What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘယ်ချိန်မှာ ဘရာဇီယာ ထပ်ဝယ်ရမလဲ

ဘယ်ချိန်မှာ ဘရာဇီယာ ထပ်ဝယ်ရမလဲ google

ကိုယ်မှာရှိတဲ့ ဘရာဇီယာတွေကို ဘယ်ချိန်မှာ စွန့်လွှတ်ပြီး ထပ်ဝယ်သင့်သလဲဆိုတာကို Textile ပရိသတ်ကြီးအတွက် ပြောပြပေးချင်ပါတယ်။

၁. ရင်သားက ဘရာအောက်မှ အပြင်သို့ ကျွံနေခြင်း

မိမိရင်အုံထက် အရွယ်အစားသေးတဲ့ ဘရာကို ရွေးချယ်မိတာကြောင့် ဖြစ်ပါတယ်။
အလယ်ဗဟိုဟာ ရင်ညွှန်းရိုးနှင့် ကပ်လျက်အနေအထားမှာသာ ရှိသင့်ပါတယ်။

 

၂. နောက်ဆုံးချိတ်တွင် ချိတ်မှသာ အဆင်ပြေခြင်း

ဘရာမှာ အလျော့အတင်းလုပ်ဖို့အတွက် ချိတ်တွေပါလေ့ရှိပါတယ်။ အချိန်ကြာလာတာနှင့်အမျှ ဘရာဟာလျော့ရဲလာတာကြောင့် တင်းတင်းကျပ်ကျပ်ရှိနေစေဖို့ ချိတ်ကိုအရှေ့တိုးပြီး ချိတ်နိုင်အောင်စီမံထားတာဖြစ်ပါတယ်။
 ပထမအကြိမ် ဝတ်ကြည့်စဉ်အခါကတည်းက နောက်ဆုံးချိတ်မှာ ချိတ်နေရပါက ပိုကြီးတဲ့ ဘရာဆိုဒ်ကို ရွေးချယ်သင့်ပါတယ်။

 

၃. နာကျင်မူဝေဒနာခံစားရခြင်း

လည်ပင်းနှင့် နောက်ကျောဘက်မှာ နာကျင်မူကို ခံစားနေရခြင်းဟာ  ဘရာက မှန်ကန်တဲ့ ထောက်ပံမူ မရခြင်းကြောင့်ဖြစ်ပြီး ဘရာ အရွယ်အစား မှားယွင်းနေတဲ့ လက္ခဏာဖြစ်ပါတယ်။

 

Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၅၀၃ ယောက်ကိုရှာရန်နှိပ်ပါ။

 


၎. ဘရာရဲ့အနောက်ဘက်က အရှေ့ဘက်ထက်မြင့်နေခြင်း

 မှန်ရှေ့တွင် ဘေးတိုက်အနေအထားဖြင့်ရပ်ပြီး ဘရာရဲ့အရှေ့ဘက်နှင့်အနောက်ဘက်အနေအထားကို ယှဉ်ကြည့်ပါ။
အရှေ့အနောက်ရေပြင်ညီအနေအထားဖြင့် တနေရာတည်းရှိနေရမှားအစား အနောက်ဘက်ကအရှေ့ဘက်ထက် ပိုမြင့်နေပါက မှားယွင်းတဲ့ဘရာကို ရွေးချယ်မိတာဖြစ်ပါတယ်။

 


၅.  ဘရာတစ်ထည်ကို နှစ်အတော်ကြာအောင် ဝတ်ဆင်ခြင်း

ကိုယ်အလေးချိန်အတက်အကျရှိတာကြောင့် ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ဘရာအရွယ်အစားကို ပြောင်းလဲဖို့လိုအပ်ပါတယ်။

 


၆.ရင်သားက ဘရာဇီယာအပြင်သို့ ဖောင်ကားထွက်နေခြင်း

ဝတ်ထားတဲ့ဘရာဇီယာဟာ ရင်အုံတစ်လုံးကိုအုပ်မိဖို့လိုအပ်ပါတယ်။
ရင်သားကိုအပေါ်ကို မြှင့်တင်ပေး တဲ့ ဘရာဒီဇိုင်းကို ဝတ်ဆင်မယ်ဆိုရင်တောင်မှ ပိုကြီးတဲ့ဘရာအရွယ်အစားကိုရွေးချယ်မှ သာ နူးညံ့တဲ့ရင်သားတစ်သျှူးအပေါ်မှာ တင်းကျပ်တဲ့ဖိအားသက်ရောက်မှုမရှိစေမှာဖြစ်ပါတယ်။

 

Credit : Drmyanmar

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 4617 times
Rate this item
(1 Vote)
Tagged under