Zaw+Uni ခ်ဳပ္ထည္ေတြကုိ အထည္ခ်ဳပ္ဖုိ႔ အထည္သားေတြကုိ အလိပ္လုိက္ မွာယူၾကတယ္။
ၾကယ္သီး၊ ဖဲႀကိဳး၊ ခါးပတ္ေခါင္း စသျဖင့္ ခ်ဳပ္ထည္ရဲ႕ ဒီဇုိင္းမွာ ပါ၀င္ေနတဲ့ အဆင္တန္ဆာေတြကုိလည္း မွာယူၾကတယ္။ တကယ္လုိ လုိခ်င္တဲ့ အထည္သားက အသင့္ထုတ္လုပ္ၿပီးသား မဟုတ္ရင္ အမွာစာရဲ႕ သတ္မွတ္ခ်က္ေတြနဲ႔အညီ ခ်ည္စက္က ထုတ္လုပ္ေပးရမွာမုိ႔ ၁ လကေန ၂ လ ေလာက္ ၾကာျမင့္တတ္ပါတယ္။
အထည္သားက ေရေလွ်ာ္ၿပီးရင္ ႐ုန္းသြားတယ္။ က်ဳံ႕သြားတဲ့ ျပႆနာကုိ ေျဖရွင္းေပးဖုိ႔ ေရေလွ်ာ္တာကုိ အရင္လုပ္ကုိင္ခုိင္းတယ္။ ေရေႏြးျဖင့္ ေလွ်ာ္ဖြပ္ၾကတယ္။ ေျခာက္ေသြ႕ေအာင္ ျပဳၿပီးတဲ့အခါ အထည္သားကုိ ျပန္လိပ္ၿပီး ေပးပုိ႔တယ္။ တကယ္လုိ႔ မေလွ်ာ္ဘဲ အထည္သားကုိ ျဖတ္ေတာက္ၿပီး ခ်ဳပ္လုိက္ရင္ ရလာတဲ့ အ၀တ္အထည္က ၀တ္ဆင္ၾကည့္တဲ့အခါမွာေတာ့ အံကုိက္ပဲ။ ေရေလွ်ာ္ၿပီးတဲ့အခါမွာေတာ့ က်ပ္ေနလိမ့္မယ္။ ပုိဆုိးတာက ပုံပ်က္ပန္းပ်က္ ျဖစ္ကုန္တာအထိ ျဖစ္တတ္တာ ျဖစ္ပါတယ္။ အဲဒီအခါ အ၀တ္အစားရဲ အမွတ္တံဆိပ္ကုိ ထိခုိက္တယ္။ အထည္သားအေပၚလည္း အထင္ေသးတယ္။ ေဈးသက္သာတဲ့ အေပါစားအထည္သားနဲ႔ ခ်ဳပ္ထားလုိ႔ ဒီလုိျဖစ္ရတယ္လုိ႔ အျပစ္တင္မယ္။ အဲဒီျပႆနာ မႀကံဳရေလေအာင္ ေရေႏြးေလွ်ာ္တာကုိ လုပ္ကုိင္ၾကတယ္။ အဲဒီအတြက္ အထည္သား အနည္းအမ်ား ပမာဏေပၚမူတည္ၿပီး ၁ ပတ္ ၂ပတ္ေလာက္ ၾကာေလ့ရွိပါတယ္။
အထည္သားအေပၚ မူတည္ၿပီး ႐ုန္းတာ က်ဳံ႕တာက ၅ ကေန ၁၅ ရာခုိင္ႏႈန္းအထိ ရွိတတ္ပါတယ္။ တခ်ဳိ႕ဆုိရင္ ၈ ကေန ၁၂ ရာခုိင္ႏႈန္းအထိ က်ဳံ႕ပါတယ္။
အထည္သားရဲ႕ အေရာင္အေသြးအတြက္ လုိအပ္ရင္ ေဆးဆုိးပန္း႐ုိက္ လုပ္ၾကရတယ္။ အေရာင္အမ်ဳိးအစားကုိ ကုဒ္နံပါတ္ေတြ ထုတ္တဲ့ ႏုိင္ငံတကာသုံးစံ pantone code ျဖင့္ မွာယူသူက လုိခ်င္တဲ့အေရာင္ကုိ အသိေပးတယ္။ အဲဒီ pantone code ရဲ႕ အေရာင္အတုိင္း အထည္သားကုိ ေဆးဆုိးၿပီးမွ ေပးပုိ႔ၾကတာမ်ဳိး ရွိတယ္။ အဲဒါမ်ဳိး အထည္သားကုိ RFD fabric (Ready For Dying) လုိ႔ ေခၚၾကတယ္။ ေဆးဆုိးရန္အသင့္ အထည္သားကုိ ဆုိးေဆးထဲ ႏွစ္ၿပီး ေဆးဆုိးတယ္။ အရည္ထဲႏွစ္တာကုိ Dip လုိ႔ သုံးႏႈန္းၿပီး ေဆးဆုိးတာကုိ Dying လုိ႔ သုံးႏႈန္းတာမုိ႔
အခုလုိ ႏွစ္ၿပီးေဆးဆုိးနည္းကုိ Dip Dying လုိ႔ ေခၚၾကတယ္။ အဲဒါက အထည္တစ္လိပ္လုံးကုိ အမွာစာမွာပါတဲ့ pantone code ရဲ႕ အေရာင္ တစ္ေရာင္တည္းကုိ ေဆးဆုိးေပးတာ ျဖစ္ပါတယ္။
လုိခ်င္တဲ့ အဆင္အကြက္ေတြ၊ ပန္းအလွပုံေတြကုိ အလိပ္လုိက္ ေဆးဆုိးပန္း႐ုိက္စက္ေတြနဲ႔ ႐ုိက္ေပးတာလည္း ရွိပါတယ္။ တစ္ထည္စာ ျဖတ္ေတာက္ၿပီး ႐ုိက္ၾကတာလည္း ရွိတာမွာနည္းလမ္းတစ္ခုက Screen Printing ျဖစ္ပါတယ္။ ပုိးဇာပုံႏွိပ္ျခင္းလုိ႔ ေခၚတယ္လုိ႔ သိရပါတယ္။ Screen ပန္းေဖာက္ျပားမွာ လုိခ်င္တဲ့ဒီဇုိင္းကုိ ပုံေဖာ္ထားၿပီး အဲဒီ ပန္းေဖာက္ျပားနဲ႔ ေဆး႐ိုက္ပံုေဖာ္လုိက္တာ ျဖစ္ပါတယ္။ အထည္သားကုိ တင္းတင္းရင္းရင္းရွိေအာင္ ေဘာင္မွာ ထည့္ၿပီး အေပၚမွာ ပန္းေဖာက္ျပားတင္တယ္။ ၿပီးရင္ ဆုိးေဆးထည့္ၿပီး ယက္တံနဲ႔ ပုုိေနတဲ့ေဆးေတြကုိ ဖယ္ထုတ္လုိက္တယ္။ အရာထင္ေစခ်င္တဲ့ေနရာေတြမွာ ပန္းေဖာက္ျပားမွာ ေဖာ္ထားတဲ့အရာေတြအတုိင္း ဆုိးေဆးေတြ က်န္ရစ္ၿပီး အထည္သားမွာ စြဲထင္ပါတယ္။ အခုလုိ ပုိးဇာပုံႏွိပ္ျခင္းကုိ လက္ျဖင့္ လုပ္ကုိင္ခဲ့ၾကတယ္။ အခုအခါမွာေတာ့ ျမန္ျမန္ဆန္ဆန္ ေသေသသပ္သပ္ျဖင့္ လုပ္ေပးႏုိင္တဲ့ စက္ေတြ ရွိေနပါၿပီ။ စက္ရဲ႕ ပတ္ပတ္လည္မွာ လက္တံရွည္ေတြနဲ႔ ပန္း႐ုိက္ေပးရမယ့္အထည္သား ထည့္ဖုိ႔ ေဘာင္ကြက္ေတြ ပါရွိပါတယ္။ စက္နဲ႔ ႐ုိက္တယ္ဆုိေပမဲ့ လူက လုိအပ္တဲ့အဆင့္ေတြကုိ လုပ္ကုိင္ေပးရပါတယ္။
