What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Reebok Brand ပိုင်ရှင်အသစ် လက်ထဲ ရောက်ရှိ

Adidas က Reebok ကို အမေရိကန် အဝတ်အစား လိုင်စင်ပေးတဲ့ လုပ်ငန်းစု Authentic Brands ကို ယူရို ၂ ဒသမ ၁ ဘီလျံဖြင့် ရောင်းချလိုက်ပါတယ်။


ဂျာမန်အခြေစိုက် အားကစား ဝတ်စုံ ပြုလုပ်သူက လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဝယ်ယူခဲ့တဲ့ Reebok က ပိုင်ရှင်အသစ် လက်ထဲကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ Adidas က Reebok ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ပါတယ်။ ပြိုင်ဘက် Nike ကို အမေရိကန်ဈေးကွက်မှာ ယှဉ်ပြိုင်ဖို့အတွက် အမေရိကန်မှ လုပ်ငန်းဖြစ်တဲ့ Reebok ကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Reebok က အရှုံးပြနေခဲ့တယ်.

Reebok ဝယ်ယူစဉ်က အတူပါလာတဲ့ brands အငယ်စားတွေကိုလည်း Adidas က ရောင်းထုတ်ပစ်တာ ယူရို သန်း ၄၀၀ ရရှိခဲ့ပါတယ်။

Reebok brand က ပိုင်ရှင်အသစ် နယူးယောက်အခြေစိုက် Authentic Brands လက်ထဲမှာ ရေရှည်အောင်မြင်မှုတွေ အတွက် အနေအထား ကောင်းကောင်း ရယူနိုင်လိမ့်မယ်လို့ Adidas ရဲ့ chief executive ဖြစ်သူ် Kasper Rorsted က ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းပြောကြားပါတယ်။

Authentic Brands က Marilyn Monroe နဲ့ Muhammad Ali တို့အတွက် brand rights ပိုင်ဆိုင်ထားပါတယ်။ Forever 21 နဲ့ Eddie Bauer အစရှိတဲ့ fashion brands တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာလည်း အရင်းအနှီးများ ထည့်ဝင်ထားပါတယ်။

Reebok မှာ လက်လီအရောင်း ဝန်ထမ်းတွေ လေးပုံသုံးပုံ ပါဝင်တဲ့ ဝန်ထမ်း ၄,၃၀၀ ဝန်းကျင်တို့က ပိုင်ရှင်အသစ်ထံမှာ ဆက်လက်လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။

Authentic Brands ထူထောင်သူနဲ့ လက်ရှိ chief executive ဖြစ်သူ Jamie Salter က သူတို့လုပ်ငန်းစုအတွက် အရေးပါတဲ့ မိုင်တိုင်တစ်ခု ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကပ်ဘေး မဆိုက်ရောက်ခင် တစ်နှစ်မှာ Reebok ရောင်းအား ယူရို ၁ ဒသမ ၇၄ ဘီလျံ ရှိပြီး Adidas လုပ်ငန်းစု ဝင်ငွေရဲ့ ၈% ဖြစ်ပါတယ်။

အရောင်းအဝယ်က ၂၀၂၂ နှစ်ဆန်းပိုင်းမှာ အပြီးသတ်ကိစ္စပြတ်မယ်လို့ Adidas က ပြောကြားပါတယ်။ ယူရို ၂ ဒသမ ၁ ဘီလျံမှာ အများစုကို ငွေသားဖြင့် ရယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


ft.com

Read 845 times
Rate this item
(0 votes)