What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရနံ႔ထည္အေၾကာင္း

ဖက္ရွင္ေတြက စမတ္ပုိက်လာတယ္။ အ၀တ္အထည္မွာ သိပံၸကုိ သုံးတာ ပုိႀကီးထြားလာတယ္။ အ၀တ္အစားဟာ လူရဲ႕ ဒုတိယအေရျပား ျဖစ္လာတယ္။ အ၀တ္အစား ၀တ္ဆင္ၾကသူေတြကလည္း ဆန္းဆန္းျပားျပားေလးေတြကုိ လုိခ်င္ၾကတယ္။ ယခုအခါ ေဈးကြက္မွာ လုိအင္ကုိ ျဖည့္ေပးတဲ့ ရနံ႔ထည္ေတြကုိ ထုတ္လုပ္လာၾကတယ္။ ၀တ္ဆင္ထားခ်ိန္မွာ အ၀တ္အစားကေန ရနံ႔သင္းပ်ံ႕ေနတာဟာ စိတ္ကုိ ၾကည္ႏူးေစတယ္။

အ၀တ္ဘီဒုိထဲမွာ ေရေမႊးျဖန္းၿပီး အ၀တ္အစားကုိ ရနံ႔စြဲေအာင္လုပ္ၾကတယ္။ အေမႊးရနံ႔ေတြ အဆက္မျပတ္ထုတ္ေပးတဲ့ ေရေမႊးပုလင္း ကိရိယာကုိ အ၀တ္ဘီဒုိထဲ ထည့္ေပးထားမ်ဳိးကုိလည္း လုပ္ၾကတယ္။ အ၀တ္ေလွ်ာ္တဲ့အခါ ေမႊးရနံ႔ အရည္ကုိ ထည့္ေလွ်ာ္ေပးၿပီး ရနံ႔ထည့္ေပးတာမ်ဳိးကုိလည္း လုပ္ၾကတယ္။ အ၀တ္ေလွ်ာ္ဆပ္ျပာမႈန္႔မွာ ရနံ႔ထည့္ေပးထားတာမ်ဳိးလည္း ရွိတယ္။

အထည္အလိပ္ ထုတ္လုပ္သူေတြက လက္အိတ္၊ လက္ကုိင္ပ၀ါ၊ အတြင္းခံ စတာေတြမွာ ရနံ႔ထည့္ေပးၿပီး ေရာင္းခ်ေပးခဲ့ၾကတယ္။
အေမႊးထည့္ေပးတာကုိ စကၠဴကတ္ျပားမွာ သုံးခဲ့ရတယ္။ ေရေမႊးကတ္၊ ေရေမႊးဖိတ္စာကတ္ စသျဖင့္ တြင္တြင္က်ယ္က်ယ္ သုံးစြဲၾကတယ္။
အခုေတာ့ ဖက္ရွင္ဒီဇုိင္းလုပ္ငန္းေတြက ဖက္ရွင္ထည္ေတြမွာ ရနံ႔အမ်ဳိးမ်ဳိး ထည့္ေပးထားၾကတယ္။ ဖက္ရွင္ထည္ကုိ ၀ယ္ရင္ အနံ႔ကုိပါ ရွဴၾကည့္ၿပီး ၀ယ္ၾကရတဲ့ အျဖစ္ဆီသုိ႔ ေရြ႕လ်ားေနတယ္။
တီရွပ္မွာ ပန္းအလွပုံ ေဖာ္ျပထားၿပီး အဲဒီပန္းရဲ႕ ရနံ႔ကုိပါ ထည့္ေပးထားတယ္။
အခ်ဳိ႕ကုမၸဏီေတြကေတာ့ ကုိယ္ပုိင္ မူပုိင္ရနံ႔ signature scent ထားရွိၿပီး လုပ္ကုိင္ၾကပါတယ္။

အင္မတန္ ေသးငယ္တဲ့ အေမႊးေတာင့္ကေလးေတြကုိ အထည္သားမွာ ထည့္ေပးထားတယ္။ ရနံ႔ထုတ္ဖုိ႔အတြက္ နည္းလမ္း ႏွစ္သြယ္သုံးၾကတယ္။
တစ္နည္းက အေရျပားနဲ႔ အေမႊးေတာင့္ ပြတ္တုိက္မိတဲ့အခါ အေမႊးေတာင့္ရဲ႕ အခြံကြဲသြားၿပီး အထဲမွ ရနံ႔ကုိ အထည္သားမွာ ဆြတ္ေပးလုိက္သလုိ ျဖစ္သြားၿပီး ေမႊးရနံ႔ သင္းပ်ံတယ္။ ေနာက္တစ္နည္းက ခ်စ္တုိစံ chitosan ကုိ သုံးစြဲတယ္။ ခ်စ္တုိစံအခြံဟာ တစ္ႏွစ္ႏွစ္ႏွစ္အတြင္းမွာ ေဆြးေျမ႕ပ်က္စီးလြယ္ေတာ့ ခ်စ္တုိစံ အခြံပ်က္စီးၿပီး အထဲမွ ရနံ႔က အထည္သားဆီ ေရာက္ၿပီး ရနံ႔သင္းပ်ံ႕ေစပါတယ္။
ခ်စ္တုိစံအခြံကုိ ပုစြန္ခြံကေန ထုတ္လုပ္ပါတယ္။
ရနံ႔ထည္ေတြကုိ အေမႊးနံ႔သာအတြက္သမက ျခင္ႏွင္ထုတ္တဲ့အနံ႔ ထည့္ေပးၿပီးေတာ့လည္း ထုတ္လုပ္ပါတယ္။ အထူးသျဖင့္ ေျခေထာက္မွာ ၀တ္ဆင္တဲ့ အ၀တ္အစားေတြမွာ ျခင္ႏွင္အနံ႔ အေမႊးေတာင့္ေလးေတြ အထည္သားမွာ ထည့္ေပးၿပီး ထုတ္လုပ္ပါတယ္။

