အခုတလော လူမှုကွန်ရက်စာမျက်နှာမှာ အရမ်းကိုလူပြောများနေတဲ့ သိရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြှင့်ပွဲကြီး ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။
အဆိုပါဘွဲ့ချီးမြှင့်ပွဲကြီးကို ဂုဏ်ထူးဆောင် အလှူရှင်တွေက ကျောက်မျက်ရတနာ အမျိုးမျိုးဖြင့် စီခြယ်ဖန်တီးချုပ်လုပ်ထားသော
တန်ဖိုးကြီးဝတ်စုံတွေကို ဝတ်ဆင်ပြီး တတ်ရောက်ခဲ့ကြပါတယ်။ပွဲတက်ဝတ်စုံတွေက အံ့သြစရာကောင်းလောက်အောင်
တန်ဖိုးကြီးမားနေတာကိုတွေ့ရပါတယ်။
အခုပြောပြပေးချင်တာကတော့ ပွဲကို တက်ရောက်လာကြသူတွေရဲ့ တန်ဖိုးကြီး ဝတ်စုံတွေထဲမှာမှ သိန်းနှစ်သောင်းတန် ဝတ်စုံအကြောင်းကို
ဖော်ပြပေးချင်ပါတယ်။ ဝတ်စုံလေးကိုတော့ ဒီဇိုင်နာ Shatra ကဖန်တီးထားတာဖြစ်ပါတယ်။
မြန်မာ့ခေတ်အဆက်ဆက် မင်းခမ်းမင်းနားများတွင်ဝတ်ဆင်လေ့ရှိတဲ့ ဒေါင်းဝတ်လဲတော်ရွှေပုဆိုးကို နမူနာယူကာ ဒေါင်းကို ရွှေအစစ်
(၂၅ )ကျပ်သား ဖြင့်ပုံဖေါ်ထားပြီး ၊ (၂)ကလပ်အရွယ် ပတ္တမြား (၈၀ ) လုံးဖြင့်စီခြယ်ကာ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။
သေသပ်လှပသော ဒီဇိုင်နာ ၏ ဖန်တီးချုပ်လုပ်မှုနှင့်အတူ လိုက်ဖက်လွန်းတဲ့ ကျောက်မျက်ရတနာ အတွဲအစပ်များက
ဝတ်စုံကိုပိုမိုကြည့်ကောင်းစေခဲ့ပါတယ်။
ရိုးရာဝတ်စုံဆိုင် ၁၇၄ ဆိုင်ကိုရှာရန်နှိပ်ပါ။
ကမ္ဘာ့ဈေးအကြီးဆုံးဦးထုပ်များ
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Myanmar Textile and Garment Directory