အရင်တစ်ခေါက်က မြန်မာအကျီ င်္လေးတွေကို လည်ပင်းပုံစံလေးတွေကို ဘယ်လိုချုပ်ရမလဲဆိုတာ အကြံပေးပြီးပြီဆိုတော့ ဒီတစ်ခေါက်တော့ လက်ပုံစံလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
လူတိုင်းနဲ့လည်းလိုက်မယ်၊ ပွဲလည်းတိုးပြီး နေ့စဉ်သွားလာတဲ့အခါမှာလည်း လိုက်ဖက်နိုင်မယ့်ပုံစံလေးတွေ မျှဝေပေးမှာဖြစ်ပါတယ်။
Slit Sleeve
အလည်ခွဲလက်မောင်းအရှည်ပုံစံလေးတွေဖြစ်ပါတယ်။ ဒီလက်မောင်းပုံစံလေးတွေကို ချည်ပွန်အစနဲ့ ပိုးသားအပျော့လေးတွေနဲ့ လိုက်ဖက်လွန်းလှပါတယ်။ မြန်မာရင်ဖုံး ခါးတိုလေးတွေနဲ့ ချုပ်တဲ့အခါမှလည်း လိုက်ဖက်ပါတယ်။ အခုလိုပူအိုက်တဲ့ရာသီမှာလည်း ပူအိုက်နေမှာကို ပူစရာမလိုတော့ဘူးလေ။ အကွဲသိပ်မကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ လက်မောင်းခလယ်နားလောက်မှာ ကြယ်သီးအသေးလေးတပ်လို့ရပါတယ်။
Petal Sleeve
ဒါကတော့ ပန်းအဖတ်ပုံ အကျီင်္လက်မောင်းပုံစံလေးပါ။ လက်တိုပုံစံလေးဖြစ်ပါတယ်။ သူကတော့ ချစ်ဖို့ကောင်းတဲ့မိန်းကလေးတွေအရမ်းလိုက်တဲ့ပုံစံလေးပါ။ တက္ကသိုလ်ကျောင်းသူလေးတွေအတွက်လည်း အရမ်းလှတဲ့ပုံစံလေးပါ။ ပိတ်စကတော့ အားလုံးနဲ့ ချုပ်လို့ရပါတယ်။
Flounce Sleeve
သူကတော့ လက်ခေါင်းလောင်းပုံစံလေးပါ။ ပခုံးနားလောက်ကနေစပြီး တံတောင်စစ်အကျော်နားလောက်အထိ လက်အကပ်လေးချုပ်ပြီးမှ လက်ကောက်ဝတ်အကျော်နားလောက်မှ ကားထွက်သွားတာဖြစ်ပါတယ်။ သူ့ကို ချည်သားကလွဲပြီး ချုပ်ဝတ်ရင်လှပါတယ်နော်။ လက်အကားကို ကိုယ်ကြိုက်သလောက် အကားအသေး အကြီးချုပ်လို့ရပါတယ်နော်။
Tiered Sleeve
သူကတော့ အရင်ခေတ် ၁၉ရာစုကခေတ်စားခဲ့တဲ့ လက်ပုံစံလေးဖြစ်ပါတယ်။ အဖတ်လေးတွေ အထပ်ထပ်လေးနဲ့ လက်ရှည်ပုံစံလေးဖြစ်ပါတယ်။ သူကပွဲတက်ဆိုရင် ပိုပြီးလိုက်ဖက်တဲ့ လက်ပုံစံလေးဖြစ်ပါတယ်။ ချုပ်မယ့်ပိတ်စနဲ့ အရောင်လေးကို သေချာရွေးချယ်ရပါမယ်။ အရောင်အနုလေးတွေနဲ့ ချည်ပွန်အစလေးဆို ဒီဇိုင်းပိုပေါ်ပြီး ပိုလှပါတယ်။
Cuffed Sleeve
T-shirt အကျီင်္င်္ကလက်ပုံစံလေးနဲ့ ဆင်တူပါတယ်။ လက်အရှည်ပုံစံလေးကိုမှ လက်ကောက်ဝတ်နားမှာ လက်အစည်းလေးပါတဲ့ပုံစံလေးပါ။ သူကတော့ မိန်းကလေးပုံစံသိပ်မကြိုက်တဲ့ ကောင်မလေးတွေအကြိုက်တွေ့မယ့်ပုံလေးပါ။ အရမ်းလည်း မယဉ်ဘူး။ အရမ်းလည်း မရိုးတဲ့ပုံစံလေးမို့ ရှင်းရှင်းလေးနဲ့ လှပါတယ်။
Butterfly Sleeve
လိပ်ပြာလေးတွေရဲ့ တောင်ပံလိုလွင့်လွင့်လေးဖြစ်နေမယ့် လက်ပုံစံလေးပါ။ နုနုရွရွနဲ့ လှလှပပ ကြော့ကြော့မော့မော့လေးနေတတ်တဲ့ကောင်မလေးတွေနဲ့ အလိုက်ဆုံးလက်ပုံစံလေးပါ။ ပွဲတိုင်းလဲတိုးသလို၊ နေ့စဉ်ဝတ်ရင်လည်းလှပပြီး ကြော့ရှင်းနေစေမှာပါ။ ဘယ်အပျော့သားပိတ်စတွေနဲ့ မဆိုလိုက်ဖက်ပါတယ်။
Leg of Mutton Sleeve
ဒါကတော့ British Style ဘက်က အကျီင်္လက်ပုံစံလေးတွေကို တုပြီး ပုံစံမှီငြမ်းထားတာဖြစ်ပါတယ်။ ပခုံးနားကို ဖောင်းတက်ပြီး ချွန်ချွန်လေးလုပ်ထားပြီးတော့ လက်မောင်းတစ်ဝက်နေ လက်ကောက်ဝတ်အထိ တစ်ပြေးတည်းဆင်းသွားတဲ့ လက်ပုံစံလေးဖြစ်ပါတယ်။ ချည်သား (ဒါမှမဟုတ်) အသားနည်းနည်းမာတဲ့ပိတ်စလေးတွေနဲ့ ချုပ်ပြီး ဝတ်လို့ရပါတယ်။
ဒီလောက်ဆိုရင်တော့ မြန်မာအကျီင်္လေးတွေချုပ်တဲ့အခါ လက်ပုံစံလေးတွေကို ခက်ခက်ခဲခဲစဉ်းစားနေရစရာမလိုတော့ဘူးထင်တယ်။
source:akhayar
မြန်မာအကျီ င်္လေးတွေကို လည်ပင်းပုံစံလေးတွေကို ဘယ်လိုချုပ်ရမလဲဆိုတာ အကြံပေးထားတာ အောက်ပါပုံကို တို့ထိပြီး သွားရောက် ဖတ်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။