ေနာက္ထပ္ေခတ္မီ ေဆးဆုိးပန္း႐ုိက္နည္းလမ္းကေတာ့ ဒစ္ဂ်စ္တယ္ပရင့္တင္း Digital Printing ျဖစ္ပါတယ္။ ကြန္ပ်ဴတာထဲမွာ အခ်က္အလက္ေတြ ထည့္ေပးၿပီး စက္ကုိ ကြန္ပ်ဴတာက ထိန္းေက်ာင္းေပးၿပီး ပုံႏွိပ္ေပးလုိက္ပါတယ္။ လုိခ်င္တာကုိ ဒီဇုိင္းေရးဆြဲေပးၿပီး မွာၾကားတဲ့အခါ ဖုိင္အမ်ဳိးအစား AI, PDF, JPEG သုိ႔မဟုတ္ PNG တုိ႔ျဖင့္ ေပးပုိ႔ပါတယ္။
ပါတိတ္ဆင္ေတြကုိေတာ့ ေဆးဆုိးပန္း႐ုိက္တဲ့ စက္ေတြနဲ႔ အလိပ္လုိက္ ရုိက္ၾကတာ ရွိတယ္။ လက္ျဖင့္ ထုိင္ဆြဲတာလည္းရွိတယ္။ အ၀တ္ေပၚ လက္ျဖင့္ ဖေယာင္းသား တင္ေပးၿပီး ပုံေဖာ္ပါတယ္။ ၿပီးရင္ အထည္သားကုိ လက္ျဖင့္ ေဆးအေရာင္ေတြ တင္ေပးပါတယ္။ ဖေယာင္းသားပုံေဖာ္ထားတဲ့ေနရာမွာ ဖေယာင္းသားခံေနလုိ႔ ဆုိးေဆးက အထည္သားနဲ႔ မထိဘူး။ ဖေယာင္းမရွိတဲ့ေနရာေတြမွာသာ ထိၿပီး အထည္သားမွာ ေဆးစြဲတယ္။ ၿပီးတဲ့အခါမွ ဖေယာင္းသားကို ေလွ်ာ္ၿပီး ဖယ္ရွားပစ္လုိက္တဲ့အခါ ေဆးဆုိးထားတာေတြ အဆင္အကြက္ေတြ ပန္းအလွေတြအျဖစ္ က်န္ရစ္ပါတယ္။ အထည္သားအလိပ္ကို လုိသလုိ အပုိင္းပုိင္းျဖတ္ၿပီး တစ္ပုိင္းခ်င္းစီကုိ အခုလုိ ပါတိတ္ဆင္ ေဖာ္ယူတာျဖစ္လုိ႔ အခ်ိန္အေတာ္ယူတယ္။ ဒါေပမဲ့ ဒီဇုိင္းဆြဲသူ ေတာ္ရင္ေတာ္သလုိ ရင္သပ္႐ႈေမာရတဲ့ ပါတိတ္အဆင္ေတြ ရတာမုိ႔ ကေန႔ထက္တုိင္ လက္ျဖင့္ ပါတိတ္ေရးဆြဲတာ မတိမ္ေကာေသးပါဘူး။ စက္ကုိ လူက ေတာင့္ခံႏုိင္ေနဆဲပါ။ ႏွစ္ေတာင္သာသာရွိတဲ့ အထည္သားအစကုိ ပါတိတ္အဆင္လွလွ ေရးဆြဲရင္ ပုံၾကမ္းေကာက္ေၾကာင္းေဖာ္တာက ၃ နာရီေလာက္ၾကာတယ္။ ဖေယာင္းတင္တာက ငါးနာရီေျခာက္နာရီေလာက္ၾကတယ္။ ဆုိးေဆးတင္တာက တစ္ရက္ေလာက္ အခ်ိန္ယူပါတယ္။ ဒီေတာ့ ပါတိတ္ထည္ အေျမာက္အျမား ခ်ဳပ္လုပ္ၿပီး ထုတ္လုပ္တဲ့အခါ ေဆးဆုိးပန္း႐ုိက္စက္နဲ႔ အထည္သားကုိ အလိပ္လုိက္ ပန္း႐ုိက္ၿပီး ရလာတဲ့ အထည္သား ပန္း႐ုိက္ၿပီးသားကုိ ခ်ဳပ္ထည္ျဖစ္ေအာင္ ခ်ဳပ္လုပ္ၾကပါတယ္။
Uni
ဆေးဆိုးပန်းရိုက်
========
