What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရပ်ပုပြီး ခန္ဓာကိုယ်သေးတဲ့ ကောင်မလေးတွေအတွက် အရပ်ရှည်တယ်လို့ ထင်ရစေမယ့် ဖက်ရှင်အကြံပြုချက်

အရပ်ပုပြီး ခန္ဓာကိုယ်သေးသွယ်တဲ့ ကောင်မလေးတွေအနေနဲ့ ဒီလိုအရပ်အမောင်းမျိုး ရှိခြင်းဟာ တကယ့်ကို အားသာချက်ပါပဲ။

ဥပမာ လူအများက အမြဲတမ်း သင်လက်ရှိအသက်ထက် ပိုငယ်ရွယ်တယ်လို့ ထင်စေနိုင်တယ်။ ဒါပေမဲ့ အားနည်းချက်တွေလည်း အနည်းငယ် ရှိပါတယ်။ သင်ရွေးချယ်ပေါင်းစပ်လိုက်တဲ့ အရာတွေက မှားယွင်းနေမယ်ဆိုလျှင် သင့်ကို ပိုပြီး အရပ်ပုစေတယ်လို့ ထင်နိုင်တယ်။ ဒါကြောင့် အဝတ်အစားနှင့် accessories ရွေးချယ်ရာမှာ ဂရုတစိုက် ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် သင့်ကို အရပ်ရှည်တယ်လို့ ထင်စေရပြီး ချစ်စရာကောင်းတဲ့ မော်ဒယ်လေးသကဲ့သို့ လှပစေနိုင်အောင် ဘယ်လို အရာတွေကို ရွေးချယ်ဝတ်ဆင်ရမလဲဆိုတာ အကြံပြုပေးချင်ပါတယ်။

1. Top နှင့် စကပ်

1
ရင်သပ်ရှုမောဖွယ်ဖြစ်စေရန် သင့်ရဲ့ပုံပန်းသဏ္ဍန် အချိုးအစားကို ထိန်းသိမ်းဖို့ မမေ့ထားသင့်ပါဘူး။ သင်ရွေးချယ်လိုက်တဲ့ အဝတ်အစားကလည်း သိသိသာသာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေပါတယ်။ ရင်သားလှပပြီး သင့်ခြေထောက်တိုတာကို ရှည်သဖွယ် ထင်စေဖို့အတွက် Top ကို အထဲထဲထည့်ဝတ်ပါ။ ဒီလို စကပ်အတွင်းထဲကို ထည့်သွင်းပြီး ဝတ်ဆင်ခြင်းဟာ သင့်ရဲ့ခါးကို ပိုပေါ်လွင်စေတာကြောင့် အဲ့လို ဝတ်ဆင်ရန် ပိုပြီးကောင်းလှပါတယ်။ ခြေတံလေးတွေ ရှည်ပြီး သွယ်လျတယ်လို့ ထင်စေဖို့ နောက်ထပ်ရွေးချယ်စရာတစ်ခုက crop top နဲ့ စကပ်ကို အရောင်တူ ဝတ်ဆင်နိုင်ပါတယ်။

2. ခါးပတ် နှင့် ဖိနပ်

2
တကယ်လို့ သင်ဟာ ကြိုးသိုင်းဒေါက် (သို့) ရှုးဖိနပ် ဝတ်ရတာကို ကြိုက်နှစ်သက်တယ်ဆိုရင် ကြိုးသိုင်းဒေါက်အရောင်နဲ့ သင့်အသားရေအရောင်ကို သေချာကိုက်ညီမှုရှိအောင် ရွေးချယ်ပါ။ ရှုပ်ယှက်ခက်နေတဲ့အရောင် ဒါမှမဟုတ် ဖိနပ်အကြီးတွေက ခြေထောက်ကို ပိုတိုစေမှန်း သိသာပါတယ်။ ပြီးတော့ ခါးပတ်အပြားကြီးတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ ဘယ်ဘက်မှပြထားတဲ့ပုံကို ကြည့်မယ်ဆိုရင် အလျားလိုက်ပုံစံ ခါးပတ်ကြီးကို ဖန်တီး ပြသထားတာဖြစ်တယ်။ ဒီလို ဝတ်ဆင်ခြင်းဟာ ရင်ဘတ်ကျယ်တယ်လို့ ထင်စေရတယ်။ ဒါကြောင့် ဒေါင်လိုက်ပုံစံမျိုးဖြစ်တဲ့ ခါးပတ်မဝတ်ဆင်ပဲနဲ့ အရောင်လင်းတဲ့ ဖိနပ်မျိုးကို ရွေးချယ်သင့်တယ်။ သင့်ကို အရပ်ရှည်ပြီး ပိန်တယ်လို့ ထင်ရစေမှာပါ။

