What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျပန်အ၀တ်အစားလုပ်ငန်းများ အရွေ့အပြောင်း

ဂျပန်အ၀တ်အစားလုပ်ငန်း Matsuoka Corp. ဟာ မြန်မာနိုင်ငံမှာ ၎င်းရဲ့ ထုတ်လုပ်မှုကို တိုးချဲ့လျက် ရှိပါတယ်။


Matsuoka Corp. ဟာ ဂျပန်မှ အ၀တ်အစားလက်လီအရောင်းလုပ်ငန်း Uniqlo ရဲ့ ထသွားထလာ အ၀တ်အစား ရောင်းချတဲ့ စတိုးဆိုင်တွေအတွက် အ၀တ်အစားတွေ ပေးသွင်းနေတဲ့လုပ်ငန်း ဖြစ်ပါတယ်။ Uniqlo ရဲ့ brand တစ်ခုဖြစ်တဲ့ GU က ၎င်းအတွက် အ၀တ်အစားတွေကို အဓိကအားဖြင့် ကမ္ဘောဒီးယားမှ ထုတ်လုပ်ပါတယ်။ အဲဒီမှာ ထုတ်လုပ်တာက တရုတ်နိုင်ငံမှာ ထုတ်လုပ်တာထက် လုပ်သားစရိတ် သိသိသာသာ သက်သာပါတယ်။

တရုတ်နိုင်ငံမှာ အထည်ချုပ်လုပ်ငန်းတွေအတွက် လူငယ်လုပ်သားတွေ ရဖို့ နည်းပါးနေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို အစိုးရက တင်းတင်းကျပ်ကျပ် ကြပ်မတ်ဆောင်ရွက်နေတာမို့ ဂျပန်မှ အ၀တ်အစားထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ ထုတ်လုပ်မှုစရိတ် သိသိသာသာ ပိုသက်သာတဲ့ အရှေ့တောင်အာရှကို ခြေဦးလှည့်ကြပါတယ်။ အဲဒီလို အရွှေ့အပြောင်းမှာ ထသွားထလာ အ၀တ်အစား လက်လီအရောင်းလုပ်ငန်း Adastria လည်း အပါအ၀င်ဖြစ်ပါတယ်။

Adastria ဟာ Global Work နဲ့ Lowrys Farm တို့ရဲ့ စတိုးဆိုင်တွေကို စီမံဆောင်ရွက်ပေးတဲ့လုပ်ငန်းဖြစ်ပြီး အဓိကအားဖြင့် ရှော့ပင်းစင်တာတွေမှာ ဖွင့်လှစ်ထားတဲ့ စတိုးတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ လုပ်သားစရိတ် မြင့်တက်လာတာကြောင့် ရမယ့်အမြတ် ပဲ့ပါကုန်တယ်။ အဲဒါကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာတဲ့ အရှေ့တောင်အာရှမှ စီးပွားဘက်တွေရဲ့ အထည်ချုပ်ရုံတွေမှာ လုပ်ကိုင်ခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ အထည်ချုပ်ရုံတည်ရှိရာ နိုင်ငံတွင်းမှ လိုအပ်တဲ့ပစ္စည်းတွေ ၀ယ်ယူသုံးစွဲခြင်းဖြင့်လည်း ကုန်ကျစရိတ်သက်သာစေမှာ ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ထုတ်ကုန် အရည်အသွေးကို ဆက်ထိန်းထားရင်း ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ကျစေမှာ ဖြစ်ပါတယ်။

Adastria က အရှေ့တောင်အာရှမှာ ပေါင်းစည်းထုတ်လုပ်စနစ်တစ်ခုကို ထူထောင်ပါတယ်။ အထည်ချုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ၎င်းစနစ်မှာ ပါဝင်တဲ့ ကုန်ထုတ်လုပ်ငန်းတွေထံမှ ၀ယ်ယူသုံးစွဲပါတယ်။ ဥပမာ ဗီယက်နမ်၊ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ထံမှ ချည် ၀ယ်တယ်။

Adastria အနေဖြင့် ၎င်းရဲ့ ထုတ်လုပ်မှုတွေကို တရုတ်ပြည်မှာ ၈၀ ရာခိုင်နှုန်း လုပ်ကိုင်လျက်ရှိပြီး လာမယ့် နှစ်နှစ်သုံးနှစ်အတွင်းမှာ အရှေ့တောင်အာရှကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပြောင်းရွှေ့လုပ်ကိုဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။
အထည်ချုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ယူတာမှာလည်း တရုတ်နိုင်ငံမှသာ အများဆုံး ၀ယ်ယူသုံးစွဲနေပြီး အရှေ့တောင်အာရှမှ ၁၀ ရာခိုင်နှုန်းကိုသာ ၀ယ်ယူသုံးစွဲနေပြီး လာမယ့် နှစ်နှစ်သုံးနှစ်အတွင်းမှာ ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ဖို့ စီစဉ်နေပါတယ်။ သယ်ယူပို့ဆောင်စရိတ်၊ ကြာမြင့်ချိန်တို့ကို လျှော့ချပေးနိုင်မှ ဖြစ်ပါတယ်။

Adastria ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန် စာရင်းအရ ဂျပန်နိုင်ငံမှာ စတိုင်းဆိုင်ပေါင် ၁,၂၇၅ ဆိုင် ရှိပြီး ယခုနှစ်မှာ အမြတ် ၆၆ ရာခိုင်နှုန်း လျော့ကျမယ်လို့ ခန့်မှန်းထားတာမို့ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာရေးဟာ အရေးပါတဲ့အချက် တစ်ချက် ဖြစ်နေပါတယ်။


ကိုးကား Nikkei Asia Review

Read 1230 times
Rate this item
(0 votes)