What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘလက်တိုင် ၀တ်ဆင်ခြင်း ဆောင်ရန်ရှောင်ရန်များ

အခမ်းအနားတစ်ခုကို ဘလက်တိုင် black tie ၀တ်စားဆင်ယင်ပြီး တက်ဖို့ ဖိတ်စာမှာ ဖော်ပြထားတဲ့အခါ ဘာတွေကို ဘယ်လို ၀တ်ရမလဲ၊ ဘာတွေကို မ၀တ်ရဘူးလဲဆိုတာ ပွဲတက်မယ့်သူက သိထားမယ်ဆိုရင်
ငါဝတ်တာ မှန်ရဲ့လားလို့ သံသယ ကင်းမယ်။


ဝတ်စားဆင်ယင်မှု ထုံးတမ်းတွေက ခေတ်ကာလအလျောက် ပြောင်းလဲနေတာမို့ ယခုခေတ်အခါ ဘလက်တိုင် ၀တ်စားဆင်ယင် ထုံးတမ်းစည်းကမ်းများ Modern Black Tie Dress Code Rules ကို တင်ပြထားတာ ဖြစ်ပါတယ်။ ဆောင်ရန်အချက် ရှောင်ရန်အချက်တို့ကို ဖော်ပြပေးထားပါတယ်။

ဘလက်တိုင် black tie လို့ ဆိုတဲ့အတိုင်း လည်ပင်းမှာ အနက်ရောင် တိုင်တစ်ခုကို တပ်ထားဖို့ လိုတယ်။ အတိုအတိ ဖြစ်တဲ့ ဘိုးတိုင် bowtie ဖြစ်ဖြစ် လည်စည်းနက်ကတိုင် အရှည်ဖြစ်ဖြစ် အမည်းရောင်အပြည့်ကို ၀တ်ဆင်ရပါတယ်။
အမည်းပါပြီး ကျန်တဲ့အရောင် ပါနေတာမျိုး မဟုတ်ရပါဘူး။

bow

black tie etiquette အရ အပေါ်ကုတ်အင်္ကျီအမည်းက တက်စီဒို tuxedo ကို ၀တ်ဆင်ရမယ်။ တခြား ခန့်ထည်တဲ့ ကုတ်အင်္ကျီမျိုးကို ၀တ်မယ်ဆိုရင်လည်း ၀တ်လို့ရတာ မှန်ပေမဲ့ ထုံးစံကတော့ ဘလက်တိုင် ၀တ်လာပါလို့ ဆိုထားရင် တက်စီဒိုက တွဲလုံးဖြစ်ပါတယ်။
အဲဒါကြောင့်လည်း တက်စီဒိုကို ဘိုးတိုင်အမည်းနဲ့ တစ်ပါတည်း တွဲပြီး ရောင်းချပေးလေ့ ရှိပါတယ်။ တက်စီဒိုကို တက်စ် tux လို့ အတိုကောက် ပြောကြတာလည်း ရှိတယ်။ ညစာစားပွဲ ဂျက်ကက် dinner-jacket လို့လည်း ခေါ်ကြတယ်။