အေရျပားအတြက္ ဗီတာမင္ ေအ၊ ဒီနဲ႔ အီးတုိ႔ ထုတ္ေပးတဲ့ အေမႊးေတာင့္ျဖင့္ ထုတ္လုပ္ထားတဲ့ အ၀တ္အထည္ေတြလည္း ရွိပါတယ္။ အလုိ aloe လုိ႔ အမည္ရွိတဲ့ အပင္ငယ္မွ ထုတ္လုပ္တဲ့ ဂ်ယ္လီျဖစ္တဲ့ aloe vera ဟာ အေရျပားကုိ မ်ားစြာအက်ဳိးျပဳေပးတာမုိ႔ aloe vera ထည့္ထားတဲ့ အေမႊးေတာင့္နဲ႔လည္း ထုတ္လုပ္ၾကပါတယ္။

ရနံ႔ထည္ေတြဟာ အသစ္အဆန္းျဖစ္ေနၿပီး တာရွည္ခံ ရနံ႔ေပးႏုိင္ျခင္း မရွိေသးတာေၾကာင့္ ေဈးကြက္မွာ တြင္တြင္က်ယ္က်ယ္ ျဖစ္မလာေသးေပမဲ့ တီထြင္ဆန္းသစ္မႈေတြ တုိးတက္ျဖစ္ထြန္းေနတာကုိ ေတြ႕ၾကရတယ္။ လာမယ့္ ႏွစ္အနည္းငယ္အတြင္းမွာ အ၀တ္အစား၀ယ္ရင္ရနံ႔ကုိပါ ျမည္း႐ွဴၾကည့္ၿပီး ၀ယ္ၾကတဲ့ အခ်ိန္အခါကုိ ေရာက္လာမယ္လုိ႔ ေမွ်ာ္မွန္းထားၾကတယ္။

scentsory dance

 

 

ရနံ့ထည်အကြောင်း
==========
ဖက်ရှင်တွေက စမတ်ပိုကျလာတယ်။ အဝတ်အထည်မှာ သိပံ္ပကို သုံးတာ ပိုကြီးထွားလာတယ်။ အဝတ်အစားဟာ လူရဲ့ ဒုတိယအရပြေား ဖြစ်လာတယ်။ အဝတ်အစား ဝတ်ဆင်ကြသူတွေကလည်း ဆန်းဆန်းပြားပြားလေးတွေကို လိုချင်ကြတယ်။ ယခုအခါ ဈေးကွက်မှာ လိုအင်ကို ဖြည့်ပေးတဲ့ ရနံ့ထည်တွေကို ထုတ်လုပ်လာကြတယ်။ ဝတ်ဆင်ထားချိန်မှာ အဝတ်အစားကနေ ရနံ့သင်းပျံ့နေတာဟာ စိတ်ကို ကြည်နူးစေတယ်။

အဝတ်ဘီဒိုထဲမှာ ရေမွှေးဖြန်းပြီး အဝတ်အစားကို ရနံ့စွဲအောင်လုပ်ကြတယ်။ အမွှေးရနံ့တွေ အဆက်မပြတ်ထုတ်ပေးတဲ့ ရေမွှေးပုလင်း ကိရိယာကို အဝတ်ဘီဒိုထဲ ထည့်ပေးထားမျိုးကိုလည်း လုပ်ကြတယ်။ အဝတ်လျှော်တဲ့အခါ မွှေးရနံ့ အရည်ကို ထည့်လျှော်ပေးပြီး ရနံ့ထည့်ပေးတာမျိုးကိုလည်း လုပ်ကြတယ်။ အဝတ်လျှော်ဆပ်ပြာမှုန့်မှာ ရနံ့ထည့်ပေးထားတာမျိုးလည်း ရှိတယ်။

