What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကြိုက်တဲ့ ဝတ်စားဆင်ယင်မူက ပြောပြနေမဲ့ သင့်အကြောင်း

သင့်ကြိုက်တဲ့ ဝတ်စားဆင်ယင်မူက ပြောပြနေမဲ့ သင့်အကြောင်း google

စိတ်ပိုင်းဆိုင်ရာအရ သုတေသန ရှုထောင့်မှ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက် တချို့ ရှိနေပါတယ်။


အဲ့ဒါကတော့ လူတစ်ယောက်ဟာ ဘယ်လိုအဝတ်အစားမျိုး၊ ဘယ်လိုဒီဇိုင်းမျိုး ဝတ်ထားသလဲဆိုတာကို ကြည့်ပြီး သူဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ ပြောပြနိုင်တဲ့ တွေ့ရှိချက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့

(၁) မတူညီကွဲပြားတဲ့ အရောင်အသွေးတွေ ဝတ်စားဆင်ယင်ခြင်းက သင့်အကြောင်း မတူညီကွဲပြားမှုအမျိုးမျိုးကို ပြသပါတယ်။

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ အနီရောင်မှာ လှပပြီး တမူထူးခြားတဲ့ အကျိုးသက်ရောက်မှု တချို့ရှိကြောင်း လေ့လာမှုများက ဆိုထားပါတယ်။

အနီရောင်က လိင်ကိစ္စကို ညွန်းဆိုနေပုံလည်း ရပါတယ်။ အမျိုးသားတွေကို အမျိုးသမီးတွေ ဆွဲဆောင်နိုင်တဲ့ အရောင်ဟာ အနီရောင်ဖြစ်တယ်လို့ သုတေသနမှ ဖော်ပြထားတယ်။


(၂) ငယ်ရွယ်နုပျိုအောင် ဝတ်စားဆင်ယင်ခြင်းက သင့်ကို ပိုမိုကျန်းမာစေနိုင်ပါတယ်။

မျက်မှန်က သင့်ကို ပိုစမတ်ကျစေပေမယ့် ဆွဲဆောင်မှုတော့ လျော့နည်းစေတယ်။

 ဒါ့အပြင် အနုပညာရှင်တစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုတွေက သူ့အိမ်ထောင် ဘယ်လောက်အဓွန့်ရှည်/တိုကြောင်း ဖော်ပြပေးနိုင်ပါတယ်။


(၃) တံဆိပ်နာမည်ကပ်ထားတဲ့ အဝတ်အစားမျိုးတွေကိုတော့ သင်ကြိုက်နှစ်သက်မှာ သေချာတာပေါ့။

ဒါ ဘာကြောင့်လဲဆိုတော့ သူတို့က သင့်အဆင့်အတန်းမြင့်မားနေသလို အထင်မြင်ရောက်စေနိုင်ပြီး လူတွေဆီကလည်း ပိုမိုကောင်းမွန်တဲ့ ပြုမူဆက်ဆံခြင်းကို သင်ရရှိစေနိုင်တာကြောင့်ဖြစ်ပါတယ်။


(၄) အနက်ရောင်ဝတ်စားဆင်ယင်မှုတွေကတော့ စိတ်ကယောက်ကယက်ဖြစ်ခြင်းကို ပြသနေပါတယ်။

ရိုးရိုးယဉ်ယဉ်လေးဝတ်စားခြင်းဟာ ဖြောင့်မတ်ခြင်းဖြစ်တယ်လို့ ယူဆကြသလို ရှုပ်ယှက်ခတ်ပြီး သာမန် အများတကာဝတ်နေကျ အတိုင်းမဟုတ်ပဲ ဝတ်ဆင်ထားတတ်တဲ့သူကတော့ အသစ်အဆန်းတွေ မြင်တတ်ပြီး ၊မလျို့ဝှက်တတ်တာကိုပြသပါတယ်။

 ကော်လာဟိုင်းပြီး ငွေကြေးအမြောက်အများပေးရတဲ့ အဝတ်အစားတွေက အမျိုးသမီးတွေရဲ့ အတ္တပေမ ကိုဖော်ညွန်းပါတယ်။


(၅) အဖြူရောင် ဝတ်စုံလေးတွေ ဝတ်ဆင်လာတဲ့အခါ ဆရာဝန်တွေကို သင်ပိုယုံကြည်မှုရှိလာတတ်သလို သင်မျှော်လင့်ထားသလို အနုပညာရှင်တွေ ဝတ်စားဆင်ယင်လာတဲ့အခါမှာလည်း သူတို့ရဲ့ ဂီတကို ပိုမိုကြိုက်နှစ်သက်လာတတ်ပါတယ်။

အဲ့သလိုမျိုးပဲ သင်ဝတ်စားဆင်ယင်တဲ့ အရာက သင့်ပြုမူနေထိုင်မှုကို ပုံဖော်ပေးပါတယ်။

ဒါ့ကြောင့် သင် ကိုယ့်ကိုယ်ကို လူကောင်းတစ်ယောက်လို  နေပြချင်ရင် အဝတ်အစားကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ရပါမယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 

စိတ္ပုိင္းဆိုင္ရာအရ သုေတသန ရႈေထာင့္မွ ဝတ္စားဆင္ယင္မႈနဲ႔ ပတ္သက္တဲ့ ေလ့လာေတြ႔ရိွခ်က္ တခ်ဳိ႕ ရွိေနပါတယ္။