3. Jacket နှင့် ဘလေဇာကုတ်

3
အရပ်ပုပြီး ခန္ဓာကိုယ်သေးတဲ့ မိန်းကလေးတွေအနေနဲ့ ပွရောင်းရောင်းဖြစ်စေမယ့် jacketတွေ၊ ရှည်လျားတဲ့ ဘလေဇာကုတ်တွေ မဝတ်ဆင်သင့်ပါဘူး။ ခြေတံတိုစေပြီး ကြည့်ရတာပုံစံမကျပဲ ကိုးရိုးကားရား ဖြစ်နေတတ်တယ်။ ခါးနားလောက်ရှိတဲ့ jacket ၊ ဘလေဇာကုတ်တွေကိုပဲရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ ပြီးတော့ အိတ်ရွေးချယ်တဲ့အခါမှာလည်း သတိပြုဖို့လိုအပ်တယ်။ အရပ်ပုတဲ့ကောင်မလေးတွေအတွက် အကောင်းဆုံး ရွေးချယ်စရာဖြစ်တဲ့ 10-11လက်မထက် ပိုမကျယ်တဲ့ သေးငယ်တဲ့အိတ်လေးတွေကို ရွေးချယ်ဖို့အကောင်းဆုံးပါပဲ။ သင်နဲ့လိုက်ဖက်တဲ့အိတ်မျိုးကို ရွေးချယ်ဖို့ တခါတရံ ခက်ခဲလှပါတယ်။ တကယ်လို့ သင်ဟာကျောပိုးအိတ်ကို ကြိုက်နှစ်သက်တယ်ဆိုရင် သူတို့ဟာ သေးပြီး လွယ်ရတာ အဆင်ပြေတာကြောင့် သင့်အတွက် အလွန်အသုံးဝင်မဲ့ အိတ်ပါပဲ။

4. ဂျင်း နှင့် Top

5
crop top ဟာ ခန္ဓာကိုယ်သေးသွယ်တဲ့ အမျိုးသမီးတွေအတွက် ပြီးပြည့်စုံတဲ့ ရွေးချယ်မှုဖြစ်တယ်။ ခါးမြင့်ဂျင်းဘောင်းဘီတွေနဲ့ပေါင်းစပ်ဝတ်ဆင်လိုက်ပါ။ သင့်ရဲ့ခြေတံလေးတွေ သိသိသာသာပိုရှည်သွားအောင် ကူညီပေးပါလိမ့်မယ်။ နောက်ထပ်ရွေးချယ်စရာဖြစ်တဲ့ crop top နဲ့ စကပ်ကိုလည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

5. အဝတ်အစားများ

4
ခပ်ပွပွအင်္ကျီတွေဟာ အရပ်ရှည်တဲ့ကောင်မလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဒါပေမဲ့ အရပ်ပုပြီး ခန္ဓာကိုယ်သေးတဲ့ မိန်းကလေးတွေအတွက်တော့ လုံးဝမလိုက်ဖက်လှပါဘူး။ အင်္ကျီပွပွတွေအစား သင့်ရဲ့ခါးလေးတွေကို ပေါ်လွင်လှပစေပြီး ခန္ဓာကိုယ်နဲ့ကိုက်ညီမှုရှိမယ့် dress မျိုးကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။
ဒီနည်းလမ်းတွေက သင့်အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ထင်မိပါတယ်။

 

Author:TDA

Read 10703 times
Rate this item
(1 Vote)