What's new

×

Warning

JUser: :_load: Unable to load user with ID: 845


VERSACE တံဆိပ်ဖခင်ကြီး ဖက်ရှင်ဒီဇိုင်နာ Gianni Versace ရဲ့အကြောင်း

VERSACE တံဆိပ်ဖခင်ကြီး ဖက်ရှင်ဒီဇိုင်နာ Gianni Versace ရဲ့အကြောင်း google

ကမ္ဘာကျော် VERSACE တံဆိပ်ဖခင်ကြီး Gianni Versace ရဲ့အကြောင်းကို တင်ဆက်ပေးပါမယ်။

ဒီနေရာမှာ စကားစပ်မိလို့ တစ်ခုပြောပြချင်တာက Versace ဆိုတာ အင်္ဂလိပ်လို “ဗာစေ့စ်”လို့ အသံထွက်နေကြတာ မှားနေတယ်ဆိုတဲ့အကြောင်းပါ။ တကယ်တမ်းက အီတလီစကားလုံးဖြစ်တဲ့အတွက် “ဗစာရှီ” ဖြစ်ကြောင်း သိရပါတယ်။


#ဘ၀အစ

ဒီဇိုင်နာကြီး Gianni Versace ကို ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့က အီတလီနိုင်ငံတောင်ပိုင်း Reggio Calabria မြို့ကြီးမှာ မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်ကတော့ Giovanni Maria Versace ဖြစ်ပါတယ်။ သူရဲ့မွေးချင်းအစ်ကိုကြီးကတော့ Gianni Versace Spa ရဲ့ ဥက္ကဋ္ဌ Santo Domenico Versace ဖြစ်ပြီး ညီမက ဖက်ရှင်ဒီဇိုင်နာလည်းဖြစ် Versace လုပ်ငန်းစုရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ Donatella Versace ပါ။ သူတို့မိခင်ကလည်း ၀တ်စုံ ဖန်တီးသူတစ်ဦးဖြစ်တဲ့အတွက် သားသမီးတွေမှာ ဖက်ရှင်ဗီဇတွေ ပါလာကြတာဖြစ်ပါတယ်။ ဖက်ရှင်လောကမှာ အီတလီပညာရှင်တွေများတယ်ဆိုတာ သူတို့မိသားစုက သာဓကတစ်ခုပါပဲ။

15871664 1438534412855896 7087121968648449778 n

#ဖက်ရှင်ဒီဇိုင်နာဖြစ်လာပုံ

Gianni Versace ဟာ ငယ်စဉ်ကတည်းက ရှေးဂရိယဉ်ကျေးမှု လွှမ်းမိုးခြင်းနဲ့အတူ ကြီးပြင်းလာ ရသူတစ်ဦးဖြစ်ပါတယ်။ မွေးဌာနီမှာလည်း ဂရိအပြင် အဆင်တွေနဲ့ တန်ဆာဆင်ထားတာတွေ များလေ တော့ သူရဲ့ အနုပညာတီထွင်ကြံဆမှုတွေက ငယ်စဉ် ကတည်းက ဂန္ထ၀င်ဆန်ခဲ့တာပါ။ပညာသင်တော့လည်း Liceo Classico To­m­maso Campanella မှာ လက်တင်နဲ့ ရှေးဂရိပညာရပ်ကို ဆည်းပူးခဲ့ပါတယ်။ သူ့အားကျခဲ့ရတဲ့ ၁၉၆၀ပြည့်နှစ်များရဲ့ နာမည်ကျော်အမေရိကန်က အနုစိတ်ပုံဖော်မှု ပညာရှင် Andy Warhol ဟာ မြင်ဆရာတစ်ဆူဖြစ်ခဲ့ပါတယ်။အားကျရတဲ့ အနုပညာရှင်တွေ၊ အနုပညာရပ် တွေရှိနေတဲ့အပြင် မိခင်ဖြစ်သူရဲ့အထည်ချုပ်လုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်ခဲ့တာမို့ ဖက်ရှင်ဒီဇိုင်နာတစ် ယောက်ဖြစ်လာဖို့ ၀မ်းစာတွေပြည့်နေခဲ့တာအမှန်ပါ။ အဲဒါကြောင့်ပဲ သူဟာ အမျိုးသမီးဝတ်စုံချုပ်ပညာရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒီဇိုင်းနဲ့ပတ်သက်ပြီး ဗိသုကာ ပညာရပ်ကို ထပ်မံသင်ယူခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ်မှာ အီတလီနိုင်ငံရဲ့မြို့တော် မီလန်ကိုရွှေ့ပြီး ဖက်ရှင်ဒီဇိုင်နာအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတော့ တယ်။

