့ဝတ္စုံက သင္ေသခ်ာေ႐ြးခ်ယ္ၿပီး ဝတ္ဆင္သြားမွန္းသိသာပါေစ။
အဓိကက အေရာင္ေတာက္တာေတြ၊ မိန္းကေလးဆိုရင္ လက္ျပတ္အက်ႌေတြ မဝတ္မိဖို.ပါပဲ။
 Cutting ေကာင္းေကာင္းနဲ. ေသသပ္က်နစြာ ဝတ္သြားတာမ်ိဳးဆိုရင္ေတာ့ အသင့္ေတာ္ဆုံးပါပဲ။

၅။ အင္ဂ်င္နီယာ၊ ကုန္ပစၥည္းပိုင္းမန္ေနဂ်ာ၊ ဒီဇိုင္နာ၊ ေပါင္းသင္းဆက္ဆံေရးအပိုင္း၊ IT နဲ.ပတ္သက္တဲ့အလုပ္
- ဒီအလုပ္ေတြအတြက္အင္တာဗ်ဴးသြားရင္လည္း သင့္ကိုအင္တာဗ်ဴးတဲ့သူေတြက သင္ဟာ အင္တာဗ်ဴးအတြက္ ေသခ်ာျပင္ဆင္ဝတ္စားလာခဲ့မွန္းသိသာေစရပါမယ္။
 ဒါေပမယ့္ အရမ္းႀကီး Suit ေတြ Tie ေတြအျပည့္နဲ.သြားဖို.ေတာ့လည္း မလိုအပ္ပါဘူး။
ေတာ္ၾကာ သင္ေမွ်ာ္မွန္းထားတာအရမ္းျမင့္လြန္းတယ္လို. အင္တာဗ်ဴးသူေတြထင္သြားမွာစိုးလို.ပါ။
အဓိကက အရမ္းႀကီး ႐ုံးဆန္ဆန္မဝတ္ဘဲနဲ. အျမင္မွာသင့္ေလ်ာ္ Formal က်တဲ့႐ုံးသြားပုံစံမ်ိဳးဝတ္ဆင္ရပါမယ္။
ေသသပ္တဲ့ Sweater မ်ိဳးေတြေတာင္ဝတ္ခ်င္ရင္ဝတ္လို.ရပါတယ္။ ေအာက္ကလည္းအေရာင္ရင့္တဲ့ Jeans ဝတ္လို.အဆင္ေျပႏိုင္ပါတယ္။

အဲ့ဒီ့ေတာ့ မိတ္ေဆြတို.လည္း ေျဖရမယ့္အင္တာဗ်ဴးေပၚမူတည္ၿပီး ကိုယ္နဲ.ကိုက္ညီဆီေလ်ာ္တဲ့အဝတ္မ်ိဳး ေ႐ြးခ်ယ္ဝတ္ဆင္ၾကဖို. တိုက္တြန္းလိုက္ပါရေစ။

 

Credit : Wilson Chan (YK)

Embroidery Machines & Services အထည္ပန္းထုိးစက္လုပ္ငန္း ၂၆၄ ခုကုိရွာရန္ႏွိပ္ပါ။

Read 983 times
Rate this item
(0 votes)
Tagged under