What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ဂျပန်ယဉ်ကျေးမှု အမွေအနှစ် Kimono ရိုးရာဝတ်စုံ အကြောင်းသိကောင်းစရာ
ဂျပန်ယဉ်ကျေးမှု အမွေအနှစ် Kimono ရိုးရာဝတ်စုံ အကြောင်းသိကောင်းစရာ Google
ဒီတစ်ခေါက်မှာတော့ Myanmar Textile and Garment Directory က ပရိတ်သတ်ကြီးကို ဂျပန်နိုင်ငံရဲ့ ရိုးရာ ဝတ်စုံ ဖြစ်တဲ့
Kimono  ဝတ်စုံလေး အကြောင်းကို တင်ပြပေးချင်ပါတယ်။
ဂျပန်နိုင်ငံ အကြောင်းကို အစချီလိုက်တာနဲ့ ပထမဦးဆုံး မျက်လုံးထဲမှာ ဆာကူရာ ပန်းလေးတွေနဲ့ ချစ်စရာကောင်းပြီးလူကြိုက်များတဲ့
Kimono  ဝတ်စုံလေးတွေကို အရင်ပြေးမြင်မိကြမှာပါ။
Kimono ဆိုတာဟာ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်တဲ့ ရိုးရာဝတ်စုံပဲဖြစ်ပါတယ်။
Kimono စကားလုံးလေးရဲ့အဓိပ္ပာယ်ကတော့ Ki ‘ ဝတ်ဆင်ခြင်း’ ၊ mono ‘ အရာဝတ္တု’ ဆိုတဲ့ စကားလုံးနှစ်ခုကိုပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။
ဂျပန် ရိုးရာဝတ်စုံ Kimono ကို လူကြီးလူငယ်၊ ကျား ၊ မ မရွေးဝတ်ဆင်နိုင်ပြီး ရာသီဥတုအပေါ်မူတည်ပြီး ဝတ်ဆင်ပုံကွဲပြားမှုမျာ
လည်းရှိပါတယ်။ Kimono ဝတ်စုံမှာဆိုရင် အမျိုးအစားများစွာရှိပါတယ်။
Furisode, Komon, Tomesode, Susohiki/ Hikizuri, Odori Katamigawari, Iromuji, Mofuku, Yukata, Houmongi,
Uchikake ဆိုပြီး အမျိုးအစားများစွာရှိပြီး ဝတ်ဆင်ပုံလည်းများစွာရှိပါတယ်။
အပွင့်အခက်တွေနဲ့ ဆေးရောင်စုံများစွာ ရိုက်နှိပ်ထားတိုင်း Kimono ဟူ၍ သတ်မှတ်လို့မရပေ။ Kimono တွင် ထိမ်းမြားလက်ထပ်ခြင်း Kimono၊
ပွဲတက် Kimono ၊ အိမ်နေရင်း Kimono ဟူ၍ အမျိုးမျိုးရှိပြီး ခါးပတ်ကြိုးပေါ်မူတည်ပြီး အမျိုးအစားများကိုခွဲခြားနိုင်ပါတယ်။
ရှေးယခင်ကဆို Kimono ဝတ်စုံကို ကြည့်ခြင်းအားဖြင့် ဝတ်ဆင်သူ၏ နောက်ခံ မိသားစုမျိုးရိုးနှင့် ချမ်းသာကြွယ်ဝမှုကို သိရှိနိုင်ပါတယ်။
ဂျပန်ရိုးရာ Kimono ဝတ်စုံဝတ်ဆင်ပြီဆိုလျှင် ဝတ်စုံနဲ့လိုက်ဖက်သော ရိုးရာသစ်သားခုံဖိနပ်၊ ရိုးရာထီး၊ ရိုးရာရှုံ့အိတ်လေးများ၊
ခါးစည်းကြိုးအလှများသည်လည်း မပါမဖြစ် အရေးကြီးလှသော ဆင်ယင်ထုံးဖွဲ့မှုများ ဖြစ်ပါတယ်။
အခုတင်ပြပေးလိုက်တာကတော့ ဂျပန် ရိုးရာဝတ်စုံ တစ်မျိုးဖြစ်တဲ့ Kimono ဝတ်စုံလေးအကြောင်းပဲဖြစ်ပါတယ်။
အားလုံးပဲ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်နော်။
ki1
ki2
ki4
ki5
ရိုးရာဝတ်စုံဆိုင် ၁၇၄ ဆိုင်ကိုရှာရန်နှိပ်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
ဂျပန် ရိုးရာဝတ်စုံ Kimono ကို လူကြီးလူငယ်၊ ကျား ၊ မ မရွေးဝတ်ဆင်နိုင်ပြီး ရာသီဥတုအပေါ်မူတည်ပြီး ဝတ်ဆင်ပုံးကွဲပြားမှုမျာ
Myanmar textile and Garment Directory
Read 2735 times
Rate this item
(1 Vote)
Tagged under