lapel style

ထုံးတမ်းစဉ်လာ တက်စီဒိုမှာ လည်ခွံကွေး(ကုတ်အင်္ကျီရဲ့ ရင်ဘတ်ပေါ် ခေါက်ထားတဲ့အပိုင်း) ဘယ်ဘက်မှာတစ်ခု ညာဘက်မှာတစ်ခု ပါတယ်။
အဲဒီလည်ခွံကွေး Lapel ကို ဖက်ရှင်ဒီဇိုင်း ထုတ်ထားကြတာမှာ အသုံးများတာက Peak Lapel ရယ် Notch Lapel ရယ် Shaul Lapel ရယ် ဖြစ်ပါတယ်။
peak lapel ထိပ်ဖျား လည်ခွံကွေးမှာ လည်ခွံကွေး ထိပ်ပိုင်းအချွန်က ပခုံးကို ထိုးညွှန်တယ်။ notch lapel က ကော်လာအောက်ခြေနဲ့ လည်ခွံကွေး ထိပ်တို့က ၇၅ မှ ၉၀ ဒီဂရီ အကျယ်ရှိတဲ့ ထောင့်တစ်ခု ဖြစ်နေတယ်။ Shaul Lapel ကတော့ မဖလာကို လည်ပင်းမှ တွဲလောင်းချထားသလိုမျိုး ဖြစ်နေတယ်။
လယ်သာရှူးအမည်းကို တောက်ပြောင်နေအောင် ပေါလစ်တိုက်ပြီး ၀တ်ရမယ်။ ကြိုးမပါတဲ့ ရှူးမျိုးကို စီးကြတယ်။ ခြေဖနောင့် အပေါ်ဘက်ကို နည်းနည်းမြင့်တဲ့အထိ ရှိနေတဲ့ ရှူးမျိုးဆိုရင် ပိုကောင်းတယ်။ ခြေအိတ်တွေ လှစ်ပြနေတာ များနေရင် အမြင်မတော်ဘူး။ ခြေအိတ်ကိုလည်း အမည်းရောင်ပြောင်ကို ၀တ်တာ အကောင်းဆုံးပဲ။ လှစ်ပြနေရင်တောင် အမြင်မဆိုးတော့ဘူး။
ရှပ်အင်္ကျီက အဖြူရောင်ကို ၀တ်ဆင်ရမှာ ဖြစ်ပြီး ကော်လာက ဘိုးတိုင်တပ်ဖို့ အဆင်ပြေရမယ်။
ဘောင်းဘီရှည်ကိုလည်း တက်စီဒို tuxedo ပဲ ၀တ်ရမယ်။
ခါးပတ် မပတ်ရဘူး။
ဘောင်းဘီရှည်ကို ဆွဲတင်ပေးထားဖို့ ပခုံးသိုင်းကြိုး တပ်ဆင်ပြီး ၀တ်လို့ရပါတယ်။

brace

အခုအခါ ဘေးအပြင်ဘက်အခြမ်းမှာ အဖြူစင်းတစ်ခုပါတဲ့ တက်စီဒို ဘောင်းဘီရှည်တွေ ရှိတယ်။

ထုံးစံကတော့ အဖြူစင်းဟာ လက်မ၀က် ကျယ်တယ်။

tuxedo stripe cropped wool pants 11271 medium

အဆင်တန်ဆာကတော့ ကုတ်အင်္ကျီအိတ်ထောင်မှာ

ပုဝါစ အဖြူကို တစ်စွန်းတစ ထုတ်ထားတာ ဖြစ်ပါတယ်။

Tuxedo Pocket Square Folds thumbnail 1

ကြယ်သီးတွေမှာ အပေါ်ဆုံး ကြယ်သီး တစ်လုံးကို ထပ်ဆင်ကြတယ်။ အဲဒီလို ကြယ်သီးတပ်လိုက်တဲ့အတွက် ပိုကြည့်ကောင်းသွားစေတယ်။

ပြီးတော့ ကိုယ်ခန္ဓာ ကျစ်လစ်တဲ့ပုံ ဖြစ်သွားစေတဲ့အပြင် အရပ်အမောင်း ကောင်းတဲ့ပုံ ဖြစ်သွားစေပါတယ်။

peak lapel

 

ယခုအခါ ခါးစည်း ၀တ်ကြတာ အတ်ေရှားသွားပြီမို့ ခါးစည်း ၀တ်ဆင်ဖို့ မလိုဘူးလို့ ပြောရင် ရပါတယ်။

အတွင်းမှာ  ဂျိုင်းပြန် ဂျက်ကက်တစ်ထပ်ခံပြီး ၀တ်တာလည်း အတော် ရှားသွားပါပြီ။ ဒီတော့ ၀တ်ဖို့ မလိုပါဘူး။

Creative Black Tie Ensemble

 

ကျန်းမာရွှင်လန်းကြပါစေ

 

မိုးဇော်

 

 

Read 2306 times
Rate this item
(0 votes)