What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကချင်တိုင်းမျိုးနွယ်(၁၂)စုထဲကမှ ရ၀မ်ဝတ်စားဆင်ယင်မှု

ကချင်တိုင်းမျိုးနွယ်(၁၂)စုထဲကမှ ရ၀မ်ဝတ်စားဆင်ယင်မှု google

ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း အစရှိတဲ့ တိုင်းရင်းသားပေါင်းစုံ ရဲ့ဝတ်ဆင်ယင်မှုတွေကို ဖော်ပြပေးသွားမှာပါ။ ထိုတိုင်းရင်းသားတွထဲကမှ ထပ်ကွဲထွက် နေတဲ့ တိုင်းရင်းသားတွေရဲ့ ၀တ်စားဆင်ယင်မှုတွေကို ဖော်ပြပေးမှာပါ။ အရင်ဆုံး ကချင်တိုင်းမျိုးနွယ်(၁၂)စုထဲကမှ ရ၀မ်လူမျိုးများရဲ့ ၀တ်စားဆင်ယင်မှုကိုဖော်ပြပေးထားပါတယ်။

ရ၀မ်လူမျိုးများ၏၀တ်စားဆင်ယင်မှုသည်တမူထူးခြားဆုံးအချက်မှာအ၀တ်အစားအရောင်ဖြစ်သည်။ကချင်လူမျိုးများ၏အ၀တ်အစားအရောင်မှာအနက်ရောင် ဖြစ်သော်လည်းရ၀မ်လူမျိုးတို့၏အရောင်မှာအင်္ကျီအပေါ်ပိုင်းမှ ခါးဝတ်အထိအဖြူရောင်ဖြစ်သည်။ထို့ကြောင့်ပင်ရ၀မ်ဟူသောစကားမှာဖြူစင်သောအ၀တ်အစားများကိုဝတ်ဆင်သောလူမျိုးဟုအဓိပ္ပါယ်ဆောင်သည်။

အမျိုးသားများမျာအောက်ပိုင်းဒူးအထိဖုံးလွှမ်းသောတိုနံ့နံ့ အဖြူရောင်ခါးဝတ်ကိုကိုယ် ပတ်ကာရှေ့တွင်လုံချည်စစည်းထားသကဲ့သို့စည်းထားသည်။ ရင်စေ့အပေါ်ဝတ်အမအင်္ကျီဖြူကိုဝတ်ဆင်ကြသည်။ အမျိုးသမီးများမှာအမျိုးသားများဝတ်ဆင်သကဲ့သို့ဖြစ်သော်လည်းအောက်ပိုင်း တွင်ထဘီ ကဲ့သို့ပင်ပတ်ချည်ထားကာခါးတွင်ကြိမ်ကွင်းများစွာနှင့် ကြွေစေ့များဖြင့် သီလုပ်ထားသောခါးပတ်များပတ်ထားကြသည်။ကျား၊မ ၀တ်ဆင်သောပိတ်စများကိုလဂျစ်ခေါ်ဂုံလျှော်ကြမ်းကို အိမ်တွင်း ဂျပ်ရက်ကန်းများ ရက်မလုပ်ကြသည်။ အစမှာကြမ်းသော်လည်း ထူထဲခိုင်ခံ့သည်။ အနားတလျှောက်တွင်အကွက်မျိုးစုံကိုအနီရောင်ဖြင့်ကွပ်ထားသည်။ အေးသောအခါတွင်စောင်နီနက်ကျား များကိုခြုံကြသည်။

နောက်ပိုင်းတွင်အ၀တ်အစားများကို မြန်မာများနှင့်ဆင်သောဝတ်စားဆင်ယင်လာသည်ကိုတွေ့ရသည်။ အပေါ်ပိုင်းတွင် လက်ကိုရင်ဖုံးကျပ်ကျပ်၊အောက်ပိုင်းတွင်အဖြူပေါ်အနီကန့်လန့်စင်းဖော်ထားသောထဘီဝတ်ဆင်ကြသည်။ ခါးတွင်မူရိုးရာထုံးဖွဲ့မှုများကို ဆင်ယင်ထားသည်။ မိန်းမပျိုလေးများ၏ခေါင်းတွင် အ၀တ်ဖြူပေါင်းတတ်ကြသည်။ လည်ပင်းတွင်ရောင်စုံပုတီးဆွဲသတ္တုလက်ကောင်များဝတ်ဆင်ကြသည်။ ရှေးကယောကျာ်း၊မိန်းမနားပေါက် ဖောက်ကြသည်။နားကွင်းဆွဲကြသည်။

ပွဲလမ်းသဘင်များတွင် ရ၀မ်ခေါင်းဆောင်လူကြီးတို့သည်ရိုးရာဝတ်စုံနှင့် အတူဦးခေါင်းတွင်ကြိမ်ဖြင့် ကွပ်လုပ် တောဝက်စွယ်များကိုဝိုက်ပြီးတပ်ဆင်ထားသောခမောက်တမျိုးကိုဆောင်းကြသည်။ဓားအိမ်ကို ပခုံးထက်တွင်လွယ်ထားသည်။ ကျန်ပခုံးတဖက်တွင်ရ၀မ်လွယ်အိတ်ဖြူလွယ်လေ့ရှိသည်။ ထိုအသုံးအဆောင်များမှာ အရေးပါအရာရောက်သောလူကြီးများတွင်ပါလေ့ရှိသောပစ္စည်းများဖြစ်သည်။  

Source:mirror

Read 3913 times
Rate this item
(6 votes)