What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရီစုိဂ်ဴ ဖက္ရွင္

ရီစုိဂ်ဴ ဖက္ရွင္
=======
ေျမာက္ကုိရီးယားႏုိင္ငံ ေခါင္းေဆာင္ ကင္ဂ်ဳံးအမ္Kim Jong-un ရဲ႕ ဇနီး ရီစုိဂ်ဴ Ri Sol-ju ဟာ ခပ္လွ်ဳိလွ်ဳိ ေနထုိင္တတ္သူ ျဖစ္ပါတယ္။

သူမဟာ ၁၉၈၉ ခုႏွစ္မွာ အထက္တန္းလႊာ မိဘႏွစ္ပါးမွ ေမြးဖြားခဲ့သူ ျဖစ္ၿပီး ကင္ဂ်ဳံးအမ္နဲ႔ ၂၀၀၉ ခုႏွစ္မွာ လက္ထပ္ခဲ့ပါတယ္။ လူအမ်ားေရွ႕ေမွာက္ ပထမဆုံးပြဲထြက္ခဲ့တာ ၂၀၁၂ ခုႏွစ္မွာျဖစ္ၿပီး ဂီတေျဖေဖ်ာ္ပြဲတစ္ခုမွာ ျဖစ္ပါတယ္။ အဲဒီေနာက္ပုိင္းမွာေတာ့ ကင္ဂ်ဳံးအမ္နဲ႔အတူ ရံဖန္ရံခါမွာ ပြဲတက္တာေတြကုိ သတင္းေတြမွာ ေဖာ္ျပတာ ေတြ႕ၾကရတဲ့အခါ သူမရဲ႕ ၀တ္စားဆင္ယင္တဲ့ ဖက္ရွင္ကုိ ျပည္သူမ်ားအၾကား ေျပာၾကဆုိၾက ျဖစ္ၾကတယ္။
ရီကို ျမင္ရေတြ႕ရတာမွာ လန္းဆန္းေနတယ္။ တစ္ခ်ိန္က အဆုိေတာ္ျဖစ္ခဲ့သူ ျဖစ္ခဲ့တာေၾကာင့္လည္း ျပည္သူေတြအၾကား စိတ္၀င္စားမႈ ပုိေစခဲ့တယ္။
ေျမာက္ကုိရီးယားမွာ ယခင္ေခါင္းေဆာင္ေတြက ဇနီးသည္ကုိ ပြဲမထုတ္ခဲ့ဘူး။ ကင္ဂ်ဳံးအမ္လက္ထက္က်မွ ယခုလုိ ပြဲတက္ေစခဲ့တာ ျဖစ္တာကလည္း အတူးအဆန္း ျဖစ္ေနတယ္။
ကင္ဂ်ဳံးအမ္နဲ႔ အတူတြဲၿပီး လုိက္ပါတဲ့အတြက္ သတင္းေတြမွာ သူမဟာ ကင္ဂ်ဳံးအမ္ရဲ႕ အဆင္တန္ဆာတစ္ခု ျဖစ္ေနတယ္။ သူမရဲ႕ ၀တ္စားပုံ စတုိင္လ္ကလည္း သေဘာက်စရာ ျဖစ္ေနတယ္။
သူမက ဟမ္ဘုတ္ (ေတာင္ကုိရီးယားမွာ Hanbok လုိ႔ ေခၚၿပီး ေျမာက္ကုိရီးယားမွာ Joseon-ot )လုိ႔ ေခၚတဲ့ ကုိရီးယား႐ုိးရာ အမ်ဳိးသမီး၀တ္စုံ ဂါ၀န္ပြပြရွည္ရွည္ကုိ မ၀တ္ဘူး။ အေနာက္တုိင္းမွ အမ်ဳိးသမီးတုိ႔ရဲ႕ အ၀တ္အစားေတြကုိ ၀တ္တယ္။ ႐ုိးရာအ၀တ္အစားေတြက တစ္ေရာင္တည္း ပါတယ္။ အေရာင္ႏုႏုလြင္လြင္ကုိ ေရြးခ်ယ္တာမ်ားတယ္။

