What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလှအပ နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဆိုးရွားသော အချက်များ

အမျိုးသမီး၇၃%၏ နောက်ကျောပြဿနာများက သူတို့ဝတ်ဆင်တဲ့အ၀တ်အစားများနှင့် ဖက်ရှင်ပစ္စည်း များမှ လာတယ်ဆိုတာ သက်သေပြလျက်ရှိပါတယ်။ သင့်ရဲ့အ၀တ်ဗီဒိုထဲက ပစ္စည်းအတော်များများကို အန္တရာယ်မရှိဘူးလို့ သင်ထင်ပါလိမ့်မယ်။

ဒါပေမယ့် တချို့အ၀တ်အထည်နဲ့ အသုံးအဆောင်များက သင့်ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။

၁။ တင်းကျပ်လွန်းတဲ့ ဘောင်းဘီ

1
ဒီလူကြိုက်များတယ့်Skinny Jeansလို့ခေါ်တဲ့ ခပ်ကျပ်ကျပ်ဘောင်းဘီများက သင့်ကျန်းမာရေးကို အမှန်တစ်ကယ်ခြိမ်းခြောက်နေပါတယ်။ သူတို့က သွေးလည်ပတ်မှုစနစ်ကို နည်းပါးစေပြီး အစာခြေစနစ်ကိုလည်းနှေးကွေးစေတဲ့ များစွာသောပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အလွန်အမင်းတင်းကျပ်တဲ့ ဘောင်းဘီများက ပေါင်များကိုထုံကျင်ပြီး နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ ဒေါက်မြင့်

2
Auburn တက္ကသိုလ်မှ သုတေသီများရဲ့ နောက်ဆုံးလေ့လာမှု၌ အမျိုးသမီးများက အမျိုးသားများထက် ခြေထောက်ပြဿနာ လေးဆပိုဖြစ်ကြတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ အဆစ်နာကျင်မှု၊ အသားမာတတ်ခြင်း၊ ခြေချင်းဝတ်ကြွက်သားညောင်းခြင်း၊ အရိုးအဆစ်ရောင်ရမ်းခြင်း၊နှင့် အာရုံကြောပျက်စီးမှုကို ဖြစ်ပေါ်စေပါတယ်။ ဖိနပ်မြင့်လွန်းခြင်းနှင့် ဖနောင့် ကျဉ်းလွန်းတာက ပိုဆိုးစေပါတယ်။
သင်ဒေါက်မြင့်တွေကို ၀တ်ဆင်မယ်ဆိုရင် အချိန်အတိုင်းအတာ ကန့်သတ်ဖို့ကြိုးစားပါ။ နောက်တခါအပြင်သွားလျှင် ပိုပါးတဲ့ ဖိနပ်တစ်ရံယူသွားသင့်ပါတယ်။ သင်သည် ခရီးဝေးကို လမ်းလျောက်ဖို့ စီစဉ်ထားလျှင် သင့်ရဲ့ခြေထောက်တွေကို ဟန်ချက်ညီအောင်ထောက်ပံ့ပေးတဲ့ ဖိနပ်မျိုးကို စီးသင့်ပါတယ်။

၃။ ကျဉ်းကျပ်တဲ့ အတွင်းခံဘောင်းဘီ

3
သင်မကြာခဏ ကျဉ်းကျပ်တဲ့ အတွင်းခံဘောင်းဘီကို ၀တ်ဆင်လျှင် အတွင်းခံ၏အစိတ်အပိုင်းများက လိင်အင်္ဂါတ၀ိုက် အရေပြားကို ပွန်းရှခြင်း၊ ယားယံခြင်း၊ လိပ်ခေါင်း၊ လိင်အင်္ဂါရောဂါကူးစက်မှုကဲ့သို့သော ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်တာကို သိကြပါတယ်။
အထူးသဖြင့် နွေရာသီမှာ မကြာခဏ ကျဉ်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီများကို ၀တ်ဆင်ဖို့ မကြိုးစားပါနဲ့။ ၁၀၀% ချည်သားကိုသာရွေးချယ်ပါ။

၎။ လေးလံလွန်းတဲ့ နားဆွဲများနှင့် လည်ဆွဲများ

4
မကြာသေးခင်ကလေ့လာမှုအရ နားဖောက်ခြင်းအားလုံး၏၂၀%ဟာ ဘက်တီးရီးယားကူးစက်မှုကို တိုးတတ်လာစေပါတယ်။ ကြီးမားပြီး လေးလံလွန်းတဲ့ နားဆွဲများကို အသုံးပြုခြင်းက မကြာခဏ နားရွက်ပျက်စီးမှုကို ဖြစ်ပေါ်စေပါတယ်။ ပြဿနာတစ်ခုက ပလပ်စတစ်အစားထိုး ခွဲစိတ်မှုလုပ်ရတဲ့အထိဖြစ်နိုင်ပါတယ်။
လည်ဆွဲလည်းအတူတူပါပဲ၊ လေးလံတဲ့ လည်ဆွဲက လည်ပင်းနာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၅။ လည်စီးများ