15896281 1438534576189213 4121672798142654454 oversace dress runway google search dresses pinterest


#အောင်မြင်မှု

(၁၉၇၃)ခုနှစ်မှာ Gianni Versace ဟာ အီတလီ ဖက်ရှင်လုပ်ငန်း Genny ရဲ့ ဒီဇိုင်နာအဖြစ် နာမည်ရ နေခဲ့ပြီဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး နှစ်စဉ်နဲ့အမျှ အောင်မြင်မှုတွေရခဲ့ပါတယ်။ Genny က ထုတ်တဲ့ အသစ်သစ်သောဖက်ရှင်တွေမှာလည်း နာမည်ရခဲ့သလို သူ့ရဲ့ပထမဆုံးဖက်ရှင်ရှိုးပွဲကိုလည်း ကျင်းပနိုင်ခဲ့ပါ တယ်။ ဒီလိုနဲ့ ၁၉၇၈ခုနှစ်မှာတော့ သူ့ရဲ့ပထမဆုံး ဖက်ရှင်ဆိုင်ကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

15875368 1438534446189226 1882862856291662666 o

#VERSACE ဖက်ရှင်

သူတည်ထောင်ခဲ့တဲ့ Versace ဖက်ရှင်ဟာ ကမ္ဘာ့ထိပ်သီးဖက်ရှင်တံဆိပ်တွေစာရင်းထဲမှာပါဝင်တဲ့ ဂန္ထ၀င်မြောက်တံဆိပ်တစ်ခုဖြစ်ပါတယ်။ တံဆိပ် သင်္ကေတကိုက တကယ်ထူးခြားနေပါတယ်။ ရှေးဂရိနတ်ဘုရားခေတ်က မဒူဆာလို့ခေါ်တဲ့ မိစ္ဆာမတစ်ဦးရှိပါတယ်။ သူမရဲ့ဆံပင်ဟာ မြွေတွေဖြစ်ပြီး သူ့မျက်နှာ ကြည့်ရှုမိသူအားလုံးကို ကျောက်ရုပ်အဖြစ်ပြောင်းလဲစေတဲ့အစွမ်း ရှိပါတယ်။ ယနေ့တိုင် နာမည်လွှမ်းမိုးမှုရှိတဲ့ သူမအကြောင်းကို ရုပ်ရှင်ကားတွေ များစွာမှာလည်း တွေ့မြင်နိုင်ပါတယ်။

Gianni Versace ဟာ Versace တံဆိပ်ကို မဒူဆာရဲ့ခေါင်းကို ရွှေနဲ့ သင်္ကေတပြုပြီး အမျိုးသား၊ အမျိုးသမီးဝတ်ဖက်ရှင်၊ မျက်မှန်၊ ရေမွှေး၊ အဆင် တန်ဆာတွေကို ကမ္ဘာ့ဖက်ရှင်လောကမှာ ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားတွေအတွက်ဆိုရင်လည်း Suit တွေ၊ ဂျာကင်တွေထုတ်လုပ်ပြီး ဂရိဒီဇိုင်းအနားကွပ် အတွင်းခံဘောင်းဘီဟာ နာမည်ကြီးပါတယ်။ သူဖန်တီးတဲ့ဖက်ရှင်တွေရဲ့ ထူးခြားမှုကတော့ ဆန်းသစ်မှုတွေများစွာပါဝင် နေခြင်းပါ။

အမျိုးသမီးဖက်ရှင်တီထွင်မှုတွေကလည်း သူ့ကို ကမ္ဘာကျော်စေတဲ့အချက်တစ်ခုပါပဲ။ ကမ္ဘာ့ထိပ်သီး အမျိုးသမီး တစ်ဦးကို ချုပ်ပေးခဲ့တဲ့ဝတ်စုံတွေက ရေပန်းစားပါတယ်။ အဲဒါက အင်္ဂလန်နိုင်ငံ တော်ဝင်မင်းသမီး ဒိုင်ယာနာရဲ့ ၀တ်စုံများပဲ ဖြစ်ပါတယ်။