အထည်အလိပ် ထုတ်လုပ်သူတွေက လက်အိတ်၊ လက်ကိုင်ပဝါ၊ အတွင်းခံ စတာတွေမှာ ရနံ့ထည့်ပေးပြီး ရောင်းချပေးခဲ့ကြတယ်။
အမွှေးထည့်ပေးတာကို စက္ကူကတ်ပြားမှာ သုံးခဲ့ရတယ်။ ရေမွှေးကတ်၊ ရေမွှေးဖိတ်စာကတ် စသဖြင့် တွင်တွင်ကျယ်ကျယ် သုံးစွဲကြတယ်။
အခုတော့ ဖက်ရှင်ဒီဇိုင်းလုပ်ငန်းတွေက ဖက်ရှင်ထည်တွေမှာ ရနံ့အမျိုးမျိုး ထည့်ပေးထားကြတယ်။ ဖက်ရှင်ထည်ကို ဝယ်ရင် အနံ့ကိုပါ ရှူကြည့်ပြီး ဝယ်ကြရတဲ့ အဖြစ်ဆီသို့ ရွေ့လျားနေတယ်။
တီရှပ်မှာ ပန်းအလှပုံ ဖော်ပြထားပြီး အဲဒီပန်းရဲ့ ရနံ့ကိုပါ ထည့်ပေးထားတယ်။
အချို့ကုမ္ပဏီတွေကတော့ ကိုယ်ပိုင် မူပိုင်ရနံ့ signature scent ထားရှိပြီး လုပ်ကိုင်ကြပါတယ်။

အင်မတန် သေးငယ်တဲ့ အမွှေးတောင့်ကလေးတွေကို အထည်သားမှာ ထည့်ပေးထားတယ်။ ရနံ့ထုတ်ဖို့အတွက် နည်းလမ်း နှစ်သွယ်သုံးကြတယ်။
တစ်နည်းက အရပြေားနဲ့ အမွှေးတောင့် ပွတ်တိုက်မိတဲ့အခါ အမွှေးတောင့်ရဲ့ အခွံကွဲသွားပြီး အထဲမှ ရနံ့ကို အထည်သားမှာ ဆွတ်ပေးလိုက်သလို ဖြစ်သွားပြီး မွှေးရနံ့ သင်းပျံတယ်။ နောက်တစ်နည်းက ချစ်တိုစံ chitosan ကို သုံးစွဲတယ်။ ချစ်တိုစံအခွံဟာ တစ်နှစ်နှစ်နှစ်အတွင်းမှာ ဆွေးမြေ့ပျက်စီးလွယ်တော့ ချစ်တိုစံ အခွံပျက်စီးပြီး အထဲမှ ရနံ့က အထည်သားဆီ ရောက်ပြီး ရနံ့သင်းပျံ့စေပါတယ်။
ချစ်တိုစံအခွံကို ပုစွန်ခွံကနေ ထုတ်လုပ်ပါတယ်။
ရနံ့ထည်တွေကို အမွှေးနံ့သာအတွက်သမက ခြင်နှင်ထုတ်တဲ့အနံ့ ထည့်ပေးပြီးတော့လည်း ထုတ်လုပ်ပါတယ်။ အထူးသဖြင့် ခြေထောက်မှာ ဝတ်ဆင်တဲ့ အဝတ်အစားတွေမှာ ခြင်နှင်အနံ့ အမွှေးတောင့်လေးတွေ အထည်သားမှာ ထည့်ပေးပြီး ထုတ်လုပ်ပါတယ်။

အရပြေားအတွက် ဗီတာမင် အေ၊ ဒီနဲ့ အီးတို့ ထုတ်ပေးတဲ့ အမွှေးတောင့်ဖြင့် ထုတ်လုပ်ထားတဲ့ အဝတ်အထည်တွေလည်း ရှိပါတယ်။ အလို aloe လို့ အမည်ရှိတဲ့ အပင်ငယ်မှ ထုတ်လုပ်တဲ့ ဂျယ်လီဖြစ်တဲ့ aloe vera ဟာ အရပြေားကို များစွာအကျိုးပြုပေးတာမို့ aloe vera ထည့်ထားတဲ့ အမွှေးတောင့်နဲ့လည်း ထုတ်လုပ်ကြပါတယ်။

ရနံ့ထည်တွေဟာ အသစ်အဆန်းဖြစ်နပြေီး တာရှည်ခံ ရနံ့ပေးနိုင်ခြင်း မရှိသေးတာကြောင့် ဈေးကွက်မှာ တွင်တွင်ကျယ်ကျယ် ဖြစ်မလာသေးပေမဲ့ တီထွင်ဆန်းသစ်မှုတွေ တိုးတက်ဖြစ်ထွန်းနေတာကို တွေ့ကြရတယ်။ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ အဝတ်အစားဝယ်ရင်ရနံ့ကိုပါ မြည်းရှူကြည့်ပြီး ဝယ်ကြတဲ့ အချိန်အခါကို ရောက်လာမယ်လို့ မျှော်မှန်းထားကြတယ်။

Read 1124 times
Rate this item
(0 votes)