ချုပ်ထည်တွေကို အထည်ချုပ်ဖို့ အထည်သားတွေကို အလိပ်လိုက် မှာယူကြတယ်။ ကြယ်သီး၊ ဖဲကြိုး၊ ခါးပတ်ခေါင်း စသဖြင့် ချုပ်ထည်ရဲ့ ဒီဇိုင်းမှာ ပါဝင်နေတဲ့ အဆင်တန်ဆာတွေကိုလည်း မှာယူကြတယ်။ တကယ်လို လိုချင်တဲ့ အထည်သားက အသင့်ထုတ်လုပ်ပြီးသား မဟုတ်ရင် အမှာစာရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ချည်စက်က ထုတ်လုပ်ပေးရမှာမို့ ၁ လကနေ ၂ လ လောက် ကြာမြင့်တတ်ပါတယ်။
အထည်သားက ရေလျှော်ပြီးရင် ရုန်းသွားတယ်။ ကျုံ့သွားတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ရေလျှော်တာကို အရင်လုပ်ကိုင်ခိုင်းတယ်။ ရေနွေးဖြင့် လျှော်ဖွပ်ကြတယ်။ ခြောက်သွေ့အောင် ပြုပြီးတဲ့အခါ အထည်သားကို ပြန်လိပ်ပြီး ပေးပို့တယ်။ တကယ်လို့ မလျှော်ဘဲ အထည်သားကို ဖြတ်တောက်ပြီး ချုပ်လိုက်ရင် ရလာတဲ့ အဝတ်အထည်က ဝတ်ဆင်ကြည့်တဲ့အခါမှာတော့ အံကိုက်ပဲ။ ရေလျှော်ပြီးတဲ့အခါမှာတော့ ကျပ်နေလိမ့်မယ်။ ပိုဆိုးတာက ပုံပျက်ပန်းပျက် ဖြစ်ကုန်တာအထိ ဖြစ်တတ်တာ ဖြစ်ပါတယ်။ အဲဒီအခါ အဝတ်အစားရဲ အမှတ်တံဆိပ်ကို ထိခိုက်တယ်။ အထည်သားအပေါ်လည်း အထင်သေးတယ်။ ဈေးသက်သာတဲ့ အပေါစားအထည်သားနဲ့ ချုပ်ထားလို့ ဒီလိုဖြစ်ရတယ်လို့ အပြစ်တင်မယ်။ အဲဒီပြဿနာ မကြုံရလေအောင် ရေနွေးလျှော်တာကို လုပ်ကိုင်ကြတယ်။ အဲဒီအတွက် အထည်သား အနည်းအများ ပမာဏပေါ်မူတည်ပြီး ၁ ပတ် ၂ပတ်လောက် ကြာလေ့ရှိပါတယ်။
အထည်သားအပေါ် မူတည်ပြီး ရုန်းတာ ကျုံ့တာက ၅ ကနေ ၁၅ ရာခိုင်နှုန်းအထိ ရှိတတ်ပါတယ်။ တချို့ဆိုရင် ၈ ကနေ ၁၂ ရာခိုင်နှုန်းအထိ ကျုံ့ပါတယ်။