Rungna People’s Pleasure Ground ဖြင့္ပြဲကုိ တက္ေရာက္တဲ့အခါ ရင္ဘတ္မွာ ထုိးထားတဲ့ ရင္ထုိးက ေနေရာင္မွာ ေရာင္ျပန္ဟပ္ေနတဲ့ ရင္ထုိးျဖစ္ေနတယ္။ ေျမာက္ကုိရီးယားမွာ ထုံးတမ္းစဥ္လာအရ ကြယ္လြန္သူ ေခါင္းေဆာင္ႀကီး ကင္အီစြန္းရဲ႕ ပုံ ရင္ထုိ္းျဖစ္ျဖစ္၊ သူ႔ရဲ႕အ႐ုိက္အရာကုိ ဆက္ခံတဲ့ သူ႔ရဲ႕သား ကင္းဂ်ဳံးအီရဲ႕ပုံ ျဖစ္ျဖစ္ကုိသာ ရင္ထုိးအျဖစ္ ထုိးၿပီး ပြဲတက္ၾကရပါတယ္။ အဲဒါကုိ သူမက စြန္႔ပစ္ရဲခဲ့တာ ျဖစ္ပါတယ္။
သူမက ခါးသြယ္တာကုိ ေပၚလြင္ေစဖုိ႔ ေနဗီဘလူး အေပၚေအာက္၀တ္စုံမွာ ခါးပတ္အလွျဖင့္ ေဖာ္ျပခဲ့တယ္။ ပန္းပြင့္အလွေတြ ပါတဲ့ အေပၚကုတ္အက်ႌကုိ ၀တ္ဆင္တယ္။ အနီအ၀ုိင္းငယ္ေတြ ပါတဲ့ အက်ႌ ၀တ္တယ္။ တစ္ခါတေလ ေနာက္ဆုံးေပၚ ေတာင္ကုိရီးယား ဇာတ္လမ္းတြဲထဲမွ မင္းသမီးရဲ႕ ဇာတ္၀င္ခန္းေတြမွာ ၀တ္တဲ့ ၀တ္စုံမ်ဳိးကုိ ၀တ္တယ္။

NORRH

NORRHVF
စတုိင္လ္က်က် ၀တ္ဆင္ထားၿပီး ႏုပ်ဳိေနတဲ့ ရီဟာ ကေလးသုံးေယာက္ရဲ႕ မိခင္ဆုိတာ ျမင္ရသူတုိ႔ ေမ့ေနေစတယ္။ ဆံပင္ကုိ တစ္၀က္တစ္ပ်က္ပဲ ၿဖီးတာကလည္း သူမရဲ႕ စတုိင္လ္ ျဖစ္ပါတယ္။ မိတ္ကပ္ကုိ သဘာ၀အတုိင္း ျမင္ေနရေအာင္ လိမ္းတယ္။
၂၀၁၂ မွာ လူထုေရွ႕ေမွာက္မွာ ရီ ပြဲတက္ခဲ့တာ ႀကိမ္ေရ အေတာ္မ်ားတယ္။ ေျမာက္ကုိရီးယား အမ်ဳိးသမီးေတြ မ်က္စိပြင့္စ ျပဳလာၾကတယ္။ သူတုိ႔အတြက္ ဖက္ရွင္ဦးေဆာင္သူတစ္ဦး ရေနတာလုိ႔ ျမင္မိၾကတယ္။ ရီက အေနာက္တုိင္းစတုိင္လ္ကုိ ၀တ္ျပေနတယ္။ အက်င့္ယုတ္တဲ့ အရင္းရွင္ႏုိင္ငံေတြရဲ႕ ၀တ္စားဆင္ယင္မႈေတြကုိ ဆင္ျမန္းျပေနတယ္။ ေခါင္းေဆာင္ကေတာ္က အခုလုိ ၀တ္ျပလုိက္ေတာ့ သူမ ၀တ္စားထားတဲ့ ဖက္ရွင္ကုိ တုပၿပီး ခ်ဳပ္လုပ္ကာ ေရာင္းခ်ၾကတယ္။ အေနာက္တုိင္း၀တ္စုံေတြ ဖက္ရွင္စတုိင္လ္ေတြ ျဖစ္ေပမဲ့ ေရာင္းခ်၀ံ့သြားၾကတယ္။ ၀တ္စား၀ံ့သြားၾကတယ္။ ေျမာက္ကုိရီးယား အမ်ဳိးသမီးေတြအဖုိ႔ အေနာက္တုိင္းဖက္ရွင္ေတြကုိ ၾကည့္ဖို႔ အင္စတာဂရမ္ မရွိဘူး။ ဆုိရွယ္မီဒီယာ မရွိဘူး။ အေနာက္တုိင္းမွ ထုတ္ေ၀တဲ့ ဖက္ရွင္ မဂၢဇင္းေတြလည္း မရွိဘူး။ ဒီေတာ့ ရီကုိပဲ ၾကည့္ၿပီး အတုယူၾကရတယ္။ ၀တ္စားဆင္ယင္ၾကတယ္။
ေျမာက္ကုိရီးယား ၿမိဳ႕ေတာ္ ၿပဳံယမ္းမွာ မီနီစကပ္၀တ္တဲ့သူေတြ၊ အေရာင္းအေသြး စုိစုိစုံစုံျဖင့္ ဆင္ျမန္းသူေတြ၊ ေဒါက္ျမင့္ဖိနပ္စီးသူေတြ ခ်က္ခ်င္း ေပၚေပါက္သြားေစခဲ့တယ္။ ဒီလုိနဲ႔ ေျမာက္ကုိရီးယားမွာ ဖက္ရွင္ေရစီးေၾကာင္းငယ္တစ္ခု အသစ္ေပၚေပါက္သြားခဲ့ပါတယ္။

