What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာ့ရိုးရာယဉ်ကျေးဝတ်စုံတွေကိုမြန်မာအမျိုးသမီးလေးတွေကစတိုင်တစ်ခုအနေနဲ့နှစ်ခြိုက်စွာဝတ်ဆင်လာကြ

မြန်မာ့ရိုးရာယဉ်ကျေးဝတ်စုံတွေကိုမြန်မာအမျိုးသမီးလေးတွေကစတိုင်တစ်ခုအနေနဲ့နှစ်ခြိုက်စွာဝတ်ဆင်လာကြ facebook

သီတင်းကျွတ်ရုံးတွေကျောင်းတွေပိတ်ပြီးလို့ ပြန်လည်ဖွင့်လှစ်တဲ့ နေ့လေးမှာ လူတိုင်းခရီးတွေ သွားထားနားထားကြလို့ အလုပ်တွေ ပြန်လုပ်လို့ ခွန်အားသစ်တွေရရှိနေမယ်လို့မျှော်လင့်ပါတယ်။ဒီလို သာယာလှတဲ့ နေ့လေးမှာ လုပ်ငန်းခွင်ဝင်ဖို့သွားလာနေတဲ့ အမျိုးသမီးတွေ ရင်ဖုံးအင်္ကျီနဲ့ ထဘီလေးတွေဝတ်ဆင်ထားတဲ့ ကြည်နူးဖွယ်မြင်ကွင်းကိုတွေ့ရလို့မြန်မာရိုးရာယဉ်ကျေးမှုနဲ့ အညီဝတ်စားဆင်ယင်ပုံတွေကတခေတ်ပြန်လည်ဆန်းသစ်နေပါလားလို့ အတွေးဝင်မိပါတယ်။

သီတင်းကျွတ်ပိတ်ရက် လူကြီတွေကို ကန်တော့ ကြလျှောက်သွားလျှောက်စား ဘုရားမြင်ကွင်းတွေမှာလဲ  မြန်မာရိုးရာ ယဉ်ကျေးမှု နဲ့ မြန်မာထဘီ အဆင်ဒီဇိုင်းမျိုးစုံ ကို အင်္ကျီဒီဇိုင်းတွေထွင်ပြီးဝတ်ကြတာကိုတွေ့မြင်လို့ အင်မတန်ကျု ကျက်သရေရှိတာကိုတွေ့မြင်ရပါတယ်။ မြန်မာသရုပ်ဆောင်မျိုးသမီးတွေကလဲ သူတို့ကို အားပေးကျတဲ့ ပရိသတ်တွေအားကျကာ လိုက်ဝတ်နိုင်အောင် မြန်မာယဉ်ကျေးမှုဝတ်စုံလေးတွေကို ဒီဇိုင်းထွင် ၀တ်ပြလာကြပါတယ်။

ပြီးခဲ့တဲ့ ၆နှစ်၊၇နှစ်လောက်ကဆို၇င် ဆယ်ကျော်သက်အရွယ် ၂၀ ၊၃၀ ၀န်းကျင် အမျိုးသမီးအများစုကအနောက်တိုင်းယဉ်ကျေးမှုကို အားကျပြီးဂါဝန်၊စကတ်တို၊စကတ်ရှေ့ကွဲနောက်ကွဲဘေးကွဲ ၊ဘောင်းဘီတိုများကို အ၀တ်များကြတဲ့အတွက်မြန်မာရိုးရာ ယဉ်ကျေးမှုဝတ်စုံကတိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ အမျိုးသမီးလေးတွေအနေနဲ့ မြန်မာရိုးရာဝတ်စုံကို ဖက်ရှင်တခူလိုထွင်ပြီးဝတ်ဆင်လာကြတဲ့ အတွက် မြန်မာလူမျိုးတွေရဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းရာရောက်သလို အင်မတန်ဂုဏ်ယူဖို့ကောင်းလှပါတယ်။ တချိန်က အနုပညာရှင် အေးဝတ်ရည်သောင်းဟာလည်း ယခုဆို မြန်မာဝတ်စုံလေးတွေကြောင့် သူမတကျော့ပြန် ပရိသတ်အားပေးမှုရရှိလာတာကို လဲတွေ့မြင်ရမှာပါ။ သူမ၀တ်တဲ့ အစလေးတွေဝယ်ပြီး အမျိုးသမီးထုကြားထဲမှာ အေးသောင်းအစဆိုပြီး ဈေးရောင်းသူတွေအတွက်လဲ ရောင်းအားကောင်းခဲ့ရပြန်ပါတယ်။

22046583 10208033915044152 1482111305386053621 n20770057 10207798722964497 1379384263209498088 n

 

နေရာတိုင်းလိုလိုမှာချည်ထည်အမျိုးမျိုး၊ဖျင်စများ၊ပိုးထည်များ၊ဇာများကိုရောင်းချတဲ့ဆိုင်တွေကလည်းတနေ့ထက်တနေ့များပြားလာသလို အွန်လိုင်းကနေမြန်မာဝတ်စုံ တွေအပြင်ချည်ထည်နဲ့ ပိုးထည်နဲ့ဇာအမျိုးမျိုးကိုလည်း ရောင်းချလာတဲ့ သူများပြားလာပါတယ်။

မြန်မာယဉ်ကျေးမှုကို မြတ်နိုးတဲ့အနေနဲ့မင်္ဂလာဆောင်တွေမှာလည်းသတို့သား၊သတို့သမီးတွေကမြန်မာဝတ်စုံ ကိုအရင်ကထက်ပိုမိုဝတ်ဆင်လာကြပါတယ်။မင်္ဂလာပန်းကြဲပေးတဲ့ ကလေးငယ်တွေကိုလည်းမြန်မာ့ရိုးရာဝတ်စုံလေးတွေဝတ်ဆင် ပေးထားတဲ့အလွန်ချစ်စရာကောင်းသလို ကလေးငယ်တွေအနေနဲ့ ငယ်စဉ်ကတည်းကမြန်မာ့ရိုးရာဝတ်စုံတွေကို ရင်းနှီးကျွမ်းဝင်ပြီးကြိုက်နှစ်သက်လာမှာ ဖြစ်တဲ့အတွက်အလွန်ကောင်းတဲ့အလေ့အကျင့်တခုဖြစ်ပါတယ်။

လက်ရှိမှာလည်း တက္ကသိုလ်ကျောင်းသူတွေသာမကစက်ရုံအလုပ်ရုံတွေမှာဝင်ရောက်လုပ်ကိုင်နေကြတဲ့ အမျိုးသမီးအများစုကလည်းပြည်တွင်းဖြစ်ချည်ထည်ပိုးထည်တွေကိုချုပ်ပြီးဝတ်ဆင်လာကြတာတွေ့ရပါတယ်။

 မြန်မာ့ရိုးရာယဉ်ကျေးဝတ်စုံတွေကိုမြန်မာအမျိုးသမီးလေးတွေကစတိုင်တစ်ခုအနေနဲ့နှစ်ခြိုက်စွာဝတ်ဆင်လာကြခြင်း ကယဉ်ကျေးမှုဝတ်စုံတွေကို ပြန်လည်အသက်ဝင်လာစေပါတယ်။ 

Read 3074 times
Rate this item
(0 votes)