What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Bra အတွင်းရေး

bra ကို ဘယ်လို ရွေးချယ် ၀ယ်ယူရမလဲ။ ကိုယ့်ရဲ့ size ကို ဘယ်လိုတိုင်းမလဲ။ ကိုယ်ဝတ်ဆင်ထားတာ ဘာလို့ ကသိကအောင့် ဖြစ်နေရတာလဲ။ ဘာလွဲနေလို့လဲ။

 မနက်က စ၀တ်ထားလိုက်တာ ပခုံးအသားမှာ ကြိုးရာတွေ ထင်နေတာကို ညနေမှာ ဘာလို့ ကြုံရတာလဲ။ အိမ်ပြန်ရောက်တာနဲ့ ဘရာချွတ်လိုက်ပြီးရင် လွတ်လပ်သွားတဲ့ အရသာကို အမြန်ဆုံး ရချင်နေမိတာ ဘာလို့လဲ။
ဘရာတစ်ထည် က ကိုယ့်အတွက် size အမှန်အကန် right bra size ဖြစ်ရုံနဲ့ မပြီးဘူး။ ကိုယ့်အတွက် အမှန်အကန် ဘရာ right bra ဖြစ်ဖို့လိုတယ်လို့ ဘရာဖက်ရှင် ကျွမ်းကျင်သူတွေက ဆိုထားတယ်။ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်မယ့်ဘရာကို ၀တ်ဖို့ လိုတယ်။

 ကသိကအောင့် ဖြစ်ရတာတွေ၊ ဒုက္ခသုက္ခတွေ မဖြစ်ရအောင် ဘာတွေ သိထားရမလဲ၊ ဘာတွေ လိုက်နာရမလဲဆိုတာတွေကို stylist တွေ၊ ပြီးတော့ ဘရာ ထုတ်လုပ်တဲ့ ဖက်ရှင်တိုက်မှ fitting expert တွေထံမှ အကြံပေးချက်များ ရယူပြီး တင်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကိုးကားပြီး တင်ပြပေးထားပါတယ်။
ဘရာတစ်ထည် ၀ယ်မယ်ဆိုရင် ဘာတွေကို သိထားရမလဲ၊ ထည့်စဉ်းစားရမလဲဆိုတာတွေကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဘရာ ၀တ်ဆင်နေကြသူတိုင်းအတွက် ဖြစ်ပြီး အသက်အရွယ်မရွေး၊ ရင်သား သေးလွန်းတဲ့သူမှ ကြီးလွန်းတဲ့သူအထိ အရွယ်အစားမရွေး မိန်းမသားတိုင်းအတွက် အသုံးတည့်မယ့် အချက် (၁၁) ချက် ဖြစ်ပါတယ်။ သိထား မမှားဘူးဆိုတဲ့ အချက်တွေလည်း ဖြစ်ပါတယ်။ အဲဒီ ၁၁ ချက်ထဲမှ ၂ ချက်ကို ပြောပြပေးထားပါတယ်။


၁။ အထောက်အပိုးကို စည်းကြိုး(band)ထံမှ အများဆုံး ရယူတယ်။
ဘရာမှာ ရင်သားကို အုပ်ပြီး ငုံပေးထားတဲ့ ခွက်တွေ ပါတယ်။ ပခုံးပေါ် ပြေးထားတဲ့ သိုင်းကြိုး ပါတယ်။ ချိတ်ကို တွယ်ချိတ်ဖို့ စည်းကြိုးပါတယ်။ အဲဒါက သာမန်ပုံမှန် ဘရာရဲ့ အပိုင်းသုံးခု ဖြစ်ပြီး ရင်သားနှစ်မြွှာကို အထောက်အပိုး ပြုပေးနေတဲ့ အပိုင်းတွေလည်း ဖြစ်ပါတယ်။ ပခုံးကြိုးတွေ မပါတဲ့ဘရာတွေကတော့ ခွက်အောက်ခြေမှာ ၀ါယာအမာထည့်မြှုပ်ပြီး ရင်သားတွေကို ပင့်တင်ပေးထားတယ်။
ပခုံးကြိုးပါတဲ့ ဘရာတွေကတေ့ ပခုံးကြိုးက ရင်သားတွေကို ဆွဲပင့်ပေးထားတယ်။ ခွက်တွေကို ရင်သားမှာ တသားတည်းဖြစ်နေအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။ ပြီးတော့ ရင်သားတွေကို ခွက်တွေက ပုံဖမ်းပေးထားနိုင်ဖို့ ဖြစ်ပါတယ်။
အဲဒါတွေကို ဘရာက လုပ်ကိုင်ပေးထားတာ ဘယ်လောက်အထိ ကောင်းမကောင်း ဘယ်လို စမ်းကြည့်ရမလဲ။
တကယ်လို့ ပခုံးကြိုးကို ပခုံးမှာ မတပ်ဘဲ ရှေ့ကို ခြေလှမ်း သုံးလေးလှမ်း လျှောက်ကြည့်တဲ့အခါ ဘရာက ပြုတ်မကျဘူး။ နေမြဲအတိုင်း ဆက်ရှိနေသေးတယ်ဆိုရင် တွယ်ချိတ်ကြိုးနဲ့ ခွက်တို့က ကိုယ်ပေါ်မှာ အံကိုက် ဖြစ်တာ အတော်ကောင်းတယ်လို့ ဆိုရပါမယ်လို့ ဘရာကျွမ်းကျင်သူ ဟူရေး ကင်မေးက ဆိုထားပါတယ်။