အထည်သားရဲ့ အရောင်အသွေးအတွက် လိုအပ်ရင် ဆေးဆိုးပန်းရိုက် လုပ်ကြရတယ်။ အရောင်အမျိုးအစားကို ကုဒ်နံပါတ်တွေ ထုတ်တဲ့ နိုင်ငံတကာသုံးစံ pantone code ဖြင့် မှာယူသူက လိုချင်တဲ့အရောင်ကို အသိပေးတယ်။ အဲဒီ pantone code ရဲ့ အရောင်အတိုင်း အထည်သားကို ဆေးဆိုးပြီးမှ ပေးပို့ကြတာမျိုး ရှိတယ်။ အဲဒါမျိုး အထည်သားကို RFD fabric (Ready For Dying) လို့ ခေါ်ကြတယ်။ ဆေးဆိုးရန်အသင့် အထည်သားကို ဆိုးဆေးထဲ နှစ်ပြီး ဆေးဆိုးတယ်။ အရည်ထဲနှစ်တာကို Dip လို့ သုံးနှုန်းပြီး ဆေးဆိုးတာကို Dying လို့ သုံးနှုန်းတာမို့
အခုလို နှစ်ပြီးဆေးဆိုးနည်းကို Dip Dying လို့ ခေါ်ကြတယ်။ အဲဒါက အထည်တစ်လိပ်လုံးကို အမှာစာမှာပါတဲ့ pantone code ရဲ့ အရောင် တစ်ရောင်တည်းကို ဆေးဆိုးပေးတာ ဖြစ်ပါတယ်။
လိုချင်တဲ့ အဆင်အကွက်တွေ၊ ပန်းအလှပုံတွေကို အလိပ်လိုက် ဆေးဆိုးပန်းရိုက်စက်တွေနဲ့ ရိုက်ပေးတာလည်း ရှိပါတယ်။ တစ်ထည်စာ ဖြတ်တောက်ပြီး ရိုက်ကြတာလည်း ရှိတာမှာနည်းလမ်းတစ်ခုက Screen Printing ဖြစ်ပါတယ်။ ပိုးဇာပုံနှိပ်ခြင်းလို့ ခေါ်တယ်လို့ သိရပါတယ်။ Screen ပန်းဖောက်ပြားမှာ လိုချင်တဲ့ဒီဇိုင်းကို ပုံဖော်ထားပြီး အဲဒီ ပန်းဖောက်ပြားနဲ့ ဆေးရိုက်ပုံဖော်လိုက်တာ ဖြစ်ပါတယ်။ အထည်သားကို တင်းတင်းရင်းရင်းရှိအောင် ဘောင်မှာ ထည့်ပြီး အပေါ်မှာ ပန်းဖောက်ပြားတင်တယ်။ ပြီးရင် ဆိုးဆေးထည့်ပြီး ယက်တံနဲ့ ပိုနေတဲ့ဆေးတွေကို ဖယ်ထုတ်လိုက်တယ်။ အရာထင်စေချင်တဲ့နေရာတွေမှာ ပန်းဖောက်ပြားမှာ ဖော်ထားတဲ့အရာတွေအတိုင်း ဆိုးဆေးတွေ ကျန်ရစ်ပြီး အထည်သားမှာ စွဲထင်ပါတယ်။ အခုလို ပိုးဇာပုံနှိပ်ခြင်းကို လက်ဖြင့် လုပ်ကိုင်ခဲ့ကြတယ်။ အခုအခါမှာတော့ မြန်မြန်ဆန်ဆန် သေသေသပ်သပ်ဖြင့် လုပ်ပေးနိုင်တဲ့ စက်တွေ ရှိနေပါပြီ။ စက်ရဲ့ ပတ်ပတ်လည်မှာ လက်တံရှည်တွေနဲ့ ပန်းရိုက်ပေးရမယ့်အထည်သား ထည့်ဖို့ ဘောင်ကွက်တွေ ပါရှိပါတယ်။ စက်နဲ့ ရိုက်တယ်ဆိုပေမဲ့ လူက လိုအပ်တဲ့အဆင့်တွေကို လုပ်ကိုင်ပေးရပါတယ်။