 

UNI

ရီစိုဂျူ ဖက်ရှင်
=======
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံးအမ်Kim Jong-un ရဲ့ ဇနီး ရီစိုဂျူ Ri Sol-ju ဟာ ခပ်လျှိုလျှို နေထိုင်တတ်သူ ဖြစ်ပါတယ်။ သူမဟာ ၁၉၈၉ ခုနှစ်မှာ အထက်တန်းလွှာ မိဘနှစ်ပါးမှ မွေးဖွားခဲ့သူ ဖြစ်ပြီး ကင်ဂျုံးအမ်နဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ လူအများရှေ့မှောက် ပထမဆုံးပွဲထွက်ခဲ့တာ ၂၀၁၂ ခုနှစ်မှာဖြစ်ပြီး ဂီတဖြေဖျော်ပွဲတစ်ခုမှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကင်ဂျုံးအမ်နဲ့အတူ ရံဖန်ရံခါမှာ ပွဲတက်တာတွေကို သတင်းတွေမှာ ဖော်ပြတာ တွေ့ကြရတဲ့အခါ သူမရဲ့ ဝတ်စားဆင်ယင်တဲ့ ဖက်ရှင်ကို ပြည်သူများအကြား ပြောကြဆိုကြ ဖြစ်ကြတယ်။
ရီကို မြင်ရတွေ့ရတာမှာ လန်းဆန်းနေတယ်။ တစ်ချိန်က အဆိုတော်ဖြစ်ခဲ့သူ ဖြစ်ခဲ့တာကြောင့်လည်း ပြည်သူတွေအကြား စိတ်ဝင်စားမှု ပိုစေခဲ့တယ်။
မြောက်ကိုရီးယားမှာ ယခင်ခေါင်းဆောင်တွေက ဇနီးသည်ကို ပွဲမထုတ်ခဲ့ဘူး။ ကင်ဂျုံးအမ်လက်ထက်ကျမှ ယခုလို ပွဲတက်စေခဲ့တာ ဖြစ်တာကလည်း အတူးအဆန်း ဖြစ်နေတယ်။
ကင်ဂျုံးအမ်နဲ့ အတူတွဲပြီး လိုက်ပါတဲ့အတွက် သတင်းတွေမှာ သူမဟာ ကင်ဂျုံးအမ်ရဲ့ အဆင်တန်ဆာတစ်ခု ဖြစ်နေတယ်။ သူမရဲ့ ဝတ်စားပုံ စတိုင်လ်ကလည်း သဘောကျစရာ ဖြစ်နေတယ်။
သူမက ဟမ်ဘုတ် (တောင်ကိုရီးယားမှာ Hanbok လို့ ခေါ်ပြီး မြောက်ကိုရီးယားမှာ Joseon-ot )လို့ ခေါ်တဲ့ ကိုရီးယားရိုးရာ အမျိုးသမီးဝတ်စုံ ဂါဝန်ပွပွရှည်ရှည်ကို မဝတ်ဘူး။ အနောက်တိုင်းမှ အမျိုးသမီးတို့ရဲ့ အဝတ်အစားတွေကို ဝတ်တယ်။ ရိုးရာအဝတ်အစားတွေက တစ်ရောင်တည်း ပါတယ်။ အရောင်နုနုလွင်လွင်ကို ရွေးချယ်တာများတယ်။
Rungna People’s Pleasure Ground ဖွင့်ပွဲကို တက်ရောက်တဲ့အခါ ရင်ဘတ်မှာ ထိုးထားတဲ့ ရင်ထိုးက နေရောင်မှာ ရောင်ပြန်ဟပ်နေတဲ့ ရင်ထိုးဖြစ်နေတယ်။ မြောက်ကိုရီးယားမှာ ထုံးတမ်းစဉ်လာအရ ကွယ်လွန်သူ ခေါင်းဆောင်ကြီး ကင်အီစွန်းရဲ့ ပုံ ရင်ထို်းဖြစ်ဖြစ်၊ သူ့ရဲ့အရိုက်အရာကို ဆက်ခံတဲ့ သူ့ရဲ့သား ကင်းဂျုံးအီရဲ့ပုံ ဖြစ်ဖြစ်ကိုသာ ရင်ထိုးအဖြစ် ထိုးပြီး ပွဲတက်ကြရပါတယ်။ အဲဒါကို သူမက စွန့်ပစ်ရဲခဲ့တာ ဖြစ်ပါတယ်။