 

bra sister size min

၂။ ကိုယ့် size အပြင် “sister size” ကိုပါ စမ်းဝတ်ကြည့်သင့်တယ်။
sister size ဆိုတာက စည်းကြိုးsize မတူပေမဲ့ cup အရွယ်တူတာကို ဆိုလိုတယ်။ ဒီနေရာမှာ bra size အသုံးအနှုန်းကို ရှင်းပြဖို့ လိုမယ်။
bra size ကို ပြောရင် ဂဏန်းနဲ့ အက္ခရာတွဲပြီး ပြောတယ်။ ဥပမာ 32C
32 က စည်းကြိုး band size ကို ပြောတာဖြစ်ပြီး C က ခွက် cup ရဲ့ size ကို ပြောတာဖြစ်ပါတယ်။
အဲဒီမှာ band size ပြောင်းရင် cup size လည်း ပြောင်းတယ်။ ဆိုလိုတာက C size ခွက် cup တွေ အကုန်လုံး အတူတူပဲ မဖြစ်ဘူး။ ဆိုကြပါစို့။ bra band စည်းကြိုး ၃၂ လက်မရဲ့ C size ခွက် (32 C) ဟာ bra band စည်းကြိုး ၃၄ လက်မရဲ့ C size ခွက် (34 C) ထက် ငယ်နေတယ်။ C ချင်းတူပေမဲ့ 32 C ရဲ့ ခွက်က 34 C ရဲ့ ခွက်ထက် ငယ်နေတယ်။
အဲဒီလိုပဲ 30C ရဲ့ ခွက်က 32C ရဲ့ ခွက်ထက် ငယ်ပါတယ်။

 

 

bra same cup min
အဲဒီ သဘောသဘာဝရှိတာမို့ 32C ရဲ့ ခွက် cup က 30D ရဲ့ cup နဲ့ တူတယ်။ 34B ရဲ့ ခွက်နဲ့လည်း တူတယ်။ ဆိုလိုတာက 32C ရယ် 30D ရယ် 34B ရယ်ဟာ band size မတူကြပေမဲ့ ခွက်အရွယ်အစား အတူတူတွေ ဖြစ်ကြပါတယ်။ အဲဒီလို တူနေတဲ့ size တွေကို “sister size” တွေလို့ ခေါ်ပါတယ်။

 ဘရာရဲ့ ဒီဇိုင်း မတူတာ၊ ရင်သားရဲ့ ပုံပန်း မတူကြတာ ပြီးတော့ brand မတူတာတွေကြောင့်လည်း size နံပါတ် တူပေမဲ့ ခွက်အရွယ်အစား ကွဲပြားပါသေးတယ်။

  အဲဒီလို cup မှာ မတူတာတွေ ရှိနေတာမို့ မိန်းမသားတစ်ဦးအနေဖြင့် မိမိ ရင်သားနှစ်မြွှာရဲ့ size အမှန်အပေါ် အခြေခံပြီး ဘရာ size ကို ရွေးချယ်တဲ့အခါ “sister size” တွေကိုပါ အစမ်းဝတ်ကြည့်သင့်တယ်။ ကိုယ့်size အတွက် ဘရာရဲ့ “sister size” တွေကို သိထားရမယ်လို့ ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် ၀တ်နေကျ size မှာ ဘရာ မတော်ရင် sister size ကို စမ်းကြည့်သင့်တယ်။
ဥပမာ ကိုယ့်ရဲ့ size က 32C ဆိုရင် 30D 34B တို့ဟာ sister size ဖြစ်လို့ အစမ်းဝတ်ကြည့်သင့်တယ်။
ကိုယ့်ရဲ့ size က 34C ဆိုရင် 36B 32D တို့ဟာ sister size ဖြစ်လို့ အစမ်းဝတ်ကြည့်သင့်တယ်။

ဆက်စပ်ဖတ်ရှုရန်

သင့်ရဲ့ဘရာဆိုဒ်ကို ဘယ်လို  မှန်ကန်အောင် တိုင်းတာမလဲ

 

size နံပါတ် မတူပေမဲ့ ခွက် အရွယ်တူဖြစ်ကြတဲ့ sister size တွေကို သိနိုင်ဖို့ sister sizes ဇယားကို ဖော်ပြပေးထားပါတယ်။
နောက်လာမယ့် အပိုင်းကျရင် ဘရာနဲ့ ပတ်သက်လို့ နောက်ထပ် သိထားသင့်တာတွေကို ဆက်လက် တင်ပြပေးသွားပါဦးမယ်။
ကျန်းမာရွှင်လန်းကြပါစေ

ချက္က၀ါ

 

bra sister bra min

 

Read 1513 times
Rate this item
(1 Vote)