What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Oh Polly ဖက်ရှင်တိုက်က ရေကူးဝတ်စုံ ဖက်ရှင်စုကို မိတ်ဆက်

အမျိုးသမီးဝတ် နိုင်ငံတကာဖက်ရှင်နယ်ပယ်မှာ အောင်မြင်မှုတွေ ရလာနေတဲ့ Oh Polly  ဖက်ရှင်တိုက်က ရေကူးဝတ်စုံတွေကို မိတ်ဆက်လိုက်ပါတယ်။ 

Oh Polly  ဖက်ရှင်တိုက်က ဂလပ်စကို၊ လီဗာပူး၊ လော့စ် အိန်ဂျယ်လိစ်၊ ဒါကာ၊ ကွမ်ကျို စတဲ့ မြို့ကြီးတွေမှာ ရုံးခွဲတွေ ဖွင့်လှစ်လုပ်ကိုင်လျက် ရှိပြီး ဝန်ထမ်း ၃၀၀ ကျော် ရှိပါတယ်။ 

Oh Polly  ဖက်ရှင်တိုက်က ဆိုရှယ်ကွန်ရက်တွေမှာ လုပ်ကိုင်တဲ့ မဟာဗျူဟာကို ကျင့်သုံးပါတယ်။ သူ့ရဲ့ Instagram နဲ့ Facebook အကောင့်တွေကနေတစ်ဆင့် သုံးစွဲသူတွေကို ထိတွေ့ဆက်ဆံပါတယ်။ လောလောဆယ်မှာ follower လေးသန်းခွဲကျော် ရရှိထားပါတယ်။

Oh Polly ဖက်ရှင်တိုက်က ရေကူးဝတ်စုံတွေကို brand အသစ်ဖြင့် ပွဲထုတ်ပါတယ်။ Neena Swim အမည်ဖြင့် ဈေးကွက်ကို မိတ်ဆက်ခဲ့တယ်။ 

Neena Swim အတွက် တရားဝင် ဝဘ်ဆိုက်neenaswim.com ကို ဇူလိုင်လ ၂၁ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ 

 

swim_week_1.jpg

 

 Miami Swim Week  ပွဲတော်မှာလည်း ပါဝင်ပြသခဲ့ပါတယ်။

 

swim_week_2.jpg

 

ရေကူးဝတ်စုံ swimwear နဲ့ သောင်ပြင်ဝတ်စုံ beachwear နှစ်မျိုးမှာ ဦးဆောင်တဲ့နေရာ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာခဲ့ပါတယ်။

 

swim_week_3.jpg

 

Source: fashionunited.uk

Read 816 times
Rate this item
(0 votes)