အဲ့ဒါကေတာ့ လူတစ္ေယာက္ဟာ ဘယ္လိုအ၀တ္အစားမ်ိဳး၊ ဘယ္လုိဒီဇိုင္းမ်ိဳး ၀တ္ထားသလဲဆိုတာကို ၾကည့္ျပီး သူဘယ္လိုလူမ်ိဳးျဖစ္မလဲဆုိတာ ေျပာျပႏိုင္တဲ့ ေတြ႔ရွိခ်က္ပဲ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့

(၁) မတူညီကြဲျပားတဲ့ အေရာင္အေသြးေတြ ဝတ္စားဆင္ယင္ျခင္းက သင့္အေၾကာင္း မတူညီကြဲျပားမႈအမ်ဳိးမ်ဳိးကို ျပသပါတယ္။

စိတ္ဝင္စားစရာ အေကာင္းဆုံးကေတာ့ အနီေရာင္မွာ လွပျပီး တမူထူးျခားတဲ့ အက်ဳိးသက္ေရာက္မႈ တခ်ဳိ႕ရိွေၾကာင္း ေလ့လာမႈမ်ားက ဆိုထားပါတယ္။

အနီေရာင္က လိင္ကိစၥကို ညြန္းဆိုေနပုံလည္း ရပါတယ္။ အမ်ဳိးသားေတြကို အမ်ဳိးသမီးေတြ ဆြဲေဆာင္ႏိုင္တဲ့ အေရာင္ဟာ အနီေရာင္ျဖစ္တယ္လို႔ သုေတသနမွ ေဖာ္ျပထားတယ္။

 

(၂) ငယ္ရြယ္ႏုပ်ဳိေအာင္ ဝတ္စားဆင္ယင္ျခင္းက သင့္ကို ပုိမိုက်န္းမာေစႏုိင္ပါတယ္။

မ်က္မွန္က သင့္ကို ပိုစမတ္က်ေစေပမယ့္ ဆြဲေဆာင္မႈေတာ့ ေလ်ာ့နည္းေစတယ္။

 ဒါ့အျပင္ အႏုပညာရွင္တစ္ေယာက္ရဲ႕ ဝတ္စားဆင္ယင္မႈေတြက သူ႔အိမ္ေထာင္ ဘယ္ေလာက္အဓြန္႔ရွည္/တိုေၾကာင္း ေဖာ္ျပေပးႏိုင္ပါတယ္။

 

(၃) တံဆိပ္နာမည္ကပ္ထားတဲ့ အဝတ္အစားမ်ိဳးေတြကိုေတာ့ သင္ၾကိဳက္ႏွစ္သက္မွာ ေသခ်ာတာေပါ့။

ဒါ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က သင့္အဆင့္အတန္းျမင့္မားေနသလုိ အထင္ျမင္ေရာက္ေစႏုိင္ျပီး လူေတြဆီကလည္း ပိုမိုေကာင္းမြန္တဲ့ ျပဳမူဆက္ဆံျခင္းကို သင္ရရိွေစႏုိင္တာေၾကာင့္ျဖစ္ပါတယ္။

 

(၄) အနက္ေရာင္ဝတ္စားဆင္ယင္မႈေတြကေတာ့ စိတ္ကေယာက္ကယက္ျဖစ္ျခင္းကို ျပသေနပါတယ္။

ရိုးရိုးယဥ္ယဥ္ေလးဝတ္စားျခင္းဟာ ေျဖာင့္မတ္ျခင္းျဖစ္တယ္လို႔ ယူဆၾကသလို ရႈပ္ယွက္ခတ္ျပီး သာမန္ အမ်ားတကာဝတ္ေနက် အတုိင္းမဟုတ္ပဲ ၀တ္ဆင္ထားတတ္တဲ့သူကေတာ့ အသစ္အဆန္းေတြ ျမင္တတ္ၿပီး ၊မလ်ဳိ႕ဝွက္တတ္တာကိုျပသပါတယ္။

 ေကာ္လာဟုိင္းျပီး ေငြေၾကးအေျမာက္အမ်ားေပးရတဲ့ အဝတ္အစားေတြက အမ်ဳိးသမီးေတြရဲ႕ အတၱေပမ ကိုေဖာ္ညြန္းပါတယ္။

 

(၅) အျဖဴေရာင္ ဝတ္စုံေလးေတြ ဝတ္ဆင္လာတဲ့အခါ ဆရာဝန္ေတြကို သင္ပိုယုံၾကည္မႈရိွလာတတ္သလို သင္ေမွ်ာ္လင့္ထားသလို အႏုပညာရွင္ေတြ ၀တ္စားဆင္ယင္လာတဲ့အခါမွာလည္း သူတုိ႔ရဲ႕ ဂီတကို ပိုမိုၾကိဳက္ႏွစ္သက္လာတတ္ပါတယ္။

အဲ့သလိုမ်ဳိးပဲ သင္ဝတ္စားဆင္ယင္တဲ့ အရာက သင့္ျပဳမူေနထုိင္မႈကို ပုံေဖာ္ေပးပါတယ္။

ဒါ့ေၾကာင့္ သင္ ကိုယ့္ကိုယ္ကို လူေကာင္းတစ္ေယာက္လို  ေနျပခ်င္ရင္ အဝတ္အစားကို မွန္မွန္ကန္ကန္ ေရြးခ်ယ္တတ္ရပါမယ္။

 

Credit : trend Myanmar

Myanmar Textile and Garment Directory

အဝတ္အစား ဆိုင္ေတြကို သိခ်င္ရင္ေတာ့

Read 1892 times
Rate this item
(0 votes)
Tagged under