What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့ဈေးအကြီးဆုံး Wedding Dress (၁၀) မျိုး

ကမ္ဘာ့ဈေးအကြီးဆုံး Wedding Dress (၁၀) မျိုး Google

        အမျိုးသမီးတွေဟာ မင်္ဂလာဆောင်ရင် ဘယ်လိုလေး ဆောင်မယ် ဆိုပြီး ကြိုတင် စိတ်ကူးယဉ်ထားတာမျိုး ရှိတတ်ကြပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာပေါ်က ဈေးအကြီးဆုံး Wedding Dress လေးတွေကို ဗဟုသုတ ရအောင် ဖော်ပြပေးမှာ ဖြစ်ပါတယ်ရှင်။

        သင့်ရဲ့ မင်္ဂလာဆောင်ဟာ ခမ်းနားတယ်ဆိုရင် ပိုကောင်းတယ် ဆိုပေမယ့် မခမ်းနားဘူးဆိုရင်လဲ ဘာမှမဖြစ်ပါဘူး။ သင် ချစ်တဲ့သူ ဘေးမှာ အတူရှိနေခြင်းကပဲ ဆုလာဒ်တစ်ခု ဖြစ်နေနိုင်တာမို့ပါ။ ပျိုမေလေးတွေ ချစ်တဲ့သူနဲ့ ပျော်ရွှင်စွာ အမြဲ နေထိုင်နိုင်ပါစေနော်....

(1) The Diamond Wedding Grown

        ဒီဝတ်စုံကတော့ ကမ္ဘာ့ဈေးအကြီးဆုံး မင်္ဂလာဆောင် ဝတ်စုံ ဖြစ်ပါတယ်။ စိန်တွေစီထားတဲ့ ဒီဝတ်စုံကို ချုပ်ဖို့  ဒေါ်လာ ၁၂ မီလီယံတောင် အကုန်ကျခံပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ စိန်စီထားတဲ့ ဝတ်စုံကိုတော့ စိန်အလုံးပေါင်း ၇၅၁ လုံးနဲ့ အလှဆင် ဖန်တီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

1

 

(2)Yumi Katsura White Gold Dress 

          အဆိုပါ ဝတ်စုံကို ဒီဇိုင်နာ Yumi Katsura ချုပ်လုပ်ခဲ့တာ ဖြစ်လို့ Yumi Katsura White Gold Dress ဆိုပြီး နာမည်ပေးထားတာ ဖြစ်ပါတယ်။ အဲ့ဒီ ဝတ်စုံအတွက် ဒေါ်လာ 8.5 မီလီယံ အသုံးပြုပြီး ချုပ်လုပ်ခဲ့တာပါ။2

 

(3) Peacock Wedding Dress

        တကယ်ကို Amazing ပါပဲ။ အိမ်မက်ထဲက ဝတ်စုံလေးလား လို့ မေးရလောက်အောင်ပါပဲ။ ဒီဝတ်စုံလေးကတော့ ဒေါင်းရဲ့ အမွှေးအတောင်တွေနဲ့ ဖန်တီး ပြုလုပ်ထားတာ ဖြစ်ပြီးတော့ ပျှမ်းမျှ ဒေါင်းအမွှေးအတောင် ၂၀၀ ခန့် နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဒီဇိုင်နာဟာ ဒီဝတ်စုံ အတွက် ဒေါင်းငှက် ၁၀ ကောင် ကျော်ကျော်လောက်ကို စုဆောင်းခဲ့ရတာဖြစ်ပြီးတော့ ဒေါ်လာ ၁.၅ မီလီယံ ကုန်ကျခံပြီး ဖန်တီးခဲ့ပါတယ်။

3

 

(4) Danasha Luxury Gown – $1.5 million

        ဒီဝတ်စုံလေးကတော့ 2010 Miami International Fashion Week မှာ ပြသခဲ့တဲ့ ဝတ်စုံတစ်စုံ ဖြစ်ပြီး ဒေါ်လာ ၁.၅ မီလီယံ အကုန်အကျခံခဲ့တာ ဖြစ်ပါတယ်။

4

 

(5) Kate Middleton’s Wedding Dress

        ဗြိတိန်နိုင်ငံ၏ အိမ်ရှေ့မင်းသား ဝီလီယမ်ရဲ့ ကြင်ယာတော် ကိတ်မစ်ဒယ်တန်ရဲ့ ဝတ်စုံကတော့ ဒေါ်လာ ၃၈၈,၀၈၈ အသုံးပြုပြီး ချုပ်လုပ်ခဲ့တာပါ။

5

 

(6) Mauro Adami Wedding Dress $372,564

        ဒီဝတ်စုံကို ၂၀၀၈ ခုနှစ်မှာ အီတလီ ဒီဇိုင်နာ Mauro Adami ဖန်တီးခဲ့ပြီးတော့ ဒေါ်လာ ၃၇၂,၅၆၄ အသုံးပြု၍ ချုပ်လုပ်ခဲ့ပါတယ်။

6

 

(7)Platinum Wedding Dress

        အဆိုပါ ဝတ်စုံကို ပလက်တီနမ်တွေ ပါဝင်ဖန်တီး ပြုလုပ်ထားပြီးတော့ ဒေါ်လာ ၂၅၀,၀၀၀ အသုံးပြုခဲ့ပါတယ်။

7

 

(8) 9,999 Carat Gems Wedding Dress

        ဒီဝတ်စုံကိုတော့ ကျောက်မျက်ရတနာ ၉,၉၉၉ ကာရက် ပါဝင်ပြီး ဖန်တီးထားပါတယ်။ ၂၀၀၇ ခုနှစ်မှာ ဖန်တီးပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်ရဲ့ ဈေးအကြီးဆုံး ဝတ်စုံစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ကုန်ကျစရိတ်ကတော့ ၁၅၈,၈၇၄ ဒေါ်လာ ဖြစ်ပါတယ်။

8

 

(9) ‘Bach Ngoc Xiem Y’ Wedding Dress

       အဆိုပါဝတ်စုံကို ဒေါ်လာ ၁၁၇,၀၀၀ အကုန်အကျခံပြီး ဖန်တီးခဲ့ပါတယ်။

9

 

(10) Imperial Pearl Syndicate Gown

      ဒီဝတ်စုံကို ၁၉၅၀ ခုနှစ်မှာ ဒေါ်လာ ၁၀၀,၀၀၀ အကုန်အကျ ခံပြီး ပြုလုပ်ခဲ့ပါတယ်။ ဒီဝတ်စုံကို ပြုလုပ်တဲ့ ဒီဇိုင်နာက ဝတ်စုံ ရောင်းချလို့ ရလာတဲ့ငွေကို ကင်ဆာရောဂါသည်တွေအတွက် လှူဒါန်းခဲ့ပါတယ်။ ဝတ်စုံရဲ့ အလေးချိန်ကတော့ ၂၇ ပေါင် အလေးချိန် ရှိပါတယ်။

10

Read 1479 times
Rate this item
(1 Vote)
Tagged under