What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၂၀ ခုနှစ်အတွင်း အသင်းဝင်ခဲ့သော အသင်းဝင်စက်ရုံများအား MGMA အသင်း၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မိတ်ဆက်ခြင်း(New Members' Orientation) အခမ်းအနားကို Online မှတစ်ဆင့် ကျင်းပခဲ့

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ၂၀၂၀ ခုနှစ်အတွင်း အသင်းဝင်ခဲ့သော အသင်းဝင်စက်ရုံများအား MGMA အသင်း၏ ဝန်ဆောင်မှုနှင့် ပတ်သက်၍ မိတ်ဆက်ခြင်း(New Members' Orientation) အခမ်းအနားကို Online မှတစ်ဆင့် ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကျင်းပရခြင်းအကြောင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားကို အထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) ဥက္ကဌ ဦးမြင့်စိုးမှ ပြောကြားခဲ့ပါသည်။

 

ထို့နောက် MGMA မှ Managing Director ဒေါ်အေးမိရှိန်မှ အသင်းဝင်စက်ရုံအသစ်များကို ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များနှင့် မိတ်ဆက်ပေးခြင်း၊ အသင်းမှ အသင်းဝင် စက်ရုံများအတွက် ဝန်ဆောင်မှုပေးနေခြင်းများ၊ Working Group ဖွဲ့စည်း ထားရှိမှုနှင့်ကျွမ်းကျင်ဝန်ထမ်းများ၏ Service Directory တင်ပြမှုများ၊ နိုင်ငံတကာနှင့်ချိတ်ဆက်၍ ရင်းနှီးမြုပ်နှံမှုများ လာရောက်ခဲ့ခြင်းနှင့် အသင်းမှစီစဉ်ပြုလုပ်လျက်ရှိသော Events and Activities များ၊ CSR activities အဖြစ် အသင်းမှ ကိုဗစ် - ၁၉ အလှူများ အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး Online License ကိစ္စနှင့် ပတ်သက်၍ Senior Administrative Officer မှ အသေးစိတ် ထပ်မံ ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ထို့နောက် Employers' Package အကြောင်းနှင့် ၎င်း၏ ဝန်ဆောင်မှုများကို Labour Officer မှ ရှင်းလင်းပြောကြားခဲ့ပြီး MGHRDC သင်တန်းကျောင်းမှ Manager မှလည်း သင်တန်းကျောင်း ၏ ပို့ချသင်ကြားလျှက်ရှိသော Online နှင့် Offline/Face to Face သင်တန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၂၀၂၀ခုနှစ်အတွင်း အသင်းဝင်တိုးတက်မှုမှာ (၅၈)ရုံခန့်ရှိခဲ့ပြီး ယခုဆိုလျှင် အသင်းသားစက်ရုံ စုစုပေါင်း (၆၀၅) ရုံအထိ ရှိပါသည်။ အဆိုပါ အခမ်းအနားသို့ အသင်းဝင် စက်ရုံများမှ တာဝန်ရှိသူများ စုစုပေါင်း (၃၆) ယောက် တက်ရောက်ခဲ့ကြပါသည်။

May be an image of text that says 'MYANMAR Welcome Message from Chairman Welcome Myanmar and thank forum and business industry jumping small compared your interest Myanmar Garment Manufacturers Association! Our organization organization supporting garment industry Myanmar. each year neighbours continued growth industry proud industry growth, Thailand China feature surely create hundreds challenges MGMA addressng currently experiencing robust sector exports obsi thousands problems We are now working banking sectori Myanmar under-developed, infrastructure outside Yangon several partners quickly becoming others with steady determination, organızıng capacity building extremely attractive location and advocating policy garment sourcing. stakeholders, from governmen policymakers internationa NGOs to private sector investors, population competitive costs, Myanmar'

May be an image of 12 people and screen

No photo description available.

 

# Myanmar Garment Manufacturers Association

Read 808 times
Rate this item
(0 votes)