မကြာခင်မှာဆိုရင် အားလုံးစောင့်မျှော်နေကြတဲ့ နွေဦးကာလ ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။
နွေဦးကာလ ဟာဆိုရင် သတို့သမီးလေးတွေအတွက် မင်္ဂလာပွဲ ကျင်းပလို့ကောင်းတဲ့ ကာလတစ်ခုလည်းဖြစ်ပါတယ်။
သတို့သမီးအများစုဟာ မင်္ဂလာပွဲကျင်းပတဲ့အခါမှာ အဖြူရောင်ကိုသာ အများဆုံးရွေးချယ်တတ်ကြပါတယ်။
ဒါပေမယ့် နွေဦးကာလလေးမှာ မင်္ဂလာပွဲကျင်းပမယ်ဆိုရင်တော့ အဝါရောင် မင်္ဂလာဝတ်စုံလေးတွေကို ရွေးချယ်သင့်ပါတယ်။
အဝါရောင်ဟာ နွေဦးရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး ပျော်ရွှင်ခြင်း ၊ တောက်ပခြင်း ၊ ရွှင်လန်းခြင်းတို့ကို အဓိပ္ပာယ်ဆောင်ပါတယ်။
ဒီနှစ် ၂၀၂၀ မှာဆိုရင် ဖက်ရှင်နဲ့ပတ်သက်ပြီး အဝါရောင်ဟာ တော်တော်လေး Trend ဖြစ်လာတဲ့ အရောင်တစ်ရောင်လည်းဖြစ်ပါတယ်။
ဒါကြောင့် နွေဦးမှာ မင်္ဂလာပွဲလေးကျင်းပဖို့အတွက် စီစဉ်ထားတယ်ဆိုရင် မင်္ဂလာဝတ်စုံ အဝါရောင်လေးတွေကို ဝတ်ဆင်ဖို့အကြုံပေးချင်ပါတယ်။
အထည်ချုပ်လုပ်ငန်းသုံးပစ္စည်းဆိုင် ၇၆ ဆိုင်ကိုရှာရန်နှိပ်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Myanmar Textile and Garment Directory