နောက်ထပ်ခေတ်မီ ဆေးဆိုးပန်းရိုက်နည်းလမ်းကတော့ ဒစ်ဂျစ်တယ်ပရင့်တင်း Digital Printing ဖြစ်ပါတယ်။ ကွန်ပျူတာထဲမှာ အချက်အလက်တွေ ထည့်ပေးပြီး စက်ကို ကွန်ပျူတာက ထိန်းကျောင်းပေးပြီး ပုံနှိပ်ပေးလိုက်ပါတယ်။ လိုချင်တာကို ဒီဇိုင်းရေးဆွဲပေးပြီး မှာကြားတဲ့အခါ ဖိုင်အမျိုးအစား AI, PDF, JPEG သို့မဟုတ် PNG တို့ဖြင့် ပေးပို့ပါတယ်။
ပါတိတ်ဆင်တွေကိုတော့ ဆေးဆိုးပန်းရိုက်တဲ့ စက်တွေနဲ့ အလိပ်လိုက် ရိုက်ကြတာ ရှိတယ်။ လက်ဖြင့် ထိုင်ဆွဲတာလည်းရှိတယ်။ အဝတ်ပေါ် လက်ဖြင့် ဖယောင်းသား တင်ပေးပြီး ပုံဖော်ပါတယ်။ ပြီးရင် အထည်သားကို လက်ဖြင့် ဆေးအရောင်တွေ တင်ပေးပါတယ်။ ဖယောင်းသားပုံဖော်ထားတဲ့နေရာမှာ ဖယောင်းသားခံနေလို့ ဆိုးဆေးက အထည်သားနဲ့ မထိဘူး။ ဖယောင်းမရှိတဲ့နေရာတွေမှာသာ ထိပြီး အထည်သားမှာ ဆေးစွဲတယ်။ ပြီးတဲ့အခါမှ ဖယောင်းသားကို လျှော်ပြီး ဖယ်ရှားပစ်လိုက်တဲ့အခါ ဆေးဆိုးထားတာတွေ အဆင်အကွက်တွေ ပန်းအလှတွေအဖြစ် ကျန်ရစ်ပါတယ်။ အထည်သားအလိပ်ကို လိုသလို အပိုင်းပိုင်းဖြတ်ပြီး တစ်ပိုင်းချင်းစီကို အခုလို ပါတိတ်ဆင် ဖော်ယူတာဖြစ်လို့ အချိန်အတော်ယူတယ်။ ဒါပေမဲ့ ဒီဇိုင်းဆွဲသူ တော်ရင်တော်သလို ရင်သပ်ရှုမောရတဲ့ ပါတိတ်အဆင်တွေ ရတာမို့ ကနေ့ထက်တိုင် လက်ဖြင့် ပါတိတ်ရေးဆွဲတာ မတိမ်ကောသေးပါဘူး။ စက်ကို လူက တောင့်ခံနိုင်နေဆဲပါ။ နှစ်တောင်သာသာရှိတဲ့ အထည်သားအစကို ပါတိတ်အဆင်လှလှ ရေးဆွဲရင် ပုံကြမ်းကောက်ကြောင်းဖော်တာက ၃ နာရီလောက်ကြာတယ်။ ဖယောင်းတင်တာက ငါးနာရီခြောက်နာရီလောက်ကြတယ်။ ဆိုးဆေးတင်တာက တစ်ရက်လောက် အချိန်ယူပါတယ်။ ဒီတော့ ပါတိတ်ထည် အမြောက်အမြား ချုပ်လုပ်ပြီး ထုတ်လုပ်တဲ့အခါ ဆေးဆိုးပန်းရိုက်စက်နဲ့ အထည်သားကို အလိပ်လိုက် ပန်းရိုက်ပြီး ရလာတဲ့ အထည်သား ပန်းရိုက်ပြီးသားကို ချုပ်ထည်ဖြစ်အောင် ချုပ်လုပ်ကြပါတယ်။