What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မင်္ဂလာဝတ်စုံမအပ်ခင် သိသင့်သော အချက်များ

မင်္ဂလာဝတ်စုံမအပ်ခင် သိသင့်သော အချက်များ Google

       မင်္ဂလာဆောင်တော့မယ့် သတို့သမီးလောင်းတွေအတွက် မင်္ဂလာဝတ်စုံ မဝယ်ခင် သိထားသင့်တဲ့ အချက်တွေကို ဒီဇိုင်နာတစ်ယောက်မှ အကြံဉာဏ်ပေးလိုက်ပါတယ်။

        မင်္ဂလာဝတ်စုံရွေးတဲ့အခါမှာ ဒီဇိုင်နာကိုပဲ အားလုံးပုံအပ်လိုက်လို့ မရပါဘူး။ သတို့သမီးဘက်က သူလိုချင်တဲ့ပုံစံ၊ သူလိုချင်တဲ့ vision နဲ့ ဒီဇိုင်နာဘက်က ဒီဇိုင်နာရဲ့ vision တို့ ပေါင်းစပ်လိုက်တဲ့ အခါမှသာ ပြီးပြည့်စုံတဲ့ မင်္ဂလာဝတ်စုံတစ်ခု အသက်ဝင်လာမှာ ဖြစ်ပါတယ်။

၁။ ဝတ်စုံအတွက် သီးသန့် budget ချထားပါ။

        အရင်ဆုံး မင်္ဂလာပွဲတစ်ခုလုံးအတွက် budget ချပြီးရင် ဝတ်စုံအတွက် ကိုယ်ဘယ်လောက်သုံးမယ်ဆိုပြီး budget ချထားသင့်ပါတယ်။ ဒါမှ သင့်မှာရွေးချယ်စရာတွေ နည်းသွားပြီး ကိုယ်လိုချင်တဲ့ ဝတ်စုံကို ကိုယ်ချထားတဲ့ budget အတွင်းမှာ ရှာနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော် အကြံပေးရမယ်ဆိုရင် သင့်ရဲ့ မင်္ဂလာပွဲတစ်ခုလုံးစာအတွက် budget ရဲ့ 10% က ဝတ်စုံအတွက် ဖြစ်သင့်ပါတယ်။

၂။ အိမ်စာကြိုလုပ်ထားပါ။

        Online ပေါ်မှာပဲဖြစ်ဖြစ် မဂ္ဂဇင်းတွေမှာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ မင်္ဂလာဝတ်စုံပုံစံတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး စာအုပ်ထဲမှာ သိမ်းထားတာဖြစ်ဖြစ် Pinterest မှာ mood board လုပ်ထားတာပဲဖြစ်ဖြစ် လုပ်ပါ။ တွေ့သမျှအကုန် save လုပ်၊ ပြီးရင် ဘယ်မှာပြန်ရှာလို့ရှာရမှန်း မသိတာထပ်စာရင် mood board လေးထားပြီး တစ်နေရာထဲမှာ တစ်စုတစ်စည်းလေးရှိနေတာက ပိုသက်သာပါတယ်။

၃။ ကိုးလ (သို့) တစ်နှစ်လောက် ကြိုတင်ပြင်ဆင်ထားပါ။

        ပြီးပြည့်စုံတဲ့ မင်္ဂလာဝတ်စုံလေးတစ်ခု ဖြစ်တည်လာဖို့ဆိုတာ အချိန်တော်တော်ယူမှ ရတာပါ။ ဒါကြောင့် မင်္ဂလာပွဲမစမှီ ကိုးလ တစ်နှစ်လောက်ကတည်းကစပြီး ဝတ်စုံအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ တစ်ခါတစ်လေ မင်္ဂလာပွဲရက်နား နီးကပ်လာတဲ့အခါမှာ သတို့သမီးက ဝိတ်ကျတာတို့၊ ဝိတ်တက်တာတို့ ဖြစ်လာတဲ့အခါမှာ ဝတ်စုံကို ပြန်ပြီး alter လုပ်ရပါတယ်။ အဲဒီအတွက်လည်း အချိန်ကိုကြိုတင်ပြီးတော့ စီစဉ်ထားဖို့ လိုအပ်ပါတယ်။

၎။ ပွဲနေ့ဝတ်မယ့် ဖိနပ်တွေကို fitting day ကျရင် ယူလာပါ။

        ပွဲနေ့ဝတ်မယ့်ဖိနပ် ယူဆောင်လာမှ ဒီဇိုင်နာက သတို့သမီး သက်တောင့်သက်သာ ရှိစေဖို့အတွက် ဝတ်စုံရဲ့ veil နဲ့ train တို့ရဲ့အရှည်ကို ခန့်မှန်းလို့ ရမှာပါ။

၅။ လူအများကြီး မခေါ်လာပါနဲ့။

        သူငယ်ချင်းတွေ မိသားစုတွေ အများကြီးခေါ်လာပြီး ပျော်ပျော်ပါးပါး ဝတ်စုံတွေ တစ်ခုပြီးတစ်ခု ဝတ်ကြည့်တာ ရုပ်ရှင်ထဲမှာပဲ ပျော်ဖို့ကောင်းတာပါ။ တကယ်တမ်းကျတော့ အဲဒါဟာ ကိုယ်လိုချင်တဲ့ပုံစံကို မရတော့ဘဲ အချိန်ပိုကြာစေပါတယ်။ အနည်းဆုံး ကိုယ်တစ်ကယ် opinion လိုချင်တဲ့ ရင်းနှင်းတဲ့သူ နှစ်ယောက် သုံးယောက်လောက်ပဲ ခေါ်လာပြီး တိုင်ပင်ဆွေးနွေးပါ။

၆။ ဈေးပေါတယ်ဆိုပြီး online shopping ကနေ မဝယ်ပါနဲ့။

        Online မှာတွေ့တဲ့ ဝတ်စုံတွေဆိုတာ reference လောက်ပဲယူပြီး အတတ်နိုင်ဆုံး မဝယ်ပါနဲ့။ Reliable shop မဟုတ်ဘူးဆိုရင် ဓာတ်ပုံထဲကဝတ်စုံနဲ့ တကယ်တမ်းရောက်လာတဲ့ ဝတ်စုံဟာ မတူတာတွေ၊ ရောင်ကွဲနေတာတွေ၊ cutting မကောင်းတာတွေ ဖြစ်နေတတ်ပါတယ်။

        အခုဆိုရင် မင်္ဂလာဆောင်တော့မယ့် သတို့သမီးအချောအလှလေးတွေ မင်္ဂလာဝတ်စုံမဝယ်ခင် သိထားသင့်တဲ့အချက်တွေကို ပြည့်ပြည့်စုံစုံ သိရှိပြီလို့ ထင်ပါတယ်။ အားလုံးပဲ အိပ်မက်ကမ္ဘာထဲကလိုမျိုး ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး ကျင်းပနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

Crd:Designer Kaung Myat

Source: Myanmar Fashion News

Read 1444 times
Rate this item
(0 votes)