ဒိုင်ယာနာဝတ်ဆင်ခဲ့တဲ့အထဲမှာသဘော ကျမိတဲ့ Gianni Versace လက်ရာနှစ်ခုက သရဖူဆောင်း ပြီးဝတ်တဲ့ အဖြူရောင်ဝတ်စုံနဲ့ Bazzer မဂ္ဂဇင်းမျက်နှာဖုံးက စိမ်းပြာဖျော့စီးကွင့်ထိုးဝတ်စုံတို့ဖြစ်ပါတယ်။ ၀တ်စုံတွေဟာ တန်ဖိုးကြီးမြင့်လှပြီး စိမ်းပြာဝတ်စုံကတော့ လေလံဆွဲ ရောင်းချခဲ့ပါတယ်။ဒါ့အပြင် Gianni Versace ရဲ့ အကျော်ကြားဆုံးဖန်တီးမှုလို့ ပြောလို့ရမယ့် အင်္ဂလိပ်ရုပ်ရှင် မင်းသမီးကြီး Elizabeth Hurley ရဲ့ အနက်ရောင်ဝတ်စုံလည်း နာမည်ကြီးပါတယ်။ အနက်ရောင်ပိုးသားနဲ့ Lycra သားရယ် ရောစပ်ပြီး ရွှေသားအပ်ချိတ်တွေနဲ့ တွယ်ချိတ်ဖန်တီးချုပ်လုပ်ထားပါတယ်။ ဒီဝတ်စုံကို ၁၉၉၄ ခုနှစ်က Four Weddings and A Funeral ရုပ်ရှင်ထဲမှာ ၀တ်ဆင်ခဲ့တာဖြစ်ပါတယ်။

15826223 1438535236189147 1811533712523377029 nc8c59ecafed93fb46fba38143e941179st 686 3b

#Gianni Versace ၏ ကိုယ်ရေးကိုယ်တာဘဝ
Gianni Versace ဟာ သူမတူထူးခြားတဲ့ ဖက်ရှင်အနုပညာတွေအပြင် ရုပ်ရှင်ရိုက်ကူးခြင်းမှာလည်း အနုပညာအရည်အသွေးရှိပါတယ်။ Spiceworld နဲ့ Catwalk စတဲ့ ရုပ်ရှင်တွေနဲ့ ရုပ်သံတွေမှာပါဝင်ခဲ့ပါတယ်။သူ့မှာ သူများနဲ့မတူတဲ့ထူးခြားချက်ရှိပါသေးတယ်။ အဲဒါက အမျိုးသားချင်းစုံမက်နှစ်သက်ခြင်းပဲဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူကတော့ အခုကအခါ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ်ဘွိုင်းဟောင်းလည်းဖြစ်၊ ဒီဇိုင်နာလည်း ဖြစ်တဲ့ Antonio D'Amico ဖြစ်ပါတယ်။

276115873276 1438535272855810 5715778340723675686 n

#Gianni Versace ၏ နိဂုံး
Gianni Versace မှာ သူများနဲ့မတူတဲ့ထူးခြားမှုတွေ၊ ဖြစ်စဉ်တွေရှိခဲ့သလို ဘ၀နိဂုံးမှာလည်း မကောင်းခဲ့ရှာပါဘူး။ အသက် ၅၀ အရွယ် ၁၉၉၇ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ အမေရိကန်၊ မိုင်ယာမီကမ်းခြေက သူ့ရဲ့ ခမ်းနားတဲ့ စံအိမ်ကြီးဖြစ်ကနေ မနက်ခင်းလမ်းလျှောက်ထွက်ပြီး အပြန်မှာ ရည်ရွယ်ချက်မဲ့ လူဆက်တိုက်သတ်လေ့ရှိတဲ့ လူသတ်သမား Andrew Cuna­nan ရဲ့သေနတ်ပစ်လုပ်ကြံမှုနဲ့ကွယ်လွန်ပြီး အောင်မြင် ကြယ်ဝမှုတွေကို ထားရစ်ခဲ့ရပါတယ်။
သူ့ရဲ့ဈာပနကို အင်္ဂလန်တော်ဝင်မင်းသမီး ဒိုင်ယာနာအပါအ၀င် ထင်ရှားသူတို့ ၀မ်းနည်းစွာ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

#အပ်နှင်းခံရသောဆုများ

 အမေရိကန်ဖက်ရှင်အော်စကာဆု ၁၉၉၃
 အီတလီခရစ်ယန်ဒီမိုကရေစီဥက်္ကဋ္ဌချီးမြှင့်သော Italian Orders of Merti ဆု ၁၉၈၆

ကမ္ဘာ့ဖက်ရှင်လောကမှာ အောင်မြင်မှုအထွတ်အထိပ်ရခဲ့တဲ့ Gianni Versace ဟာ ကွယ်လွန်သွားခဲ့ပါပြီ။ ဒါပေမဲ့ သူရဲ့ Versace တံဆိပ်ကတော့ ယနေ့တိုင်အောင်မြင်မှုအလီလီနဲ့ ဖက်ရှင်ချစ်သူတွေအတွက် ထုတ်လုပ်နေဆဲပါ။

source:  The chic magazine

Read 1507 times
Rate this item
(1 Vote)