သူမက ခါးသွယ်တာကို ပေါ်လွင်စေဖို့ နေဗီဘလူး အပေါ်အောက်ဝတ်စုံမှာ ခါးပတ်အလှဖြင့် ဖော်ပြခဲ့တယ်။ ပန်းပွင့်အလှတွေ ပါတဲ့ အပေါ်ကုတ်အင်္ကျီကို ဝတ်ဆင်တယ်။ အနီအဝိုင်းငယ်တွေ ပါတဲ့ အင်္ကျီ ဝတ်တယ်။ တစ်ခါတလေ နောက်ဆုံးပေါ် တောင်ကိုရီးယား ဇာတ်လမ်းတွဲထဲမှ မင်းသမီးရဲ့ ဇာတ်ဝင်ခန်းတွေမှာ ဝတ်တဲ့ ဝတ်စုံမျိုးကို ဝတ်တယ်။
စတိုင်လ်ကျကျ ဝတ်ဆင်ထားပြီး နုပျိုနေတဲ့ ရီဟာ ကလေးသုံးယောက်ရဲ့ မိခင်ဆိုတာ မြင်ရသူတို့ မေ့နေစေတယ်။ ဆံပင်ကို တစ်ဝက်တစ်ပျက်ပဲ ဖြီးတာကလည်း သူမရဲ့ စတိုင်လ် ဖြစ်ပါတယ်။ မိတ်ကပ်ကို သဘာဝအတိုင်း မြင်နေရအောင် လိမ်းတယ်။
၂၀၁၂ မှာ လူထုရှေ့မှောက်မှာ ရီ ပွဲတက်ခဲ့တာ ကြိမ်ရေ အတော်များတယ်။ မြောက်ကိုရီးယား အမျိုးသမီးတွေ မျက်စိပွင့်စ ပြုလာကြတယ်။ သူတို့အတွက် ဖက်ရှင်ဦးဆောင်သူတစ်ဦး ရနေတာလို့ မြင်မိကြတယ်။ ရီက အနောက်တိုင်းစတိုင်လ်ကို ဝတ်ပြနေတယ်။ အကျင့်ယုတ်တဲ့ အရင်းရှင်နိုင်ငံတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို ဆင်မြန်းပြနေတယ်။ ခေါင်းဆောင်ကတော်က အခုလို ဝတ်ပြလိုက်တော့ သူမ ဝတ်စားထားတဲ့ ဖက်ရှင်ကို တုပပြီး ချုပ်လုပ်ကာ ရောင်းချကြတယ်။ အနောက်တိုင်းဝတ်စုံတွေ ဖက်ရှင်စတိုင်လ်တွေ ဖြစ်ပေမဲ့ ရောင်းချဝံ့သွားကြတယ်။ ဝတ်စားဝံ့သွားကြတယ်။ မြောက်ကိုရီးယား အမျိုးသမီးတွေအဖို့ အနောက်တိုင်းဖက်ရှင်တွေကို ကြည့်ဖို့ အင်စတာဂရမ် မရှိဘူး။ ဆိုရှယ်မီဒီယာ မရှိဘူး။ အနောက်တိုင်းမှ ထုတေ်ဝတဲ့ ဖက်ရှင် မဂ္ဂဇင်းတွေလည်း မရှိဘူး။ ဒီတော့ ရီကိုပဲ ကြည့်ပြီး အတုယူကြရတယ်။ ဝတ်စားဆင်ယင်ကြတယ်။
မြောက်ကိုရီးယား မြို့တော် ပြုံယမ်းမှာ မီနီစကပ်ဝတ်တဲ့သူတွေ၊ အရောင်းအသွေး စိုစိုစုံစုံဖြင့် ဆင်မြန်းသူတွေ၊ ဒေါက်မြင့်ဖိနပ်စီးသူတွေ ချက်ချင်း ပေါ်ပေါက်သွားစေခဲ့တယ်။ ဒီလိုနဲ့ မြောက်ကိုရီးယားမှာ ဖက်ရှင်ရေစီးကြောင်းငယ်တစ်ခု အသစ်ပေါ်ပေါက်သွားခဲ့ပါတယ်။

Read 1014 times
Rate this item
(0 votes)