What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖန်တီးသူတို့ရဲ့ အကယ်ဒမီဖက်ရှင် ဒီဇိုင်နာ သွင်စုထွေး

မတ်လ(၂၃)ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကြီးတွင် ဒီဇိုင်နာသွင်စုထွေးက ဘယ်သူတွေကို ဘယ်လို တွေ ချုပ်လုပ်ပေးမလဲ နဲ့ ပတ်သတ်ပြီးမေးမြန်းထားတာက …………..

အမ က ဒီနှစ်အကယ်ဒမီအတွက် သွန်းဆက်ကို ချုပ်ပေးဖို့ရှိတယ်။ဒါပေမယ့် သူ့အမေနေမကောင်းနေတော့ တက်ဖြစ်မလားမတက်ဖြစ်မလားတော့ မသိဘူး။

ဒီဇိုင်းတို့ ဘာတို့ကတော့ လုပ်ပြီးနေပါပြီ။အကယ်ဒမီအတွက် ချုပ်ပေးဖြစ်မှာကတော့ သူတယောက်ပါဘဲ။

အမက မြန်မာအင်္ကျီတွေ သိပ်ထွင်ချုပ်တာမဟုတ်တော့ မချုပ်ဖြစ်ဘူး။

အမက ဒီနှစ်အကယ်ဒမီကား ည ဇာတ်ကားအတွက် အမ၀တ်စုံတွေစီစဉ်ပေးခဲ့တယ်။ အမ ညဇာတ်ကားက သူတွေအကယ်ဒမီတက်ဖို့ အတွက်တော့ မချုပ်ပေးဖြစ်ဘူး။

အဲ့ ကားအတွက် အမချုပ်တာတော့ မဟုတ်ဘဲ အမတကားလုံအတွက် လိုက်ဖက်တဲ့ ၀တ်စုံတွေ ၀ယ်ပေးရတယ်။ အမပိုတော့ခေါင်းစားခဲ့တယ်။ ကိုယ်ချုပ်တာမဟုတ်တော့ပိုခေါင်းစားတယ်။ကိုယ်ချုပ်တာဆို ကိုယ့်ဟာကို ဒီဇိုင်းဆွဲpattern ဆွဲလုပ်လို့ရတယ်။ အခုကကျတော့ဒါရိုက်တာက၀ယ်တာဘဲလိုချင်တယ်ဆိုတော့ အမ ကိုယ်တိုင်လိုက်ရှာ ရှာပြီးတော့ လုပ်ရတယ်။ အမအတွက် တော့တော်တော်လေးတော့ တာဝန်ကြီးတဲ့ ကားတကားပါ။

အမကလေအကယ်ဒမီနဲ့ အလှမ်းဝေးတဲ့သူပါ။အမ အကယ်ဒမီအတွက် အမ က ဒီဟာတွေအတွက်participate သိပ်မလုပ်ဖြစ်ဘူး။ အမက ကျောင်းပြီးလာကထဲက europe ဒီဇိုင်းတွေ လုပ်တာများတယ်။ အမက၂၀၀၆ထဲက စချုပ်ခဲ့တာ ဒါပေမယ့် လွန်ခဲ့တဲ့ လေးနှစ်လောက်ကမှ မြန်မာ အင်္ကျီတွေ ချုပ်ဖြစ်တာ အမ မြန်မာဝတ်စုံ ဒီဇိုင်းတွေက လုံးဝမြန်မာဆန်ဆန်ကြီး မဟုတ်ဘူး။အမကို လူသိများတာကလဲ European taste ဆိုပြီးအသိများတယ်။

အမက ဒီဟာလေးတော့ ချုပ်မယ် ဆိုပြီးစပွန်ပေးတာသိပ်မရှိတော့ ပွဲတွေနဲ့ အမ နည်းနည်းဝေးတယ်ပေါ့။ အမှန်ဆို ည ဇာတ်ကားကားကမင်းသမီးတွေကိုပြောရင် သူတို့လဲချုပ်ခိုင်းမှာဘဲလေ။သူတို့ကိုလဲမပြောခဲ့ဘူး။ သူတို့ကလဲ မမေးတော့မချုပ်ပေးဖြစ်ဘူးပေါ့။ ပြောမယ်ဆိုရင် တော့ အမက သတ်သတ်နေတဲ့ ပုံစံဖြစ်နေတာပေါ့။

ဒီဇိုင်နာသွင်စုထွေးဟာအကယ်ဒမီပွဲတက်ဝတ်စုံများကိုချုပ်လေ့မရှိဘဲယခုနှစ်မှသာစတင်ချုပ်လုပ်တာဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ဒီဇိုင်နာသွင်စုထွေးဟာမြန်မာနိုင်ငံ၏နာမည်ကြီးဒီဇိုင်နာများထဲတွင် နာမည်ကြီးသူတယောက်ဖြစ်ပြီး သင်တန်းသူသင်တန်းများကို လဲ နိုင်ငံခြားမှဒီဇိုင်းပညာရှင်များကို ခေါ်ယူကာသင်တန်းများဖွင့်လှစ်ပြီး သင်ကြားပြသပေးနေသူတယောက်ပါ။

Read 1163 times
Rate this item
(1 Vote)