5
အမျိုးသမီးများသာ အ၀တ်အစားများအတွက် ဒုက္ခရောက်တာမဟုတ်ပါဘူး။ ကော်နဲလ်တက္ကသိုလ်တစ်ခုက လေ့လာမှုအရ အမျိုးသား ၆၇%က မိမိတို့လည်ပင်းထက်သေးငယ်တဲ့ ရှပ်အင်္ကျီများကို ၀ယ်ယူကြပါတယ်တဲ့။ ရလဒ်အနေနဲ့ သေးငယ်တဲ့ရှပ်အင်္ကျီများနဲ့ လည်စည်းကို တင်းကျပ်စွာ စည်းခြင်းက သွေးလည်ပတ်မှုစနစ်ကို လျော့ချဖို့ လည်ပင်းလှုပ်ရှားမှုကို ကန့်သတ်စေပြီး ခေါင်းကိုက်မှုကို ဖြစ်စေပါတယ်။ နောက်ကျောနှင့် ပခုံးအတွင်းကြွက်သားတင်းမာမှုကို တိုးမြှင့်စေပါတယ်။

၆။ ညံ့ဖျင်းစွာတပ်ဆင်ထားတဲ့ ဘရာစီယာ

6
မှားယွင်းတဲ့ ဘရာအရွယ်အစား ဒါမှမဟုတ် ညံ့ဖျင်းစွာတပ်ဆင်ခားတဲ့ ဘရာစီယာများက နောက်ကျော၊ ပခုံးနှင့် ကျောရိုးနာကျင်မှုကဲ့သို့သော မြောက်မြားစွာသော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
သင်ဘရာစီယာကို ၀ယ်တဲ့အချိန်တိုင်း စတိုးဆိုင်မှာတင် စမ်းသပ်ပါ။ သင်သည် ကြီးမားသော ရင်သားရှိပါက ပါးလွှာသောကြိုးနှင့် ဘရာစီယာ ၀တ်ခြင်းကို ရှောင်ကြဉ်ပါ။ ရင်သားသေးငယ်ပါက သေချာပြုလုပ်ထားတဲ့ သတ္တု အောက်ခံကွင်းတွေထည့်ထားတဲ့ ဘရာစီယာက သင့်အသားအရေကို မပျက်စီးစေဘူးပါဘူး။

၇။ အဆီချပုံသွင်းဝတ်စုံ

7
တင်းကျပ်တဲ့ ခါးစည်းတစ်ခုက အသက်ရှုမ၀ခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် သွေးလည်ပတ်မှုစနစ်ကို ပြဿနာများဖြစ်ပေါ်စေနိုင်ပါတယ်။
သင်အတွက် မှန်ကန်တဲ့အရွယ်အစားကိုအမြဲတမ်း ရွေးချယ်ပါ။ သက်သောင့်သက်သာဖြစ်ပြီး ကျုံ့နိုင်ဆန့်နိုင်တဲ့ လိုက်ကရာသားနှင့် ပြုလုပ်ထားတဲ့ ပုံသွင်းဝတ်စုံများကိုရှာဖွေပါ။

၈။ ကြီးမားတဲ့ လက်ကိုင်အိတ်

8
အမျိုးသမီးတွေအများစုက လိုအပ်နိုင်တဲ့အရာအားလုံးကို အိတ်ထဲမှာထည့်ပြီး အမြဲတမ်းလွယ်တတ်ကြပါတယ်။ သို့သော်ထိုကြီးမားလေးလံတဲ့ အိတ်များက ပခုံးပေါ်မှာ အလွန်အကျွံအလေးချိန်များပြီး ကြွက်သားနာကျင်မှုကို ဖြစ်စေပြီး သင့်အဆစ်များကိုထိခိုက်စေခြင်းနှင့် အဆုံးသတ်နိုင်ပါတယ်။
သင့်အကြိုက်ဆုံးXXL လက်ဆွဲအိတ်ကိုမစွန့်လွတ်နိုင်လျှင် သင်အမှန်တကယ်လိုအပ်တဲ့အရာတို့ကိုသာထည့်ပြီး မလိုအပ်တဲ့ ပစ္စည်းပစ္စယများကို ထည့်ခြင်းမှရှောင်ကျဉ်သင့်ပါတယ်။

 

Source:lifestyle

Read 1635 times
Rate this item
(1 Vote)